Professional Authors

အမိသစ်ပုတ်မြေ ရှင်သန်ပါစေ…………………..

အတိတ်ရဲ့ အရိပ်ဆိုး
မထင်ဘဲ ဖုံးလွှမ်း
အရှိန်အ၀ါ ကြီးခဲ့တဲ့ သစ်ပုတ်ရေ…………။
ကံကော် မာလာ
နာမည် အမျိုးမျိုးနဲ့ မင်းကျော်ကြား
မင်းဆီကိုလာ
မင်းဆီမှာနေ
မင်းဆီမှာ ပညာရည် နို့သောက်ခဲ့ကြတယ်……။
လွမ်းစရာရနံ့တွေ
ပျော်စရာအတိတ်တွေ
နိုင်ငံအတွက်
အထင်ကရတွေ
အကျော်အဇောတွေ
ဖန်တီးပေးခဲ့တဲ့ သစ်ပုတ်ရေ…….။
မင်းအစွမ်းကို သက်သေပြု
အခုဆို ဒို့အိမ်အနားမှာ မင်းလိုအစွမ်းအစနဲ့
အထင်ကရ တွေ အများအပြားပေါ့
အားကစားအကျော်အမော်တွေ
စာပေပညာရှင်တွေ
နိုင်ငံရေးပညာရှင်တွေ
မင်းဆီကပါ သစ်ပုတ်ရေ……..။
ငါတို့တတွေကို မင်းကို မေ့အောင်
မင်းကို သတိမရအောင်
သူတို့လုပ်နေကြတယ်
သူတို့ ကြိုးစားနေကြတယ်
သူတို့ဖန်တီးခဲ့ကြတယ်
ပျော်စရာတွေ
ဝမ်းနည်းစရာတွေ
ထုံလွှမ်းနေတဲ့မင်း
ငါဘယ်လိုအမည်တတ်ရမလဲ
မြင့်မြတ်တဲ့မင်း
ဒို့အိမ် ရဲ့ ကျက်သရေဆောင်မင်း
အရင်တချိန်က
မင်းရဲ့ ထွန်းဝါခဲ့တဲ့ မင်းရဲ့ ဂုဏ်ရှိန်ကို
တခြားအိမ်တအိမ်က
အထင်ကရပုဂ္ဂိုလ်ကတောင်
အမှတ်တရရှိတယ်…….။သတိတရ ရှိတယ်……..။
ကိုငှက်ကြီး နိုးလာရင်…..
အဖေ အပြစ်တင်ရင်……
သူတို့တွေ သူတို့ တွေမေးရင်
မင်းဘယ်အချိန် ပြန်လည် ရှင်သန် နိုးထ အသက်ဝင်မယ်လို့
ဘယ်လိုငါပြောရမလဲ…………
အမျိုးချစ်စိတ်
ဘာသာချစ်စိတ်
သာသနာချစ်စိတ်
မွေးထုတ်ပေးနေတဲ့မင်း
မင်းမပြောလည်း
တို့တတွေမှာလည်း မင်းကိုချစ်တဲ့စိတ်ရှိပါတယ်………….
မင်းပြန်လည် နိုးထမယ့်နေ့ကို
မျှော်လင့်ခြင်းကြီးစွာစောင့်မျှော်လျှက်
ငါတို့ အိမ်ကြီး ရဲ့ ဂုဏ်ရောင်ဂုဏ်ရှိန်ပြန်တင်ပေးနိုင်ဖို့
မင်းပြန်လာမယ်လို့ ငါထင်နေပါတယ်……….။
သင်ကော……………။အစဉ်အလာကြီးခြင်းများစွာနဲ့ တိုင်းပြည်ကို အကျိုးပြုမည့် မင်း ကို မျှော်လျှက်……….။

In: ကဗျာ Posted By: Date: Nov 22, 2012
Comment #1

Phat shu r pay twar par de.

commentinfo By: ei lay at Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment