Professional Authors

ဘုရားပေးတဲ့……လူ

ငါ….အချစ်ဆိုတာမသိတဲ့အချိန်ပေါ့
ဖန်ဆင်းပေးခဲ့တဲ့ ဆုလေး….နင်
မုသားပါတဲ့အချစ်နဲ့ပေါ့…….
ငါကိုယ်ငါ ရခဲ့ပါတယ်
မုသားပါတဲ့အချစ်ကနေ စစ်မှန်တဲ့အချစ် တစ်ခုကိုပေါ့။

နင်ကျင်မှူတွေကိုလက်ကိုင်ထားတတ်တဲ့ငါ….
နင့်ပေးတဲ့ခါးသီးမှူတွေကနေ
ငါကိုယ်ငါ ရခဲ့ပါတယ်
ဥပက္ခာတရားရဲ့ အနက်ကိုပေါ့…..

လူတွေကပြောတယ်
နာတတ်တဲ့နှလုံးသားမရှိဘူးလားတဲ့….

ငါပြုံးနေခဲ့တယ်….
ငါလည်း ဖန်ဆင်းပေးခဲ့တဲ့လူသားထဲက လူပဲလေ…
ငါလက်ကိုင်ထားတာ အနန္တသည်းခံမှုနဲ့ မေတ္တာတရားဖြစ်နေတာကိုး

နင်…ဆိုတာ ငါ့အတွက် မုသားဆိုပေမယ့်
ဘုရားပေးခဲ့တဲ့….နင် ကပေးခဲ့တဲ့ မုသားများက
ငါ အမှန်တရရားတွေရခဲ့ရတယ်လေ။
ဟိုးအရင် ငါမသိခဲ့ခြင်းများကို သိခွင့်ရခဲ့တာ
ဘုရားပေးတဲ့…..လူ, နင့်ကြောင့်ပါ။
(၁၃-၈-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Aug 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment