Professional Authors

အသုံးချခံသက်သက်

ဘ၀နဲ့ရင်းကာ ချစ်ခဲ့တာတွေ….
လေပြင်းနဲ့အတူ..လွင့်ပါးပျောက်ကွယ်ခဲ့တာ…။

မျှော်လင့်ချက်တွေပေးပြီးမှ ရုပ်သေးရုပ်လို..
မင်းအတွက် ကပြအသုံးတော်ခံ သက်သက်ဆိုတာ..
ငါ့မျက်ရည်တွေင်္ရင်းပြီးမှ…သိလိုက်ရတယ်….။
 
ရင်ထဲမှာတစစ်စစ်နဲ့  စူးရှတဲ့ဒဏ်ရာတွေကို…
ဖြေဖျောက်ဖို့အတွက် သက်သက်နဲ့…
ညနေစောင်းရဲ့  ထွက်သက်တွေအောက်မှာ…
ပုလင်းကိုင်….ခေါင်းငိုက်စိုက်ကျနေလေရဲ့ …။

ငါ့အပေါ်သစ္စာမထားနိုင်ပဲ…
မေတ္တာတွေများနေတဲ့ မင်းအတွက်…
အချစ်ပာာ အသွားအပြန်ဆိုတာ မစမ်းတော့ဘူးလား…။

ပာိုတစ်ချိန်က ငါ့ကောင်းကင်ကို အလံလွှင့်ထူပြီးခဲ့မှ…..
အခုတော့ ငါကိုယ့်ငါ ဗီလိန်တစ်ယောက်လို…
ဖန်တီးနေခဲ့မှန်း ငါသိရတယ်………..။

နင့်ရင်ထဲကို ဘာသာမပြန်တတ်တဲ့..
ငါ့အတွက်…မာနတွေအောက်မှာ..
ဒူးထောက်ထားရတာကိုတော့ မျက်ကွယ်ပြုလိုက်ပါတော့….။

In: ကဗျာ Posted By: Date: Jan 23, 2011
Comment #1

ရင်ထဲမှာတစစ်စစ်နဲ့  စူးရှတဲ့ဒဏ်ရာတွေကို…
ဖြေဖျောက်ဖို့အတွက် သက်သက်နဲ့…
ညနေစောင်းရဲ့  ထွက်သက်တွေအောက်မှာ…
ပုလင်းကိုင်….ခေါင်းငိုက်စိုက်ကျနေလေရဲ့ …။
နင့်ရင်ထဲကို ဘာသာမပြန်တတ်တဲ့..
ငါ့အတွက်…မာနတွေအောက်မှာ..
ဒူးထောက်ထားရတာကိုတော့ မျက်ကွယ်ပြုလိုက်ပါတော့….။
….
ထိသွားတယ်….အားပေးနေတယ်….

commentinfo By: အသဲကွဲမိုး at Jan 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment