Professional Authors

ထာဝရအတွက် ! ! ! !

ကိုယ်ပေးသလောက် ပြန်မရတတ်တဲ့
သဘောတရားကို
နားလည်နေလျက်နဲ့လည်း
ငါ …. တစ်စုံတစ်ရာကိုလည်း စောင့်မျှော်နေမိပြန်တယ် ချစ်သူရယ်။

မဖြစ်သင့်တော့တဲ့ အခြေအနေမို့
မေ့ပစ်လိုက်ဖို့ ကြိုးစားလိုက်တိုင်း
သတိရရလာတဲ့ စိတ် ၁ ခုကို တွန်းလှန်ဖို့အား
ငါ့ မှာ မရှိတော့ဘူး ချစ်သူရယ်။

နင့်ကို လွမ်းလွန်းလို့
ယောင်ချာချာဖြစ်နေတဲ့ ငါ့ စိတ်တွေဟာ
အခုဆို ကစဥ့်ကလျားနဲ့ပေါ့ ပြန့်ကျဲနေတာ
ငါ … ပြန်လည်ကောက်ယူနေလည်း
ပြီးဆုံးခြင်းကို မရောက်နိုင်သေးဘူး ချစ်သူ။

နင့်ကို မုန်းအောင် ကြိုးစားဖို့ထက်
ငါ့ ကိုယ် ငါ မညာမိအောင် ငါ ကြိုးစားနေရတာ
ပင်ပမ်းလွန်းတယ်ဟာ ……….

ငါ …….
မေ့ပစ်လိုက်ခြင်းဆိုတဲ့
ပညက်ချက် ၁ ခု ဖြစ်လာဖို့အတွက်တော့
အသက်ရူသံတွေ ရပ်တန့်သွားမှ
ဖြစ်နိုင်လိမ့်မယ် ချစ်သူ။

(၂၀-၁-၂၀၁၁)

In: ကဗျာ Posted By: Date: Jan 20, 2011
Comment #1

ကြိုက်တယ် ။ အသက်ရှူသံတွေ ရပ်တန့်မှတဲ့လား ။

commentinfo By: yatumay at Jan 20, 2011
Comment #2

နင့်ကို မုန်းအောင် ကြိုးစားဖို့ထက်
ငါ့ ကိုယ် ငါ မညာမိအောင် ငါ ကြိုးစားနေရတာ
ပင်ပမ်းလွန်းတယ်ဟာ ……….

ငါ …….
မေ့ပစ်လိုက်ခြင်းဆိုတဲ့
ပညက်ချက် ၁ ခု ဖြစ်လာဖို့အတွက်တော့
အသက်ရူသံတွေ ရပ်တန့်သွားမှ
ဖြစ်နိုင်လိမ့်မယ် ချစ်သူ။

commentinfo By: Ate Pyaw at Jan 20, 2011
Comment #3

မဖြစ်သင့်တော့တဲ့ အခြေအနေမို့
မေ့ပစ်လိုက်ဖို့ ကြိုးစားလိုက်တိုင်း
သတိရရလာတဲ့ စိတ် ၁ ခုကို တွန်းလှန်ဖို့အား
ငါ့ မှာ မရှိတော့ဘူး ချစ်သူရယ်။

commentinfo By: Ate Pyaw at Jan 20, 2011
Comment #4

အသက်ရူသံတွေ ရပ်တန့်သွားမှ
ဖြစ်နိုင်လိမ့်မယ် ချစ်သူ။
အားပေးနေပါတယ်

commentinfo By: genius.jinx28 at Jan 21, 2011
Comment #5

ငါ …….
မေ့ပစ်လိုက်ခြင်းဆိုတဲ့
ပညက်ချက် ၁ ခု ဖြစ်လာဖို့အတွက်တော့
အသက်ရူသံတွေ ရပ်တန့်သွားမှ
ဖြစ်နိုင်လိမ့်မယ် ချစ်သူ။….. ခံစားချက်တွေပြင်းထန်နေတယ်နဲ့တူတယ်…တစ်ပုဒ်လုံးကြိုက်တယ်ဗျာ….

commentinfo By: terry at Jan 21, 2011
Comment #6

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

commentinfo By: pannei at Jan 24, 2011
Comment #7

အားပေးနေပါတယ်……. ခင်ဗျာ အရမ်းခံစားချက်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ……..
ခင်မင်ခွင့်ရရင် ခင်ချင်ပါတယ်ခင်ဗျာ……………… အားပေးလျက်……….. (ချူးသစ်ဝေ)………

commentinfo By: ချူးသစ်ဝေ at May 2, 2011
Comment #8

၇ပါတယ် ချူးသစ်ဝေ .. ပန်းအိလည်း ခင်ပါတယ်။ ကဗျာလေးကို ခံစားပေးသွားတဲ့အတွက်လည်း ကျေးဇူးပါ။ နောက်ကျမှ ပြန်ပြောတဲ့အတွက်လည်း တောင်းပန်ပါတယ်။ —- 🙂

commentinfo By: pannei at Jul 1, 2011
Comment #9

wow,,
really nice.
i agree with u,,lie urself is worse than lie others.

commentinfo By: ei lay at May 11, 2012
Comment #10

!_!
!_!
!_!

commentinfo By: ei lay at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment