Professional Authors

ခေါင်းစဉ်မရှိတဲ့ လွမ်းချင်း

ဖွင့်မပြောလိုက်ရတဲ့
ခံစားချက်တွေကြောင့်
ကျနေရတဲ့မျက်ရည်တွေ

အဝေးကလူ သိစေ မသိစေ
အရိုင်းပန်းတွေ ပွင့်စေမပွင့်စေ
ဝတ်မှူန်သီကျူး ပိတုံး များလို
အမြဲ သစ္စာ ရှိပါမယ်လေ

ထိန်းချုပ်ထားတဲ့
ခံစားချက်တွေကို
ကျနေတဲ့မျက်ရည်ကြောင့်
အချစ်လို့ သတ်မှတ်လိုက သတ်မှတ်လေ
မသတ်မှတ်လဲ ဒီ နှလုံးခုန်သံ မပြောင်းပေ

ဟိုးအဝေးကိုငေးကြည့်ရင်း
ကိုယ့်နှလုံးပြင်ကို ယုံကြည်ရင်း
အတိတ်ကိုစားသုံး အသက်ရှင်နေပါ့မယ် မေ

မောင့်နှလုံးထောင့်တစ်နေရာမှာ
ဖျက်ဆီးလို့မရတဲ့ အမှတ်တရ တစ်ခုရယ်
နှလုံးသားနဲ့ အနီးဆုံးနေရာက
မင်းနာမည် နဲ့ တက်တူးလေးရယ်


မိုင်များသာဝေးစေ နှလုံးသားခြင်းနီးစေ မေ

In: ကဗ်ာ Posted By: Date: Dec 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment