Professional Authors

အလင်းသစ်

ခွေးဟောင်လို့ တောင်မရွေ့တဲ့
တောင်ကြီးရွေ့သွားအောင်
ဟောင်နေတာမှမဟုတ်တာ
တောင်တစ်ခုလုံးကွဲကြေသွားဖို့ ဟစ်ကြွေးနေခဲ့တာ……
ခွေးလှေးခုန်လို့ ဖုန်မထဘူးဆိုပဲ
ဖုန်ထရုံအတွက် ခုန်နေတာမဟုတ်ဘူး
မုန်တိုင်းကြီးတစ်ခုဖန်တီးဖို့ ကြိုးစားနေတာပါ….
ရည်မှန်းချက်တွေဖြစ်မလာသေးခင်
အထင်သေးတဲ့စကားလုံးတွေနဲ့ လာမတိုက်ခိုက်နဲ့
ငါ့ရည်ရွယ်ချက်တွေက
မင်းတို့ထင်ထားတာထက်ပိုကြီးမြတ်တယ်…..
ပုစွန်စိတ်လိုအကောင်ငယ်ပေမယ့်
ပင်လယ်ဖြတ်ကူးနိုင်တဲ့တနေ့မှာ
အားလုံးကိုအံ့အားသင့်သွားစေရမယ်……….

In: ကဗျာ Posted By: Date: Jan 25, 2011
Comment #1

ကောင်းတယ်ဗျာ… အားပေးတယ်

commentinfo By: genius.jinx28 at Jan 25, 2011
Comment #2

ကိုလွမ်းနောင် ခင်ဗျားကဗျာ အတွက် ဂုဏ်ယူပါတယ်။
ခါချဉ်ကောင် နဲ.ခင်ဗျား သူငယ်ချင်းတွေထင်တယ်ဗျ။

commentinfo By: little bird at Jan 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment