Professional Authors

နင်နဲ့ပက်သက်တဲ့ ငါ့မျှော်လင့်ချက် တစ်သက်စာ

ရွာထဲကိုတော့မဝင်ချင်ဘူး
ရွာအပြင်ကစောင့်ရတာကိုပဲ
ဝါသနာတစ်ခုလိုသဘောထားတယ်…၊
အရိပ်ကို လိုရင် နေပူကစောင့်ဆိုတဲ့
ဆိုရိုးလဲရှိခဲ့တာပဲလေ……။

တွေ့ဖူးထားတာတွေနဲ့တော့
တစ်ခြားစီပဲပေါ့…၊
အဲဒီလောက် တစ်မူထူးနေရင်
အလူးအလဲနဲ့ ရှုံးပွဲတွေကိုသာ
ပြန်ပေးလိမ့်မယ်ဆိုတာ
ငါကောင်းကောင်း ကြီးသိတာပေါ့….။

ဆွဲနွားမပါတဲ့ နွားလှည်း
မဆွဲပဲတော့ ဘယ်သွားပါ့မလဲကွာ…၊
မင်းတို့လေးတွေ ခရီးတွင်အောင်
ယူဆောင်ပါလို့ ဆိုလိုက်တာက
ငါ့ကို လှည်းကြိုးဆွဲခိုင်းတာပဲမဟုတ်လား….။

မသိချင်တော့တဲ့ အကြောင်း
မကြားချင်တော့တဲ့ အသံတွေအတွက်
အဆိပ်တက်အိပ်မက်တွေ
တစ်သီးကြီး မက်ပြီး
ထာဝရ အိမ်ယာပေါ်မှာ
တစ်သက်စာ အိပ်စက်ပါရစေလားကွယ်…။    ။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jul 18, 2011
Comment #1

ရွာထဲကိုတော့မဝင်ချင်ဘူး
ရွာအပြင်ကစောင့်ရတာကိုပဲ
ဝါသနာတစ်ခုလိုသဘောထားတယ်…၊
အရိပ်ကို လိုရင် နေပူကစောင့်ဆိုတဲ့
ဆိုရိုးလဲရှိခဲ့တာပဲလေ……။

commentinfo By: အသဲကွဲမိုး at Jul 18, 2011
Comment #2

အားပေးသွားတယ် သူငယ်ချင်းရေ….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011
Comment #3

အားလုံးကို ကျေးဇူးပါဗျာ…..။

Comment #4

massage ရရချင်း ဖတ်တာ (၁၀)ပုဒ်တိတိ ..
အဲထဲမှာ ဒီကဗျာလေးအကြိုက်ဆုံးပဲ…
မင်းကဗျာရေးတာ ပိုပိုပြီးတော်လာတရ်…
ကြိုးစားနော်… အမအားပေးနေတရ်…

commentinfo By: sandi at Jul 23, 2011
Comment #5

ဟုတ်…..။

Comment #6

@_@

commentinfo By: ei lay at Apr 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment