တစ်ချိန်က ……….. နင်
တစ်ယောက်တည်းအထီးကျန်နေရင်းနဲ့
ပြောင်းလဲနေတဲ့ အချိန်တွေအတိုင်းနေထိုင်မယ်
တခါတခါ ငါ့ကိုနားမလည်သလိုကြည့်တတ်တဲ့
လူတွေရဲ့ အကြည့်ကိုငါလစ်လျူရှုမယ်
တစ်ချိန်က နင်ပေးခဲ့တဲ့ နားလည်မှုတွေအပြည့်နဲ့
အကြည့်တစ်ချက်ကိုသတိရရင်းနဲ့ပေါ့………
ငါ့ရှေ့မှာကို ငါ့မကောင်းကြောင်းတွေ ပြောနေကြလည်းပဲ
ဘာမှခံစားချက်မရှိတဲ့ သူတစ်ယောက်လို
တစ်ဖက်လှည့်ပြီး ငြိမ်နေလိုက်မယ်
တစ်ချိန်က နွေးထွေးခဲ့တဲ့ နင့်စကားသံတွေ
ကြားယောင်ရင်းနဲ့ပေါ့………….
စိတ်တွေယောက်ယက်ခတ်ပြီး
ထွက်ပေါက်ရှာလို့မရတော့တဲ့အခါ
ကောင်းကင်ကြီးကိုမော့လို့ကြည့်မယ်
တစ်ချိန်က ငါ့ကိုအားပေးခဲ့တဲ့
နင့်အပြုံးတွေကိုတမ်းတရင်းနဲ့ပေါ့………….
စိတ်ဝင်စားတာတွေထဲအာရုံစိုက်နေရင်း
နင့်ကိုသတိရရင်လည်းရမိမယ်
စာအုပ်တွေဖတ်နေရင်း
နင်နဲ့အတူရှိခဲ့တဲ့ အမှတ်တရတွေကို
ပြန်အောက်မေ့ချင်လည်းအောက်မေ့မယ်
နားထောင်ဖြစ်တဲ့သီချင်းတွေထဲ
နင့်ရယ်သံလေး ပြန်ကြားယောင်ချင်လည်း
ကြားယောင်မိမယ်
ဘာပဲဖြစ်ဖြစ်
နင်ဆိုတာ ငါပြန်အောက်မေ့တိုင်းမှာ
အေးစက်နေတဲ့ ငါ့နှလုံးခုန်သံတွေ ပြန်အသက်ဝင်တယ်………..
Comment #2
နင့်ရယ်သံလေး ပြန်ကြားယောင်ချင်လည်း
ကြားယောင်မိမယ်
ဘာပဲဖြစ်ဖြစ်
နင်ဆိုတာ ငါပြန်အောက်မေ့တိုင်းမှာ
အေးစက်နေတဲ့ ငါ့နှလုံးခုန်သံတွေ ပြန်အသက်ဝင်တယ်………..
နောက်တခေါက်ဗျာ
 By: အသဲကွဲမိုး at Feb 17, 2012
                        By: အသဲကွဲမိုး at Feb 17, 2012
                    Comment #3
har,,,,,,,,,
heart a g g ko hti twar p,,
a chit,,,
tan yaw zin,,,
myit tar,,
yoe tar pwint lin hmu,,
 By: ei lay at Feb 17, 2012
                        By: ei lay at Feb 17, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ဘာပဲဖြစ်ဖြစ်
နင်ဆိုတာ ငါပြန်အောက်မေ့တိုင်းမှာ
အေးစက်နေတဲ့ ငါ့နှလုံးခုန်သံတွေ ပြန်အသက်ဝင်တယ်………..