Professional Authors

ကျနော့ ရွာကမင်္ဂလာပွဲအားလုံးဝင်လို့ နွှဲ

ရွာဦးကဦးဖိုးထောင်း
မူးပြီးတော့ ကြောင်
အနှိပ်သည်ဒေါ်ပုမ
စကားပြောဂွကျ
သူကြီးကဘဖိုးစီ
ဒေါသကြီးသည်
သူ့ မိန်းမဒေါ်တင်လှ
ကပ်စီးနည်းသဟ
အရီးလေးမအေးသာ
လင်တရူးကာ
တွေ့ သမျှကောင်လေးများသူ၏ယောကျာင်္း
ဒေါ်လုံးတင်ဈေးသည်ပါ
ပဲပြုတ်ရောင်းကာ
သူ့ ခလေးခုနှစ်ယောက်
အားလုံးကမျောက်
တစ်ယောက်မှထိန်းမနိုင်
ဦးလေးမြခိုင်
တနေကုန်သူကကွဲ
ဟိုး………ထန်းတောထဲ
ရွာထဲကအလှပဂေး
အားလုံးကငေး
သူ့ နာမည်အေးကြည်မ
တစ်ကယ်လှပ
လှလွန်းတော့ မာန်တွေဝင်
သူ့ ရဲ့ စိတ်တွင်
ကာလသားလူပျိုများ
မလာနဲ့ အနား
တစ်နေ့ တော့ ရွာထဲမှာ
မြို့ ကြီးကလာ
ရန်ကုန်ကကိုကိုသဲ
တော်ကီနဲ့ ချွဲ
သိပ်မကြာအေးကြည်မ
လက်မှိုင်ချရ
တွဲပြီးတော့မကြာခင်
အမှားတွေဝင်
ကိုကိုသဲရန်ကုန်သား
မြါု့ ကြီးပြန်သွား
ဒုက္ခနဲ့ လှလှရယ်
တစ်ပြိုင်တည်းကွယ်
အေးကြည်မဘ၀အား
စုတ်ဖြဲပစ်သွား……..
နောက်ပြီးတော့ ရွာထဲမှာ
သူကြီးသားခမျာ
အေးကြည်မဗိုက်လေးတွက်
ဒေါသတွေထွက်
လွင့် ပစ်ဖို့ ဆီဝင်းသလို
သဲတို့ နဲ့ စို
အဲ့ ဒါကြောင့် မထူးဇာတ်လမ်း
လှည်းကျိုးဝင်ထမ်း
ကိုသာဗျောကိုလှတင်
ကိုကြီးဝင်းခင်
ကိုထွန်းကြိုင်ကိုဝင်းလှ
ဦးလေးပေါက်စ
ဒေါ်လေးကြော့ ၊အရီးတင်
ဖွားလေးထွေးတင်
ဘဖုန်းကြီးမကျန်ရ
ရွာထဲကဗျ
ကျုပ်တို့ ရွာလာခဲ့ ပါ
ဖတ်လှမ်းလို့ သာ
အေးကြည်မမင်္ဂလာပွဲ
အားလုံးဝင်နွှဲ
ရွာလုံးကျွတ်မီးခိုးတိတ်
အားလုံးကိုဖိတ်
သူကြီးသားထွန်းတောက်ဟာ
ခုတော့ သူ့ မှာ
ဒူးမနာသားလေးတွက်
ပြုံးရသိပ်ခက်
ဒို့ တောကသည်ပွဲမှာ
သီဆိုဖို့ ရာ
ကပ္ပိယဦးလေးက
စည်းဝါးချပြ
ပျော်စရာပွဲတော်နွဲ   
သြဘာသံမစဲ။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ မင်းလူန

In: ကဗျာ Posted By: Date: Jan 13, 2011
Comment #1

မိုက်တယ်ဗျာ….. :P:P:P

commentinfo By: အသဲကွဲမိုး at Jan 13, 2011
Comment #2

same poem?

commentinfo By: ei lay at Apr 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment