Professional Authors

ချစ်သူနားလည်ပါ

ချစ်သူရေ……..
စဉ်းစားမိတဲ့အချိန်ခဏလေး
အတွင်းမှာငါရင်မောတယ်.

အထာတွေတအားနဲ့ 

မာယာတွေမများတတ်ပါဘူး
ဇယားတွေအများကြီးနဲ့
တအားတွေ ငါ မရှုပ်ပါဘူး

အများကြီးမတွေးပါနဲ ချစ်သူရယ်

ရင်ထဲကိုမြင်အောင်ကြည့်ပါ
မင်း အတွက်ချစ်ခြင်းတွေနဲ့
ငါ့ နှလုံးသားရှင်သန်နေတာပါ

သံသယအတွေးတွေနဲ့

ငါတို့ ဝေးရမှာလား
မင်း မြင်အောင်အကြိမ်ကြိမ်
ရင်ဖွင့်ပြနေတဲ့ငါ့အချစ်တွေအတွက်
စာနာစိတ်တော့ထားပေးပါ

ငါအလိုမတူတဲ့….ဇာတ်သိမ်းခန်းကို

နင် ကိုယ်တိုင်တော့မဖန်တီးလိုက်ပါနဲ့ကွယ်

အတွေးတွေထဲမှာတောင်

ငါ မဆွေးချင်လို့ ပါ
မာနတွေခ၀ါချထားတဲ့
ငါ့ကိုတခါလောက်တော့ပြုံးခွင့်ပေးပါချစ်သူ။ ။

In: ကဗျာ Posted By: Date: Jan 16, 2011
Comment #1

ငါအလိုမတူတဲ့….ဇာတ်သိမ်းခန်းကို

နင် ကိုယ်တိုင်တော့မဖန်တီးလိုက်ပါနဲ့ကွယ်

အတွေးတွေထဲမှာတောင်

ငါ မဆွေးချင်လို့ ပါ
မာနတွေခ၀ါချထားတဲ့
ငါ့ကိုတခါလောက်တော့ပြုံးခွင့်ပေးပါချစ်သူ။ ။ အားပေးသွားတယ်နော် ..:D

commentinfo By: နှောင်းလူ at Jan 16, 2011
Comment #2

ဆန်းသစ်တယ်ဗျ ခင်ဗျားကဗျာက…

commentinfo By: little bird at Jan 17, 2011
Comment #3

Wow…
Nice sweet talkies combine with lovely thoughts.

commentinfo By: ei lay at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment