Professional Authors

ပိုက်ဆံမရှိတဲ.နေ.

……………………………
     ……………………………
     ………………..။     ။
     ……………………………
     ……………………………
     ………………….။     ။
     …………………………..
     …………………………..
     …. အိပ်နေတယ် ။     ။

                                  ငှက်ကလေး(gtc)

In: ကဗျာ Posted By: Date: Jan 25, 2011
Comment #1

အဲ..ရှင်းရော..ဟုတ်သားပဲနော်

commentinfo By: ဇလပ်ဖြူ at Jan 25, 2011
Comment #2

အရမ်းမိုက်တယ်

commentinfo By: ဆူး at Jan 25, 2011
Comment #3

ကဗျာဆန်ကြပါပေတယ်
ဇလပ်ဖြူ ကတော.ပန်းအဖြူရောင်လေးဆိုတော.
ရှင်းနေတာကိုမြင်သွားတယ်။
ဆူး ကတော.
သတ္တိရှိသူပီပီ
မိုက်တာကိုမြင်သွားတယ်
ကျွန်တော်ထင်တယ်
ကဗျာသမားတွေဆိုတာ………..
အဲလိုအမြင်တွေအမျိုးမျိုးပေါက်တတ်ကြတယ်……….။

commentinfo By: little bird at Jan 25, 2011
Comment #4

တရေးနိုးသော် အကြံပေါ် ပေါ်သည့်အကြံ ပြန်အိပ်ရန်………….

commentinfo By: တိမ်အို at Jan 25, 2011
Comment #5

သဘောကျတယ် 🙂

commentinfo By: သြရသ at Jan 25, 2011
Comment #6

အိပ်ပင်အိပ်ညား ကြမ်းပိုးကိုက်ထား….
လက်က မ’ယား’ …. ကိုယ်က ယား…
အူယားဖားရား…. ဗျာကများ….
ဒီကကြားထဲ ဟိုကလာသေးတယ်…
ဘာတဲ့…. မီးကင်းကြေးတဲ့။

commentinfo By: လေရိုင်း at Jan 25, 2011
Comment #7

ဟင် …………အတော်နောက်ကြတာပဲ။

commentinfo By: dan at Jan 25, 2011
Comment #8

အင်း…………
၁၉၉၀ နောက် ပိုင်းထဲ က ဒီလိုကဗျာ မျိုးကို ပြန်မြင်ရတာ ဒါပထမဆုံးဘဲ..
ကောင်းပါတယ်လေ………………….

commentinfo By: kyagee13 at Jan 25, 2011
Comment #9

ရသ မဲ့ နေသလို ဘဲ
(၂) ခါမြောက် တောင် လာဖတ်နေရတယ်
မလုပ်ပါနဲ့ကွာ
အဲ့ ပုံစံ မျိုးတွေ တချိန် က စာ နယ်ဇင်း မှာ အတော် ဂယက်ထသွား ဖူး တယ်
စာမပါဘဲ စာဖတ်သူကိုချ ပြ ချင်ရင်ကဗျာ ဆိုတာ ကို နာမည် မတတ်ပါ နဲ့ ညီရယ်…
ဖလော် စာ လုပ်လိုက် ပါ
ဒီစာ ဆိုအက်ဆေးလ် တောင် ခေါ်လို့မရနိုင် ဘူး
စေတနာပါ…………
မကောင်းဘူး လေ
ကဗျာ လို့ နာမည် တတ်ထား တာကို………………………..

commentinfo By: kyagee13 at Jan 25, 2011
Comment #10

ကိုဇာတိပြောသလိုပ၊ဲ…ပိုက်ဆံ..ပြယုဂ်တစ်ခုပဲ ဘာမှ အရေးမကြီးဘူး
ပိုက်ဆံကိုရှေ့တန်းတင်
ပိုက်ဆံကို အရာသွင်းတဲ့သူတွေ…….တော်တော် စိတ်ပျက်ဖို့ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #11

kyagee ရေ ခင်ဗျားပြောတာဟုတ်မဟုတ်တော.ကျွန်တော်မသိပါဘူးဗျာ။ဒါပေမယ်. ကျွန်တော်ဖတ်ဘူးတဲ.ကဗျာတစ်ပုဒ်ရှိတယ်ဗျ။ အဲဒီကဗျာက ” မြင်းဒုန်းဆိုင်းသူများ ” ဆိုတဲ. ဆရာသစ္စာနီ၇ဲ.စာအုပ်ထဲမှာပါ ဆရာသစ္စာနီကပဲ ဖန်တီးထားတာပါ ကဗျာနာမည်ကတော. “လှန်ကြည်.ပါ” တဲ.ဗျာ။ အဲဒီကဗျာကို ခင်ဗျားဖတ်မိခဲ.မယ်ဆိုရင် ကျွန်တော်.ကိုခင်ဗျားဒီလိုပြောဘို.တော်တော်လေးကိုအားနာသွားလိမ်.မယ်…..။အဲဒီလှန်ကြည်.ပါဆိုတဲ.ကဗျာမှာ ဘာစာလုံးမှမပါပါဘူး။။။စာရွက်ပေါ်မှာနောက်စာရွက်တစ်ရွက်၇ဲ. အနားတစ်ဖက်ကိုကော်နဲ.ကပ်ပေးထားတာပါ။
ခင်ဗျားရှာဖွေကြည်.လိုက်ပါအုံး။ ကျေးဇူးတင်ပါတယ်။။

ငှက်ကလေး(gtc)

commentinfo By: little bird at Jan 27, 2011
Comment #12

ဇာတိဖျာပုံ နဲ. အသည်းကွဲမိုး ဆိုတဲ.နောင်တော်တို.ရေ ကျွန်တော်ရေးလိုက်တာက လောကကြီးကိုသရော်လိုက်တဲ. ကဗျာပါ …..။ ပိုက်ဆံဆိုတာကိုအရာမသွင်းလို.တော.ရတယ် ဒါပေမယ်.ဒိကစ္စက တော်တော်စဉ်းစားစရာပါ ခုပြောတဲ.ခင်ဗျားတို.လည်း မလုပ်နိုင်တာသေချာတယ် အနည်းနဲ.အများတော.လိုအပ်ကြတဲ.သူကြည်.ပါ။ ကျွန်တော်တို. ကဗျာသမားချင်းက ပိုပြီးနားလည်မယ်ထင်တာပါ ခုတော.နည်းနည်းလွဲနေကြပါတယ် စိတ်မကောင်းပါ ။။။ကျွန်တော်တို. ပိုက်ဆံ မရှိရင်.နံနက်စာတောင်စားဘို.မလွယ်ပါဘူး။ ခုပြောနေတာတွေက ပိုကိဆံကိုအရာသွင်း တပ်မက်နေတာမဟုတ်ဘူးနော် သူ.၇ဲ.တန်ဘိုးကိုပြောနေတာပါ။ နောက်ပြီး ကျွန်တော်ခုရေးလိုက်တဲ.ကဗျာက ပိုက်ဆံမရှိရင်ဘာမှလုပ်လို.မရဘူးလို.ပြောတတ်တဲ.လူတွေကို သရော်လိုက်တာပါ။
ကဗျာကိုဝေဖန်ရင် ကဗျာဆရာကိုပါဝေဖန်ပြီးသားဖြစ်ပါတယ်…
ကဗျာဆရာကိုဝေဖန်ရင်တော. ကဗျာနဲ.တခြားစီပါ…။
ဥပမာ ကဗျာဆရာက မိန်းမ ၃ ယောက်ယူထားတယ် ဒါပေမယ်. သူအောင်မြင်နေတဲ. ကဗျာတွေက သစ္စာ အကြောင်းေ၇းထားတဲ. ကဗျာတွေ အဲလိုပါပဲ။ အဲဒါကိုလည်းခွဲခြားပြီး ကွန်မန်.လေးတွေပေးစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။။။။။
ငှက်ကလေး(gtc)

commentinfo By: little bird at Jan 27, 2011
Comment #13

ကျေးဇူးတင်ပါတယ်……..။

commentinfo By: little bird at Jan 27, 2011
Comment #14

မိုး ကဗျာကိုလှောင်တာမဟုတ်ပါဘူး…
ကဗျာဆရာကိုလည်းမသိပါဘူး…

ကိုယ်ကိုယ်တိုင်ကလည်း သိပ်တော်နေတဲ့ကဗျာဆရာ တယောက်မဟုတ်ပါဘူး
ပိုက်ဆံ မရှိတဲ့ ဘ၀ ဆိုတာ နေရခက်ပါတယ် ဒါအမှန်ဆိုတာလည်းသိပါတယ်

ဒါပေမယ့် မရှိမဖြစ် တဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး……
little bird ရဲ့ ကဗျာနဲ့ပတ်သက်ပြီးတော့လည်း ဘာမှ ကိုပြောမထားခဲ့ပါဘူး….
ပိုက်ဆံအကြောင်း ကြုံတုန်းကြုံခိုက် ၀င်ပြောသွားတာပါ

မိုးပြောတဲ့ comment က ရှင့်ကို ထိခိုက်မိသွားတယ်ဆိုရင်တော့…နောက် …comment မပေးတော့ပါဘူး

commentinfo By: အသဲကွဲမိုး at Jan 27, 2011
Comment #15

ဒီလိုပါပဲ……………..
လွပ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့် ရှိကြပါတယ်။
ပိုက်ဆံမရှိတဲ့ နေ့ ………….
အိပ်နေလို့ မရတဲ့ ဗာဟီရခံစားချက်တွေရှိနေနိုင်သလို
စိတ်ဓါတ်ကျပြှီးအိပ်နေနိုင်တာပဲ။
ကဗျာရဲ့ အဓိပ္ပါယ်ဟာကဗျာဖတ်သူရဲ့ အတွေ့ အကြုံနဲ့ လည်ဆိုလိမ့် မယ်လို့ ကျနော်တော့ ယူဆတယ်။ကျေးဇူးတင်ပါတယ်။

မင်းလူန

commentinfo By: kathitni1980 at Jan 27, 2011
Comment #16

ကဗျာဖတ်သူရဲ့ အတွေ့ အကြုံနဲ့ လည်းဆိုင်လိမ့် မယ်ပေါ့ ။

commentinfo By: kathitni1980 at Jan 27, 2011
Comment #17

ညီလေး မင်းကဗျာ ကို တစ်ကယ် မြတ်နိုးလား…
မင်းလေ့လာပါ ဦး ညီရာ
မင်း သူများ ချေးစားတိုင်း စားမလား…
မင်း တင်တဲ့ ဆရာ သစ္စာနီ ကဗျာ ဆိုတဲ့ ဟာ အပေါ်
စာနယ်ဇင်းရဲ့ သဘော ထား ကိုကော မင်း သိ ပြီး ပြီ လား…
ကဗျာ တစ်ပုဒ် ရဲ့ တင် ပြ ချက်……
လိုရင်း ချပြမှု့ နဲ့ စည်းကမ်းကို လေ့လာစေချင်ပါ တယ်
နောက် ကာရန် နဘေ ရတု ရသ လကာင်္ စသဖြင့်ပေါ့
ဆရာ သစ္စာ နီ ကိုမင်း ကဗျာ အတွက်မတိုင် တည်ပါနဲ့
မင်း လာနိုင်ပါ တယ် အား ရင်ပေါ့ (၃၃) လမ်း ထိပ် က လေထန်ကုန်း ကို
ငါတို့ ညနေ ၅း၀၀ ကျော်ရင် ရှိ စမြဲ ပါ
ပြောပြ ချင်တယ် တစ် ခုခု ပေါ့…

ကကြီး။

commentinfo By: kyagee13 at Jan 27, 2011
Comment #18

သူ များ လုပ်တိုင်း လိုက် လုပ်ရင် ပင်ကိုယ် ဟန် ဆိုတာ ဘယ်မှာရှာ မလဲ…………
သူ များ ကိုညီက အတု ခိုး တတ်တာ လား
ဒါ ဆိုလဲ အကိုတောင်း ပန်ပါ တယ်အကို စာ အတွက်…
ဆောတီး နော်…။

ကကြီး ၁၃။

commentinfo By: kyagee13 at Jan 27, 2011
Comment #19

ကဗျာပဲ…ရေးရေး
ဘာပဲ ရေးရေး …..ပြောချင်တဲ့ အသိပေးချင်တဲ့ message တစ်ခုတော့ အနည်းဆုံး ရှိရတယ်…။
သစ္စာနီ ရေးတဲ့ ကဗျာကို ညီက ချပြတယ်….။
စာဖတ်သူက လက်ခံတယ်
ဘာလို့ လည်းဆို သစ္စာနီ ဘယ်လို လူမျိုးဆိုတာ သူရေးတဲ့စာတွေနဲ့ ရင်းနှီးပြီးသားဖြစ်လို့ 
သူ့ ရင်ထဲ ၀င်ကြည့်လို့ ရတယ်…..။
သူ့ သမိုင်း ရှိပြီးသား………………………။
ဥပမာကွာ….။
ဘုရားလောင်း သားမယားပစ်ပြီး တောထွက်တာ မင်းလက်ခံလိမ့်မယ်…..။
မင်းအဖေ မင်းကို မွေးပြီး ပစ်သွားရင် တာဝန်မကျေတဲ့  လူလို့  ပြောမှာပေါ့…..။
မနှိုင်းပါနဲ့ ညီ….။
နံ့ သာဆီနဲ့  အီးလို အဝေးကြီးပါ…..။
သမိုင်းကောင်းအောင် ကြိုးစားပါဦး….။
တိုင်ပေါ် ရောက်ရင် လေချွန်ပြရင်တောင် လက်ခုပ်တီးမယ့်သူတွေ ရှိတယ်….။

commentinfo By: ကိုကိုသုစံ at Jan 27, 2011
Comment #20

ဟား မှန် လိုက် လေ……….
အနီး စပ် ဆုံး ပြောပြ ချက်ဘဲ ……
ကဲ ကိုကို ငှက်ကလေးရေ….
အပေါ် က ဆရာ့ ဆရာ စာ သာ ဖတ် တော့ ……..
ကိုကို သုစံ ရေ ….ကျေးဇူးပါ…….

ဥပမာကွာ….။
ဘုရားလောင်း သားမယားပစ်ပြီး တောထွက်တာ မင်းလက်ခံလိမ့်မယ်…..။
မင်းအဖေ မင်းကို မွေးပြီး ပစ်သွားရင် တာဝန်မကျေတဲ့  လူလို့  ပြောမှာပေါ့…..။

ကောင်းလိုက် တဲ့ ပုံပြလေကွာ……………………

commentinfo By: kyagee13 at Jan 27, 2011
Comment #21

ကိုerror ရေ ပြောမနေပါနဲ.တော.ဗျာ…………..
ဒီပုဂ္ဂိုလ်မဟာကဗျာလောကသားကြီးတွေကို……………
စားရေးဆရာကြီးတစ်ယောက်က စာရေးဆရာပေါက်စတစ်ယောက်ကိုဒီလိုပြောသတဲ.
” ဒီကောင်ကသွားနုပေါက်ခါစခွေးနဲ.တူတယ်လို.”
ဟုတ်တယ်လေကွာ ခွေးပေါက်စလေးတွေက တွေ.သမျှ အကုန်ကိုက်တတ်ကြတာလေဗျာ…။
အကောင်းအဆိုးနားမလည်ပါဘူး တွေ.သမျှကိုက်တော.တာပါပဲ…။
လွတ်သာထားလိုက် ကြီးမှပဲလက်ပေးသင်တော.မယ်….။

commentinfo By: little bird at Jan 28, 2011
Comment #22

ကွန်မန်.ပေးသူအားလုံး ကိုထင်ရာကိုပြောနိုင်ပါတယ်….. ဒါပေမယ်.ဗျာ ညစ်ညမ်းစကားလုံးတွေပြောရင်တော.ရှက်ဖွယ်ပါ…ကဗျာတစ်ပုဒ်အတွက် ကြိုက်သလိုခံစားလိုက်ကြစမ်းပါ..
ရဲရဲတောက်ကဗျာယုံကြည်ချက်တွေနဲ.ပေါ.ဗျာ ….သင်တို.ရဲ.ယုံကြည်ချက်က သင်တို.ရဲ. ကဗျာတွေပါပဲ….
သင်ကကဗျာလို.မယူဆရင် အစကတည်းကမဖတ်ပဲကျော်လိုက်ပေါ.။ ပြောနေရင်းက သတိရတာလေးရှိလို.ပြောရအုံးမယ်တော်ရေ…..”ဆရာမြသန်းတင်.” ကဒီလိုဆိုဘူးပါတယ်…..
ဆရာ.စကားတွေကိုသေချာတော.မမှတ်မိတော.ပါ မှတ်မိသမျှပေါ.
” မိခင်တစ်ယောက်ကသားတစ်ယောက်ကိုချော.သိပ်နေချိန်မှာ သားရဲ.မျက်နှာဟာ မိခင်အတွက်ကဗျာပါတဲ.။
နွားကျောင်းသားတစ်ယောက်က နွားကျောင်းရင်းကောင်းကင်မှာသတ်တန်.ကိုကြည်.ပြီး ကြည်နူးနေရင် လည်း အဲဒါကဗျာပါပဲတဲ…..”..ဒီတော. ကျွန်တော်ကဗျာဟုတ်မဟုတ်သတ်မှတ်တတ်တဲ. ကဗျာဆရာမဖြစ်ချင်ဘူး
ခင်ဗျားတို.လည်းယုံကြည်တဲ.အတိုင်းဖောက်ထုတ်လိုက်ကြ ကျွန်တော်ကျေနပ်တယ်…..ဒါပေမယ်. ကဗျာလောကသားပီပီ ပြောကြကုန် ဆိုကြကုန် အငြင်းပွားကြကုန် ကျေနပ်စွာအားပေးပါ၏…။

commentinfo By: little bird at Jan 29, 2011
Comment #23

တစ်ကယ့်ကို အရုပ်ဆိုးအကျဉ်းတန်တဲ့ ဖြစ်ရပ်ပါပဲ။

ကိုယ်နဲ့ဘာမှမဆိုင်ပဲ ၀င်ဆဲတဲ့သူကဆဲ
မီးလောင်ရာ လေပင့်တဲ့သူကပင့်
အပြုသဘောပြောသလိုလိုနဲ့ အပျက်သဘောဆောင်တဲ့သူတွေကဆောင်

အများကြီး မရှင်းချင်ပါဘူး။ ရှင်းစရာလဲ လိုတယ်လို့ မထင်ဘူး။ အများသွားလာနေတဲ့လမ်းတစ်ခုမှာ ကိုယ့်စိတ်နဲ့ အခန့်မသင့်ဘူးထင်ရင် ကျော်သွားလိုက်ပါ။ သူ့ဘာသာရပ်တည်နေတဲ့အရာတစ်ခုကို တကူးတက သွားပြီး နေရာဖယ်ခိုင်းစရာမလိုပါဘူး။

ဝင်ဆဲတဲ့သူတွေ အကုန်လုံးကို ဘန်းလိုက်ပါတယ်။ ဒီလိုလူမျိုးတွေက နေရာတကာမှာရှိနေတတ်တာ အံ့သြစရာ မဟုတ်ပါဘူး။ အခုဘန်းလည်း နောက်အမျိုးမျိုးပြောင်းပြီး ရတဲ့နည်းနဲ့ အခိုက်သင့်တဲ့အချိန် ၀င်လာကြဦးမှာပါပဲ။ လာပါ .. ကျွန်တော့်တို့အတွက် အားလုံးက one click ပါပဲ။ ဘာမှ အပန်းမကြီးပါဘူး။

မီးလောင်ရာ လေပင့်တဲ့သူတွေထဲမှာ ကတိမတည်တဲ့ သူတွေကိုလည်း တွေ့ရတယ်။ ထိုသူတွေအတွက် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ခဲ့ပေးပေမဲ့ အခု စောင့်နေတဲ့ အချိန်က ကုန်သွားပါပြီ။ နောက်ရက်မှာ Login လုပ်လို့မရခဲ့ရင်၊ ဒါမှမဟုတ် ကိုယ်တင်ထားတဲ့ content တွေ တစ်ခုမှ မတွေ့ရတော့ဘူးဆိုရင် ဘာမှတွေးမနေပါနဲ့။ ဘယ်သူမပြု မိမိမှုလို့သာ ယုံကြည်လိုက်ပါ။ ကိုယ်ရေးထားတဲ့ content တွေ ကိုယ့်စက်ထဲမှာမရှိလို့ ပြန်လည်သိမ်းဆည်းထားလိုလျှင် မနက်ဖြန်နေ့လည် maintenance လုပ်တဲ့အချိန်အထိ တစ်ရက်တိတိ အချိန်မှီပါသေးတယ်။ နာမည်အမျိုးမျိုး ကလောင်ခွဲအမျိုးမျိုးနဲ့ ပြန်လာကြမယ်ဆိုရင်လည်း ကျွန်တော်တို့ ပြောပြီသားပါ … နည်းပညာခေတ်ကြီးထဲမှာ အားလုံးက one click ပါပဲ။ ဘာမှ အပန်းမကြီးပါဘူးလို့။

ကျွန်တော်တို့ ဘန်းလိုက်တဲ့အထဲမှာ ကိုယ်နဲ့ခင်မင်ကျွမ်းဝင်တဲ့ အသိ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ စာရေးဖေါ် ပါသွားခဲ့လို့ ကိုယ်လည်း ဒီနေရာမှာ မပျော်တော့ဘူး၊ အကောင့်ဖျက်ချင်တယ်၊ တင်ထားတဲ့ စာတွေအားလုံး ဖျက်ချင်တယ်ဆိုရင် အချိန်မရွေး [email protected] ကို စာပို့နိုင်ပါတယ်။ ဖြစ်စေချင်တဲ့ ဆန္ဒကို ကျွန်တော်တို့ဘက်က လိုက်ရောပေးဖို့ အဆင်သင့်ပါပဲ။

ကျွန်တော်တို့လက်ခံမပေးနိုင်တဲ့ content အမျိုးအစားတွေကို posting guidelines မှာ ရှင်းရှင်းလင်းလင်းရေးပြီးသားပါ။ ဘာလို့ ဘန်းခံရတာလဲလို့ သိချင်သူများ၊ မဖတ်ရသေးသူများ၊ မသိလိုက်သူများ၊ မသိသေးသူများ .. အောက်ပါလင့်မှာ သွားဖတ်နိုင်ပါတယ်။

https://www.poemscorner.com/posting-guidelines

commentinfo By: admin at Feb 2, 2011
Comment #24

အင်း…..ကောင်းတယ်
ပြတ်သားဖို့ တော့လိုနေပြီ
မန့် တွေထဲမှာ ဆဲဆိုတာတွေတွေ့ ရတယ်…..
ရင့်သီးတဲ့အသုံးအနှုန်းတွေတွေ့ ရတယ်……
မကြာခဏဆိုသလိုတွေ့ ရတယ်……
ကဗျာရေးတဲ့သူက ရေးပြီးရင် မိမိတာဝန်ပြီးပြီ
မိမိဖန်တီးခဲ့တဲ့ အနုပညာပစ္စည်း(၀ါ)ကဗျာတစ်ပုဒ်နဲ့ ပတ်သက်ပြီးဖြစ်လာတဲ့ဝေဖန်မှုအစုစုကိုလက်ခံနိုင်ရမယ်
ကိုယ်ကရေးပြီးသွားပြီ ကျန်တာကိုဖတ်တဲ့သူကဆုံးဖြတ်လိမ့် မယ်
ကောင်းတယ်….မကောင်းဘူး….ကြိုက်တယ်…..မကြိုက်ဘူး
ဘာပဲဖြစ်ဖြစ်ရေးတဲ့သူကပြန်မပြောသင့်ဘူး
admin ဆုံးဖြတ်ချက်မှန်ပါတယ်ဗျာ…………..တကယ်လို့ များကျွန်တော်မိုးထက်အောင်ကဗျာတွေ၊မန့် တွေမှာ
ရိုင်းစိုင်းတဲ့အသုံးအနှုန်းများပါခဲ့ရင်လည်း(ဘန်း)ပစ်လိုက်ပါ၊တခြားသူတွေဆိုလည်း(ဘန်း)သာပစ်လိုက်ပါ၊
အားနာနေရင် ကျွန်တော်တို့မြတ်နိုးတဲ့ ဒီဆိုဒ်လေးအကျည်းတန်နေလိမ့် မယ်….ငြင်းတယ်၊ခုန်တယ်၊
ကဗျာရေးတာ…ဆရာအခေါ်ခံချင်လို့ ရေးနေသလိုပဲ တွေ့ နေရတယ်။ကျွန်တော်ပြောတာအမှားပါရင်ခွင့်လွှတ်ပါ
ဒီဆိုဒ်လေးကိုအကျည်းမတန်စေချင်တဲ့စေတနာပါ….၊ပိုရမ်ကော်နာကလူတွေ ချစ်ချစ်ခင်ခင်ဖြစ်နေတာပဲတွေ့ ချင်မြင်ချင်ပါတယ်….။ပျော်ရွှင်နေကြတာပဲမြင်ချင်တဲ့စေတနာပါ…..

သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ

commentinfo By: moehtetaung18 at Feb 2, 2011
Comment #25

ကြောက်လာပြီ..ဗျာ.. ဘာမှမပေးတော့ဘူးနော် ပြန်ပြီ..။

commentinfo By: နိုးဆက် နေ့ at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment