Professional Authors

သေရည်သောက်၊ သွေးသောက် သစ်စာ

သေရည်သောက်၊ သွေးသောက် သစ်စာ

  ယစ်မူးသေရည်ရဲ့ အသွင်ထူးကြောင့်
  အတူထိုင် ပေါင်းဖော်များလည်း
  ညီရင်း အစ်ကိုလား ချစ်ခြင်းပိုသွားချိန်
  စကားလုံးတွေရိုးသား ဖြောင့်ချက်တို့ ပွင့်အန်
  မုသားကင်းတဲ့ ဖြေရှင်းချက်တွေကို
  ခွက်တိုက်ကာ အတူမော့ရင်း
  သည်စကားများ အပြင်မှာမဖောက်ကားရန်
  အရက်သမား သစ်စာတည်ဖို့ ကတိတွေထားကြ.  .  .
သွေး စကားပြောတဲ့ သွေး
သည်မြေမှာ မွေးတဲ့ ကလေးတိုင်း
သည်မြေကို ပေးဆပ်ချင်တဲ့ သွေးတွေရဲကြ
တိုက်ပွဲဝင် ရဲဘော်တစ်ချို့လည်း
လက်မောင်းသွေးကို အတူတူဖောက်လို့
သေတူ ရှင်မကွာ ညီရင်းအစ်ကိုပမာ
ကူညီစောင့်ရှောက်ဖို့ရန် ခွက်တိုက်လို့ အတူမော့ရင်း
သွေးသောက်သမား သစ်စာတည်ဖို့ ကတိတွေထားကြ.  .  .
   စာချုပ် လက်ထပ် စာချုပ်
   ဘာအတွက်လဲ ကွာဖို့ ရှင်းဖို့လား
   နောင်တစ်ချိန် ဘယ်နေရာမှာ ပြန်သုံးဖို့
   ရေးထိုးတဲ့ လက်ထပ်စာချုပ်လဲ……..
ချစ်သူ……. ငါတို့ လက်ထပ်တဲ့အခါ
စာချုပ်သုံးမည့် အစား
စကားလုံးတွေရိုးသားပြီး မုသားကင်းအောင်
တစ်ခွက၊် နှစ်ခွက်လောက် အရင်တိုက်မယ်
ပြီးရင်လက်မောင်းသွေး အတူဖောက်လို့
ရိုးမြေကျ ပေါင်းဖက်ကြဖို့
သွေးသောက်သမား သစ်စာ ကတိတွေထားကြရအောင်နော်

နေ့သစ်
2pm to 4pm
20.1.2011

In: ကဗျာ Posted By: Date: Jan 22, 2011
Comment #1

သွေးသောက်ချစ်သူပေါ့… 😀

commentinfo By: ရွှေငါး at Jan 24, 2011
Comment #2

မိန်းကလေးတွေ ဒီကဗျာကို ဖက်နေရင်း မဲ့ရွဲ့ သမလားလို့ တွေးမိတယ်

commentinfo By: nate thit(နေ့သစ်) at Jan 24, 2011
Comment #3

ချစ်သူ……. ငါတို့ လက်ထပ်တဲ့အခါ
စာချုပ်သုံးမည့် အစား
စကားလုံးတွေရိုးသားပြီး မုသားကင်းအောင်
တစ်ခွက၊် နှစ်ခွက်လောက် အရင်တိုက်မယ်
ပြီးရင်လက်မောင်းသွေး အတူဖောက်လို့
ရိုးမြေကျ ပေါင်းဖက်ကြဖို့
သွေးသောက်သမား သစ္စာ ကတိတွေထားကြရအောင်နော်

commentinfo By: chityellusoelay at Aug 19, 2011
Comment #4

ကို လူဆိုးရေ နေ့သစ်ရဲ့ကဗျာတော်တော်များကို အားပေးသွားတဲ့အတွက် ကျေးဇူးပါ….နောက်လဲ နှလုံးသားချင်းနီးရအောင်
ဆက်လက် အားပေးနိုင်ပါစေ….

commentinfo By: nate thit(နေ့သစ်) at Aug 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment