Professional Authors

နိဂုံး

ဘဝမှာ သူအလိုအပ်ဆုံးလို့ သိလိုက်ရတဲ့အချိန်မှာ

ကိုယ့်အရှုံးကို ကိုယ်စတွေ့တာပဲ

မရှုံးချင်ဘူးလို့ ဆက်တိုက်သာအော်နေခဲ့ပေမဲ့

အရှုံးအတွက် မပြင်ဆင်ခဲ့ဘူး

အဲဒီမှာ ဝုန်းခနဲပဲ

အရှုံးတွေ လက်လက်ထလို့

အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်စေခဲ့တာပဲ


မငြိုငြင်ခဲ့ဖူးဘူး

တစ်ရက်မှ မမေ့ခဲ့ဘူး

သစ္စာဆိုတာ ငါသော့အထပ်ထပ်နဲ့ကို

နှလုံးသွေးနဲ့ ခတ်ပိတ်ထားခဲ့တာ

စဉ်းစားကြည့်…

ငါနင့်ကို ရူးတာများ

မူးလို့ရှူစရာတောင် မရှာခဲ့ဘူး


မက်ခဲ့ပါတယ် အိပ်မက်တွေဆက်တိုက်

ဘာတွေလုပ်မယ် ဘာတွေသွားမယ်ပေါ့

အိပ်မက်တိုင်းမှာ နင်ပဲ

လက်ချင်းကျစ်နေအောင် ကိုင်ထားပြီးတော့

ကံဆိုးပါတယ် မိုးလိုက်မရွာခဲ့ပေမဲ့

နောက်ဆုံးအချိန်ဆိုတာတောင် မရခဲ့ပုံများ

အဖတ်မဆည်မိအောင် ရေစုန်မျောတယ်


အပြစ်တင်ချင်ပါတယ်

မုန်းချင်ပါတယ်

ဒီမျက်ရည်ကပဲ လာလာအဖော်ပြုနေတော့

ဒေါသတွေက ပြန်ပြန်လှည့်ထွက်သွားတယ်

ပြီးတော့ ပြောသွားသေးတယ်( အဲဒီ့ ဒေါသက)

ငါ့ကိုမလှည့်စားပါနဲ့တဲ့

မျက်ရည်တွေကြားတည်းကပဲ

တာ့တာ ပြဖြစ်ခဲ့ပါတယ်

ငြိမ်းချမ်းစွာထွက်သွားပါတော့လို့….



ချစ်သူရေ….

သိပ်ကိုချစ်ခဲ့တာပါကွာ

ကျေကျေနပ်ကို အရှုံးပေးတာ

အနိုင်တွေ ဆက်တိုက်ယူပါတော့….


ချစ်သူရေ….

သိပ်ကိုရူးခဲ့တာပါ

သွက်သွက်ခါအောင် ရူးတာ

လိုချင်ခဲ့တာ နင့်ကို

ငါ့ကမ္ဘာကလဲ နင်နဲ့ပဲတည်ခဲ့တာ

ရောမမြို့လောက် မခမ်းနားခဲ့ပေမဲ့

သူ့ဟာနဲ့သူတော့ သာယာပါတယ်ဟာ

ခုတော့ ပိုင်ရှင်ကမလာပဲ ဖြိုချခဲ့တော့

လူမသိအောင် သေသွားပေမဲ့

ပိုးမွှားလေးလဲ အသက်နဲ့ပါကွာ

သူလဲ ချစ်တတ်မှာပဲ….


ချစ်သူရေ….

ငါအလွမ်းတွေနဲ့ နိဂုံးချုပ်တယ်

မျက်ရည်တွေနဲ့ အဆုံးသတ်တယ်

တစ်ဘဝလုံးစာအတွက် နှုတ်ဆက်တယ်

ဝဋ်ကြွေးရှိရင် ဒီမှာတင် ကျေပါစေတော့လို့


ကြက်ခြေခတ် X

29 ဒီဇင်ဘာ 2010

In: ကဗျာ Posted By: Date: Jan 19, 2011
Comment #1

အောက်ပိုင်းမှာ နည်းနည်း ရိုးပြီး

နည်းနည်း တုံးသွားဒယ်

commentinfo By: မာယာမင်းသား at Jan 19, 2011
Comment #2

မက်ခဲ့ပါတယ် အိပ်မက်တွေဆက်တိုက်
ဘာတွေလုပ်မယ် ဘာတွေသွားမယ်ပေါ့
အိပ်မက်တိုင်းမှာ နင်ပဲ
လက်ချင်းကျစ်နေအောင် ကိုင်ထားပြီးတော့
ကံဆိုးပါတယ် မိုးလိုက်မရွာခဲ့ပေမဲ့
နောက်ဆုံးအချိန်ဆိုတာတောင် မရခဲ့ပုံများ
အဖတ်မဆည်မိအောင် ရေစုန်မျောတယ်
ျစ်သူရေ….
သိပ်ကိုရူးခဲ့တာပါ
သွက်သွက်ခါအောင် ရူးတာ
လိုချင်ခဲ့တာ နင့်ကို
ငါ့ကမ္ဘာကလဲ နင်နဲ့ပဲတည်ခဲ့တာ
ရောမမြို့လောက် မခမ်းနားခဲ့ပေမဲ့
သူ့ဟာနဲ့သူတော့ သာယာပါတယ်ဟာ
ခုတော့ ပိုင်ရှင်ကမလာပဲ ဖြိုချခဲ့တော့
လူမသိအောင် သေသွားပေမဲ့
ပိုးမွှားလေးလဲ အသက်နဲ့ပါကွာ
သူလဲ ချစ်တတ်မှာပဲ….ချစ်သူရေ….
ငါအလွမ်းတွေနဲ့ နိဂုံးချုပ်တယ်
မျက်ရည်တွေနဲ့ အဆုံးသတ်တယ်
တစ်ဘဝလုံးစာအတွက် နှုတ်ဆက်တယ်
ဝဋ်ကြွေးရှိရင် ဒီမှာတင် ကျေပါစေတော့လို့

တကယ်က တပုဒ်လုံးကိုကြိုက်တယ် ..ကြက်ခြေခတ်ရေ….

commentinfo By: အသဲကွဲမိုး at Jan 19, 2011
Comment #3

ကျေးဇူးအများကြီးတင်ပါတယ်

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #4

မာယာမင်းသား……..
အဲဒါ တုံးသွားတာမဟုတ်ဘူး…. ကွဲသွားတာဗျ….. ခံစားတတ်မယ်ဆိုရင် မျက်ရည်တွေတောင် တွေ့နိုင်တယ် ……

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #5

(အဟတ်…အလာကြီးပါလား

ဗမာလူမျိုးတော့ ဟုတ်မှာပါနော်…..)

ဒီလောက်လေးနဲ့တော့ မျက်ရည်ကျလွယ်တဲ့အစားထဲ ပါဘူးဗျာ..

စိတ်ပိန်တာပဲ………..

ဘာလို့ လာရှင်းပြတာလဲ
စာဖတ်သူက ပေးချင်တဲ့ ကွန်းမန့်ပေးသွားမှာ ငြိမ်ငြိမ်နေပေးပါ…..
စာဖတ်သူက ပြန်လည်အထွန့်တက်တဲ့ အကျင့်တွေ တက်နိုင်သလောက် ရှောင်ဗျာ…နော့်

စေတနာနဲ့ အကြံပေးတာပါ…။

(မာယာမင်းသား)

commentinfo By: မာယာမင်းသား at Jan 19, 2011
Comment #6

စော်ကားသူ ဖြစ်ဖြစ် အားပေးသူ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ငါ့ကဗျာတွေက ကြိုဆိုပါတယ်…
ပညာရှင်အဆင့်မဟုတ်တဲ့ ဝါသနာရှင်အဆင့်… အရမ်းကောင်းပါတယ်လို့ ခေါင်းစဉ်မတပ်ထားတဲ့ အတွက် ကြိုက်သလိုပြောသွားလို့ရပါတယ်… တစ်ခုပဲ… ဆဲမသွားတာကိုပဲ ကျေးဇူးတင်ပါကြောင်း….

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #7

ကြက်ခြေခတ်ရေ…
အဲလိုစိတ်လေးကောင်းတယ်
ဘာပြောပြောလေ….ရေးပြီးသွားပြီရင်ဆိုင်နိုင်ရမယ်
ဘယ်သူဘာပြောပြောပေါ့ညီရာ
ကိုယ်တို့ ဇာတိတို့ ဆိုတာကောင်းတဲ့ကဗျာလေးတွေကိုပိုကောင်းအောင်
လက်စရှိတဲ့သူတွေဆိုပိုတက်အောင်အဲလိုလေးမခံချင်အောင်ပြောပြီးမြှောက်ပေးတတ်တဲ့အကျင့်ရှိတယ်
စိတ်ထဲမထားနဲ့  မင်းလက်စရှိတယ်
ကဗျာဆရာကောင်းတသ်ယောက်ဖြစ်အောင်ကိုယ်တို့ မြေတောင်မြှောက်နိုင်ပါတယ်ညီ……..

commentinfo By: moehtetaung18 at Jan 19, 2011
Comment #8

ကျေးဇူးတင်ပါတယ် ကို မိုးထက်အောင်…..
ညီမ ကဗျာတွေကိုချစ်လို့ ကဗျာတွေနဲ့ပဲ နေတဲ့လူပါ….
ဖတ်သွားပါကြိုက်သလို….
ရင်ထဲထည့်မပေးနိုင်ရင်တောင် စိတ်အနှောက်အယှက်တော့ ညီမ ကဗျာတွေက မပေးတာ သေချာပါတယ်…

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #9

အထီးထင်နေတာလား…
လက်စသက်တော့ အမကိုးးးးးးးးးးးးး

commentinfo By: မာယာမင်းသား at Jan 19, 2011
Comment #10

သြော်……ညီမလေးလား
ကဲ….ညီမလေးရေ…..လိုတာရှိရင်ပြောပါ….ကိုယ်တို့ ဇာတိတို့ တတ်နိုင်သလောက်ကူညီပါ့မယ်
နော်
ကဗျာကောင်းလေးတွအမြဲရေးနိုင်ပါစေဗျာ…..:)

commentinfo By: moehtetaung18 at Jan 19, 2011
Comment #11

ကျေးဇူးပြုပြီး ရိုင်းစိုင်းမှုကိုတော့ မကြိုဆိုပါကြောင်း……

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #12

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ကိုမိုးထက်အောင်

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #13

ယဉ်ကျေှးမှုရှိသူ တစ်ယောက်နဲ့
ရိုင်းစိုင်းမှုရှိသူ တစ်ယောက်ကြား
ဘာကိုကြည့်ပြီး ခွဲခြားပါသလဲ
အပြောအဆို နုတ်အမူရာလား
နေပုံထိုင်ပုံလား
စားပုံသောက်ပုံလား
ဝတ်ပုံစားပုံလား
ဘာကိုလဲ
နည်းနည်းလောက် တစိတ်လောက် ……

လူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီး
ဆုံးဖြတ်မယ်ဆို မှားသွားမှာပေါ့
အပေါ်ယံကိုယ်လုံးကို ၀တ်လစ်စလစ် ကိုယ်လုံးတီးနဲ့
ချွတ်နေတာကို သာမန် မျက်စိနဲ့ မြင်နိုင်ပေမယ့်
အတွင် စိတ်ဓါတ်ကိုတော့
ဘယ်လို အနု့ကြည့်မှန်ပြောင်းနဲ့ ကြည့်ကြည့် မမြင်နိုင်ဘူးဆိုတာ

သူလေ..သိပါစ……..။

commentinfo By: မာယာမင်းသား at Jan 19, 2011
Comment #14

ဟာ….
ဒီနှစ်ယောက်ကတော့တကယ်ပဲ….
ကဲ….ဇာတိရေ…..သိပ်မနောက်ပါနဲ့ ညီရယ်
dchitoo88ဇာတိ: ကြက်ခြေခတ်တော့ တခဏအတွင်း
poemscorner မှာ
နာမည်ကြီးတော့မှာပဲ
😛
ကဲ….ညီမလေးရေတွေ့ ပြီလား

commentinfo By: moehtetaung18 at Jan 19, 2011
Comment #15

ဟာ ဒီလူတွေ ….
ဒီလိုစမ်းသလား ကြက်ခြေခတ်ကို….
ဟဲဟဲဟဲ…
🙂
သေတောင် စိတ်ဆိုးဝူးကွာ

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #16

အင်း
ဇာတိဆိုတာအဲလိုညီမလေးရေ

commentinfo By: moehtetaung18 at Jan 19, 2011
Comment #17

အမှန်အတိုင်းပြောရရင် အကိုတို့ကို မှ သမီးက မသိပဲ……
ဇာတိက စာရိုက်ရင် မှားနေတာပဲ သိတယ်…
myanmar spelling ကျင့်ခိုင်းလိုက်ပါဦး….
သူများမဝေဖန်ခင် training ကောင်းကောင်းဆင်းထားပါလို့..

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #18

ဟားဟားဟား….အေးပါအေးပါ
ညီမလေးအကောင့်ကိုယ့်ကိုပေးပါလား
အပ်လိုက်မယ်
မောင်နှစ်မတွေပေါ့
အိုကေ….

commentinfo By: moehtetaung18 at Jan 19, 2011
Comment #19

အဟမ်းးးအဟမ်းးး

ဝေဖန်တယ်ဆိုတာ
အကြောင်းအမျိုးမျိုးနဲ့ ကျိုးကြောင်းစီလျော်မှုတွေ ရှိဒယ်ကွ

နောက်တစ်ခုက
ပညာရှိ သတိဖြစ်ခဲ ဆိုတာ ကြားဘူးလား

သမီးက..ငယ်သေးတယ်လား…???

တစ်ခါတလေ စကားလုံးတွေကို ဆော့ကစားပြီး
သုံးနှူန်းရင် စကားလုံးတွေက ကပေါက်တိ ကပေါက်ချာ ဖြစ်တယ်ကွ

သမီး ကြည့်ရတာ အဲ့ဒါ တွေ ကို နားလည်ပုံ မပေါ်သေးဘူးနော်

ဘာပဲ ဖြစ်ဖြစ် သမီးက မိန်းမ ပီသပါပေတယ်…ဘာလို့ဆိုတော့

မိန်းမ မူအတိုင်းပဲ ကျင့်ကြံနေတာလေ
ခုပဲ ကြည့်….မိန်းမကျင့် မိန်းမကြံ ………….ဟုတ်သလား………….

ဟုတ်ဘူးလား

ဟုတ်ရင်လဲ ဟုတ်မယ် မဟုတ်ရင်လဲ မဟုတ်ဘူး
ဘာမှ အရေးမကြီးပါဘူးးးးးးးးးးး

commentinfo By: မာယာမင်းသား at Jan 19, 2011
Comment #20

[email protected]
ပထမဆုံးကြက်ခြေခတ်ရဲ့ member ပေါ့..
ဟိုတစ်လောက မှ ကဗျာရေးဖို့ ဖွင့်ထားတာ
ဟိုလူကိုတောင် add ပြီးပြီ

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #21

သမီးထက် သားက သာ ပိုအရေးကြီးတယ် ထင်တာပဲလေ….
သားကသာ တစ်ခွန်းမခံ မိန်းမဆန်ဆန်ပြန်လည်ချေပနေတာ…
သမီးက အေးအေးဆေးဆေး တုံ့ပြန်နေတာပဲ….
သားက သာ သားကိုသား နာမည်ပြောင်းပေါ့..
မိန်းမမာယာ လို့…..

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #22

အင်း
အပ်လိုက်ပြီ
မောင်နှမတွေဖြစ်သွားပြီ
🙂

commentinfo By: moehtetaung18 at Jan 19, 2011
Comment #23

အင်းးးးးးးးးးးးးး

သနားဒယ်…သမီးကို။။။သိလား

ဦးလေ သမီးကို သနားတာ

ဘာလို့ဆိုတာရော ပြောရမလား..
မပြောခိုင်းလဲ ပြောမယ်
နော်…

သမီးက ယောင်္ကျား မိန်းမ ကို ခွဲခြားထားတယ်လား
ခုချိန်ထိ
ခေတ်ပညာတက်လူငယ်တစ်ယောက်ဟာ
ယောင်္ကျားမိန်းမဆိုတာကို ဥပေက္ခာ ပြုနေကြပြီကွ
ယောင်္ကျားမှ..မိန်းမမှ..ဟိုဟာလုပ်ရမယ် ဒီဟာလုပ်ရမယ်ဆိုပြီး
ခွဲခြားခွဲခြား မပြုလုပ်တော့ဘူး
ဖွံ့ဖြိုးပြီးနိုင်ငံမှာဆိုရင်…..

ခပ်ရိုင်းရိုင်း ပြောရရင်…ပေါ့
ယောင်္ကျားနဲ့ မိန်းမ တူတူအိပ်ရင်တောင်
ယောင်္ကျားက အောက်ရောက်နေရင် ရောက်နေတက်တယ်

အဲ့လောက်ဆို သဘောပေါက်ပေါ့
ရင်ဘောင်တန်းစမ်းပါကွာ
ကိုယ့်ကိုယ်ကိုယ် မိန်းမမှန်းသိသာအောင် အတင်းကြီး ရှူံ့ချပြမနေစမ်းပါနဲ့…

လူပီသအောင်….အထီးမှန်းအမှန်း မသိသာအောင် နေပြလိုက်စမ်းပါ…
လောကကြီးကို ဟုတ်ပြီလား..သမီး…

commentinfo By: မာယာမင်းသား at Jan 19, 2011
Comment #24

နာမည်နဲ့ ရုပ်နဲ့လိုက်အောင်
တမင်ပေးထားတာပါ
မာယာမင်းသားဆိုတာ

😀 😛

commentinfo By: မာယာမင်းသား at Jan 19, 2011
Comment #25

ဘာပဲ ဖြစ်ဖြစ် သမီးက မိန်းမ ပီသပါပေတယ်…ဘာလို့ဆိုတော့
ဆိုတာကို ဘယ်သူအရင် သုံးသွားသလဲ မသိပါဘူး ဦးရယ်
သမီးငယ်ပါတယ်… ဒါပေမဲ့ စာတော့ ဖတ်တတ် ရေးတတ်ပါတယ်…
ယောကျာ်းမိန်းမ အိပ်ခြင်း အောက်ရောက်ခြင်း အပေါ်ရောက်ခြင်းကလဲ လူဦးရေတိုးပွားလာမှုကြောင့် အထက်မြင့်တိုက်ခန်းတွေ ပေါများလာတာနဲ့ဆိုင်ပါလိမ့်မယ်..
အပေါ်ထပ်အောက်ထပ်နေတာတို့ နှစ်ထပ်ကုတင်နဲ့ အိပ်ရတာတို့ ကို ဒီလို ဘောင်လိုက်ကန့်မယ်ဆိုရင်တော့ဖြင့်….

commentinfo By: ကြက်ခြေခတ် X at Jan 19, 2011
Comment #26

😀 .. ကောင်းသည်.. မန့်တွေရောကဗျာရော. . ရွှေမိုးထက်ရှင်ဘာတက်နိုင်သေးတုန်း.. 😛

commentinfo By: ရွှေငါး at Jan 20, 2011
Comment #27

ဟားး ငါ့ရောင်းရင်းတွေ ခံနေရပါလား….. ညီမလေး ကြက်ခြေခတ်ရေ ကိုလည်း add မယ်နော် … လက်ခံပေးပါဗျာ

Comment #28

သမီးက မိန်းမ ပီသပါတယ်ဆိုပြီး…………………..

မိန်းမတွေပြုမူဆောင်ရွက်ရမယ့် ၀တ္တရားတွေကို
ဘယ်နှစ်ခုများ ဆောင်ရွက်ပြီးပြီလဲ

ကလေးအရွယ်မှာ ကလေး မူ
အပျိုလေးအရွယ်မှာ အပျို မူ
အပျိုကြီးအရွယ်မှာ အပျိုကြီး မူ
အအိုအရွယ်မှာ အအို မူပေါ့
ကဲ…သမီးက ဘယ်အရွယ်မှာလဲအခု

သမီးအသက်အရွယ်နဲ့ မိန်းမ ပီသနေပြီဆိုတော့
သမီးအသက်အရွယ်မှာ ပြုမူဆောင်ရွက်ရမယ့် ၀တ္တရားတွေ ရှိဒယ်
အဲ့ဒါ ဘာလဲ သိလား..မသိဘူးလား…အဟတ်…

မိန်းမ ပီသအောင် နေဖို့ မလိုဘူး သမီး

လူပီသအောင်နေဖို့ပဲ အရေးကြီးတယ်
လူတစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ဖြစ်လာပြီဆိုရင်တော့
ဘယ်သူမဆို….ပုဇုစဉ်တွေကို…အနိုင်ပဲ လိုချင်ကြမှာ ဓမ္မတာပဲ

အခု သမီးကလဲ သမီး အနိုင်ရအောင် စကားတွေကိုပြောတယ်
ဘောင်ဝင်တာရော ဘောင်မ၀င်တာရာ စုံလို့…….

ဦးကတော့…အခုစပီး လက်ပြသွားပြီ…………

သမီးအနိုင်လိုချင်ရင်တော့ အရှူံးပေးသွားပြီ….အရှူံးပေးလိုက်ပြီ

ပျော်လား သမီး.။။။။။။။နောက်ထပ် သမီးအထွန့်တက်နေမယ်ဆိုလဲ

တစ်ယောက်ထဲ ပျော်ပျော်ကြီး တက်ကျန်ရစ်ခဲ့တော့…

ဦးကတော့လစ်ပြီ……ဘိုင်းစ့်……….။

commentinfo By: မာယာမင်းသား at Jan 20, 2011
Comment #29

ပျော်လိုက်တာ ဦးဦး မာယာမင်းသမီးကြီးရယ်…
နဂိုကတည်းက မနိုင်တာကိုများ အရှူံးပေးသွားသတဲ့…..

commentinfo By: ကြက်ခြေခတ် X at Jan 20, 2011
Comment #30

ရပါတယ် ကို butterfly… အထူးသဖြင့် စိတ်မပုပ်တဲ့လူတွေဆိုရင် ညီမက ကောင်းကောင်းမွန်မွန်တုံ့ပြန်ပါတယ်..
ရွှေငါးက သမီးဘက်ကလားဟင်

commentinfo By: ကြက်ခြေခတ် X at Jan 20, 2011
Comment #31

ခု add ထားတာ ကျွန်တော်ပဲဗျ……..

Comment #32

ဘာမှလဲတွေ့ဝူးဗျ

commentinfo By: ကြက်ခြေခတ် X at Jan 20, 2011
Comment #33

အင်း… တွေ့ရင် လက်ခံလိုက်ပါဗျာ…. add တော့ ထားတာပဲ…

Comment #34

ဘာမှ မတွေ့တာ အစ်ကို

commentinfo By: ကြက်ခြေခတ် X at Jan 20, 2011
Comment #35

ဟုတ်လား ဒါဆို အပန်းမကြီးရင် အစ်ကို့မေးလ်ကို add ပေးပါ ညီမလေး…. အစ်ကို့ profile ထဲမှာ address ရှိတယ်… ကျေးဇူးပါ

Comment #36

ဒါပေါ့…ညီမ… 😀

commentinfo By: ရွှေငါး at Jan 22, 2011
Comment #37

excellent,,
i like from top to down.
the end is the best,

commentinfo By: ei lay at Jun 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment