Professional Authors

နင့်ရဲ့အငြိုးက…..ငါ့အတွက်????

နင်အမုန်းက ငါ့အပြုံးကိုတောင် မပျက်စေပါဘူး
နာကြည်းစမ်း….နင့်စိတ်ကြိုက်…..
နင့်ရင်ဘတ်က နာကျင်မှု…ငါက ရိပ်မိနေမှတော့…….
နင်ဟန်ဆောင်နေရတဲ့အဖြစ် နင့်ရင်ကိုပဲ စူးနင့်စေမှာပေါ့…….။

မာနတွေပြိုင်ခဲ့တာတဲ့လား….
နင့်အတွက်ဖြစ်ချင်ရင် ဖြစ်လိမ့်မယ်…..
ငါကတော့ နင့်လိုလူနဲ့ မာန ပြိုင်ဖို့….
ငါ့ကိုယ်ငါတောင်ရှက်တယ်…….။

သနားစရာကောင်းတဲ့နင့်ကို  …….ငါက အသုံးချခဲ့တာ……..။
ဒါကို နင်ကလက်မခံနိုင်မှတော့……
နင့်ထိုက်နဲ့ နင့်ကံ  နင်မှန်တယ်လို့ပဲ နင်တွေးပေါ့……။

နင်မှမဟုတ် ဘယ်သူ့အတွက်မှ အချစ်မရှိခဲ့တာ
ငါ့ကိုယ်ငါသာသိ……… ။
ချစ်ပြီးရင် ရှုံးဖို့  ၈၀% လောက်သေချာနေတဲ့ခေတ်မှာ….
နင့်လိုလူကို
တကယ်မချစ်ဘဲနဲ့ အသည်းခွဲရတာ…..အရသာအရှိဆုံးပဲ….။

နင်ကျုံးဝါးတဲ့ နင့်ကြောင့် ငါ့အရှုံး…..
ဒီကမ္ဘာပြိုတာတောင်ရှိမယ်မထင်ဘူး…..။
နင်ကြွေးကြော်တဲ့  နင်ခွဲမယ့် ငါ့အသည်း
နင့်မျက်ရည်မြင်တာတောင် လန့်မနိုးဘူး……
ဝမ်းနည်းပါတယ်……နင့်ရဲ့အငြိုးငါ့အတွက် အသုံးမ၀င်တဲ့အတွက်…..
နင့်ဒဏ်ရာကိုပဲ နင်ဖြေသာအောင်……..နေ့ရက်တွေ ရွေးချယ်လိုက်ပါဦးဟာ……။

In: ကဗျာ Posted By: Date: Jan 18, 2011
Comment #1

ထိတယ်ဗျာ၊၊

commentinfo By: နေသွေး at Jan 19, 2011
Comment #2

ဒီကဗျာမှာတော့ အမုန်းခံရသူနေရာထက်
ကို က ရှုံးသူ နေရာမှာ ရောက်နေတယ်
ကွက်တိကိုပါပဲ
သူ က ကိုယ့် ကို ဒီ အမြင် ဒီအတွေးနဲ့ ဒီလို သဘောထား
တခုပဲကွာတယ် အငြှိုးထား ကလဲ့ စားချေဖို့ ဆိုတာ…မုန်းဖို့ ဆိုတာ…
နှုတ်သဘောနဲ့ ဘယ်လိုပင်ပြောပေမယ့် 
ချစ်ခြင်းနဲ့ အကြင်နာ တွဲရက်ပါတာဖို့  လက်တွေ့ တော့ ချစ်သူ ပျော်ပါစေလို့ ပဲ….

commentinfo By: NC at Dec 30, 2011
Comment #3

နင်အမုန်းက ငါ့အပြုံးကိုတောင် မပျက်စေပါဘူး
နာကြည်းစမ်း….နင့်စိတ်ကြိုက်…..
နင့်ရင်ဘတ်က နာကျင်မှု…ငါက ရိပ်မိနေမှတော့…….
နင်ဟန်ဆောင်နေရတဲ့အဖြစ် နင့်ရင်ကိုပဲ စူးနင့်စေမှာပေါ့………..ကြိုက်တယ်ဗျာ

commentinfo By: သားသား at Jul 1, 2012
Comment #4

ekk,,,
kyauk sa yar g,
🙁
e lo sate htar g ka kaung par bu kwar,
ei ka dot lu ba wa kha na lay nay ya dar,,a mone tway,,a nyoe tway,,nar kyee chat tway ne dot naing par bu naw.
kyan kyan mar mar,,pyaw pyaw shwin shwin,,chit chit khin khin pe nay naing aung kyoe sar de.
e dar kyaunt be thu ko hma mone tee nar kyee ya lout aung,,ga le sarr chay ya lout aung,,soe soe ywar ywar tway ma sone phu bu,
myit tar so tar yaung pyan hat par de,
myit tar so tar aye chan par de,
kou pyu de kan koh htan pyan par de,

sate ko shot par naw.

commentinfo By: ei lay at Jul 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment