Professional Authors

ရိက္ခာလက်ကျန်များ

ခရီးတစ်ခု . . .
ပန်းတိုင်မသေချာပေမယ့်
အဆုံးသတ် သေချာရှိတဲ့
ခရီးတစ်ခု . . .
အများသူငါလိုပဲ
ငါဖြတ်သန်းခဲ့
ဖြတ်သန်းဆဲပေါ့ . . .
ခရီးအစက ယူလာတဲ့
ရိုးသားမှု ၊ ကုသိုလ် နဲ့ ရည်မှန်းချက်တွေ
(အခု) နေထန်းတဖျားအရောက်
ခရီးပန်းလွန်းလို့ထင်ရဲ့
တစစီတစစီ ထားခဲ့ရတာလေ . . .
မယူချင်ဘဲရခဲ့တဲ့
လောဘ ၊ နောင်တနဲ့
အကုသိုလ် တနင့်တပိုးကို
ငါ့ကျောမှာ ပိုး . . .
အမှောင်ထဲ တိုးရင်း . .
သိက္ခာတရား ခပ်ပါးပါးနဲ့
စမ်းတ၀ါးဝါး လျှောက်နေဆဲ . . .

In: ကဗျာ Posted By: Date: Feb 14, 2011
Comment #1

ခရီးတစ်ခု . . .
ပန်းတိုင်မသေချာပေမယ့်
အဆုံးသတ် သေချာရှိတဲ့
ခရီးတစ်ခု . . .
အများသူငါလိုပဲ
ငါဖြတ်သန်းခဲ့
ဖြတ်သန်းဆဲပေါ့ . . .
ခရီးအစက ယူလာတဲ့
ရိုးသားမှု ၊ ကုသိုလ် နဲ့ ရည်မှန်းချက်တွေ
(အခု) နေထန်းတဖျားအရောက်
ခရီးပန်းလွန်းလို့ထင်ရဲ့
တစစီတစစီ ထားခဲ့ရတာလေ . . .
မယူချင်ဘဲရခဲ့တဲ့
လောဘ ၊ နောင်တနဲ့
အကုသိုလ် တနင့်တပိုးကို
ငါ့ကျောမှာ ပိုး . . .
အမှောင်ထဲ တိုးရင်း . .
သိက္ခာတရား ခပ်ပါးပါးနဲ့
စမ်းတ၀ါးဝါး လျှောက်နေဆဲ . . .

တစ်ပုဒ်လုံးကြိုက်တယ်..

commentinfo By: ရွှေငါး at Feb 15, 2011
Comment #2

မယူချင်ဘဲရခဲ့တဲ့
လောဘ ၊ နောင်တနဲ့
အကုသိုလ် တနင့်တပိုးကို
ငါ့ကျောမှာ ပိုး . . .
အမှောင်ထဲ တိုးရင်း . .
သိက္ခာတရား ခပ်ပါးပါးနဲ့
စမ်းတ၀ါးဝါး လျှောက်နေဆဲ . . .

မိုက်တယ် မိုက်တယ်

commentinfo By: nanpyisoke at Feb 15, 2011
Comment #3

မိုက်တယ် bro ခေါင်းစဉ်ကအစ ခိုက်တယ်

commentinfo By: phyowai at Feb 15, 2011
Comment #4

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
ပျော်ရွှင်ကြပါစေ 🙂

commentinfo By: mgchannaye at Mar 8, 2011
Comment #5

Me too

commentinfo By: ei lay at Dec 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment