လေရိုင်း(သို့မဟုတ်) မုန်တိုင်း
လူသားတွေအတွက် မရှိမဖြစ်သောလေ
ကမ္ဘာလောကကို ပုံဖော်ပေးသူ…..
သူတို့တွေ လေကို ဘာကြောင့် ရိုင်းစိုင်းအောင်လုပ်ကြသနည်း….
ကမ္ဘာကြီးက ကျန်းမာရေးမကောင်းတော့ဘူး…
အရင်ရာစုထက် တိုးတက်လာတဲ့ ခုခေတ်ကြီးမှာ…..
ရာသီဥတုတွေ ဘာကြောင့် ဆိုးရွားလာရတာလဲ….
တိုးတက်မှုလား ဆုတ်ယုတ်မှုအတွက် ဆုလာဘ်လား…
အရင်ဆုံးတော့ လေပြည်လေးကိုထိခိုက်လာတယ်…
ကမ္ဘာလောကကြီးရဲ့ အလှတွေမှာ….
လေပြည်တွေဟာ စိတ်ကြမ်းဝင်လာ….
ရက်ရက်စက်စက်တိုက်ချေဖျက်ခဲ့….
ကမ္ဘာကြီးရဲ့ လိုအပ်မှုကို သူပြခဲ့ပြီ…
သြော်……..     ဒါထက်….
လူသားတွေရဲ့ စိတ္တဇမုန်တိုင်း…
လောဘ…  ဒေါသ… မောဟတွေနဲ့….
အာဏာမုန်တိုင်းတိုက်ခိုက်မှုတွေဟာ…
တို့တွေအပေါ် စိုးမိုးနေတာ 
တစတစ ပြင်းထန်ခဲ့ပေါ့…
နောက်ဆုံးပေါ်ကားတွေ ငါဦးဆုံးစီးခြင်တယ်…..
သည်လေယာဉ်ဟာ ငါ့အတွက် စမ်းသပ်ဆဲပေါ့…
လကမ္ဘာပေါ်မှာ မြေကွက်ကြီးကြီးဝယ်….
ဥယျာဉ်ပျိုးမယ်…
ဒီဌာနေဟာ ငါ့အတွက်ပဲပေါ့..
ဆိုဆန္ဒများစွာ… အချင်းချင်းစားခွက်လုကြ..
လုကြ နှပ်ကြ ချောက်ထိုးကြရာဝယ်..
အိုလောကဟာ သည်းခြေပျက်ပေါ့…
ဒါတွေကိုများ… ဘယ်သူတွေများ….. 
ထူးထူးခြားခြား.. ခုချိန်မှာ ထောက်ပြနေလဲ
လက်တွေ့မှယုံတယ်ဆိုတဲ့ သိပ္ပံကလဲ… 
ဒါတွေကို ရှာမတွေ့ခဲ့ဘူး…
ဒဿနိက လူတွေကလဲ… သူတို့ကိုယ်တိုင်မလွတ်နိုင်တော့..
ခုခေတ်ကြီးမှာ အမှန်တရားဆိုတာ…
ကိုယ့်မျက်ချေးနဲ့ ကိုယ်ဖုန်းနေခဲ့…
သူတရားလား … ငါမှန်လား…
ရုပ်ဝတ္တုတွေတိုးတက်မှုမှာ စိတ်ဓါတ်တွေဟာ နောက်ကောက်ကျခဲ.
အား…………………….
လောကစိတ္တဇ မုန်တိုင်းပါလား……။

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
ခုခေတ်ကြီးမှာ အမှန်တရားဆိုတာ…
ကိုယ့်မျက်ချေးနဲ့ ကိုယ်ဖုန်းနေခဲ့…
သူတရားလား … ငါမှန်လား…
ရုပ်ဝတ္တုတွေတိုးတက်မှုမှာ စိတ်ဓါတ်တွေဟာ နောက်ကောက်ကျခဲ.
အား…………………….
လောကစိတ္တဇ မုန်တိုင်းပါလား……။