Professional Authors

နင် = ငါ./ ( ) = ( )

…………..
ငါ…ချစ်တဲ့နင့်ကို
ငါမြတ်နိုးတဲ့..မိုးစက်တွေတွေ့တိုင်း
…အဲဒီမိုးရေတွေကြား…..
……ဇွဲကြီးစွာနဲ့……….
အမြဲလိုက်ဖွေရှာတတ်ခဲ့သူပါ….။
……………….
ငါ..ချစ်တဲ့နင့်ကို
ငါကြားလိုက်တဲ့သတင်းတွေ…
မကောင်းတိုင်း……ငါပဲဟန်လုပ်
ငါပဲ ..ဖုန်းဖိထေးဖာလို့……….
ငါကိုယ်တိုင်ပဲ..ဗီလိန်ဇာတ်ဝင်က ခဲ့တဲ့သူပါ။
……………………
………………………..
ငါအကြိမ်ကြိမ်…တောင်းပန်ခဲ့ပေမယ်
နင်အခါခါ…အမုန်းတွေကာချထားတော့
ငါ့မှန်ကန်ခြင်းတွေလည်း…….
……လျော့ရဲစွာနဲ့…အမှားအသွင်…
ကူးပြောင်းလုပြီ…..
ဒါတောင်………
နင့်..ဂုဏ်တက်စေဖို့…
ငါ့အသရေ…..ညိုးနွမ်းခံခဲ့တဲ့.သူပါ..။

နင်သိသိမသိသိ…..
ငါ့…ရင်ထဲထိ……
.နံပါတ်1လည်းနင်..
နံပါတ် 2 လည်းနင်….
3,4,5,….ငါ့ရင်ခွင်ဆန့်သလောက်
နံပါတ်တွေတိုင်းရဲ့…သခင်ဟာလည်း….နင်။
…………….
နင်ရှိရှိမရှိရှိ…..
ငါ့မနက်တွေတိုင်းနဲ့
ညတွေတိုင်းရဲ့….နေ၀င်လထွက်စေတဲ့…
အရှင်…နင်…
ငါ့နှလုံးသားထဲ…ထာဝရအဖြစ်….တည်ထားခဲ့သူ။
……………….
(ဒါပေမယ့်..ငါ့ရင်ထဲက..နင်က..
ငါစေခိုင်းသလောက်သာ..အစွမ်းပြ….
ငါ….အသိထဲမှာသာ..ရှင်သန်…တကယ့်အပြင်မှာကျ
……ငါ့ရင်ခွင်..အစိမ်းလိုက် လွှင့်ပစ်ထားလိုက်တာ…
ဘယ်တုန်းကမှမသိတဲ့သူလို).
…..
…………….
နောက်ဆုံးအနေနဲ့တွေထဲက…နောက်ဆုံး
ငါ့ရှိရှိသမျှ..အလွမ်းတွေ
ငါ့ပိုင်ဆိုင်သမျှ…မာနတွေ
ငါ့ရဲ့…နှလုံးသားရဲ့ရဲ့လေးနဲ့…
နင့်ကိုငါ….တောင်းပန်လိုက်ပါတယ်……
……………ငါ့ဘ၀ထဲ…..
“နင်” အစစ်နဲ့…ရှေ့ဆက်ခွင့်ပြုပါ
“နင်”အစစ်နဲ့…..ငါ့အိပ်မက်တွေ…က ရုန်းထွက်ပါရစေ
“နင်”အစစ်နဲ့…ငါ..အသစ်ဖြစ်ပါရစေ….
……….
ဘာလို့လည်းဆိုရင်………..

ငါဆိုတဲ့သူက “နင်” ရှိမှ ဖြစ်မှာ။

In: ကဗျာ Posted By: Date: Jan 11, 2011
Comment #1

မိုက်လှချည်လား မိန်းကလေး ……………….. ကဗျာလေးက ရင်တွင်း ခံစားချက်ထင်တယ် … လှတယ်… မိုက်တာက လူကို ပြောတာ

Comment #2

အားပေးတယ်…
အ၇မ်းကောင်း

commentinfo By: moehtetaung18 at Jan 11, 2011
Comment #3

“နင်” အစစ်နဲ့…ရှေ့ဆက်ခွင့်ပြုပါ
“နင်”အစစ်နဲ့…..ငါ့အိပ်မက်တွေ…က ရုန်းထွက်ပါရစေ
“နင်”အစစ်နဲ့…ငါ..အသစ်ဖြစ်ပါရစေ….……….
ဘာလို့လည်းဆိုရင်………..
ငါဆိုတဲ့သူက “နင်” ရှိမှ ဖြစ်မှာ။
အရမ်းကောင်းတယ် ပြောချင်နေတဲ့စကားနဲ့ ကွက်တိပဲ မိုးရယ် ကဗျာလေးတွေ ထပ်ရေးဦးနော်…….။ ကေ အမြဲ အားပေးနေမယ်။

commentinfo By: ကေသရီ at Jan 11, 2011
Comment #4

ကျေးဇူးတင်ပါတယ်….တကယ်..အများကြီးကျေးဇူးတင်တယ်…

commentinfo By: အသဲကွဲမိုး at Jan 11, 2011
Comment #5

ငါဆိုတဲ့သူက “နင်” ရှိမှ ဖြစ်မှာ။
ကျွန်တော်ကောဘဲ

commentinfo By: aung thura at Jan 11, 2011
Comment #6

တိမ်!

commentinfo By: အသဲကွဲမိုး at Jan 11, 2011
Comment #7

“နင်”အစစ်နဲ့…ငါ..အသစ်ဖြစ်ပါရစေ….
“နင်”အစစ်နဲ့…ငါ..အသစ်ဖြစ်ပါရစေ….
“နင်”အစစ်နဲ့…ငါ..အသစ်ဖြစ်ပါရစေ….

commentinfo By: htoowai at Jan 11, 2011
Comment #8

ဒီနေရာမှာတစ်ကယ်နင့် ခနဲဖြစ်မိပါရဲ့ ……………
“နင်” အစစ်နဲ့…ရှေ့ဆက်ခွင့်ပြုပါ
“နင်”အစစ်နဲ့…..ငါ့အိပ်မက်တွေ…က ရုန်းထွက်ပါရစေ
“နင်”အစစ်နဲ့…ငါ..အသစ်ဖြစ်ပါရစေ….

မင်းလူန

commentinfo By: မင်းလူန at Jan 11, 2011
Comment #9

goodပဲဗျာ…. အ၇မ်းကောင်းတယ် အားပေးသွားတယ်
“နင်” အစစ်နဲ့…ရှေ့ဆက်ခွင့်ပြုပါ
“နင်”အစစ်နဲ့…..ငါ့အိပ်မက်တွေ…က ရုန်းထွက်ပါရစေ
“နင်”အစစ်နဲ့…ငါ..အသစ်ဖြစ်ပါရစေ….

commentinfo By: genius.jinx28 at Jan 11, 2011
Comment #10

နင်သိသိမသိသိ…..
ငါ့…ရင်ထဲထိ……
.နံပါတ်1လည်းနင်..
နံပါတ် 2 လည်းနင်….
3,4,5,….ငါ့ရင်ခွင်ဆန့်သလောက်
နံပါတ်တွေတိုင်းရဲ့…သခင်ဟာလည်း….နင်။

ရင်ခွင်ဆန့်သလောက်ဆိုတော့ နံပါတ်တွေ ဘယ်လောက်တောင်များမလဲမသိဖူးနော်….:)

commentinfo By: လင်းဆက် at Jan 14, 2011
Comment #11

“နင်” အစစ်နဲ့…ရှေ့ဆက်ခွင့်ပြုပါ
“နင်”အစစ်နဲ့…..ငါ့အိပ်မက်တွေ…က ရုန်းထွက်ပါရစေ
“နင်”အစစ်နဲ့…ငါ..အသစ်ဖြစ်ပါရစေ….
……….
ဘာလို့လည်းဆိုရင်………..

ငါဆိုတဲ့သူက “နင်” ရှိမှ ဖြစ်မှာ။

အရမ်းကောင်းတယ်…
ဒီလိုကဗျာကောင်းလေးတွေ များများရေးနိုင်ပါစေ…

commentinfo By: လင်းဆက် at Jan 14, 2011
Comment #12

ဖျားသွားတယ် မိုးရယ်…….

commentinfo By: ကြက်ခြေခတ် X at Jan 20, 2011
Comment #13

နေကောင်းဝူးလား X လေး

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #14

အသဲကွဲမိုး မိထားလို့

commentinfo By: ကြက်ခြေခတ် X at Jan 26, 2011
Comment #15

မိုက်တယ်ဗျာ….ဖြေရှင်းချက်က…နောက်တခါ ထီးဆောင်းထား

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #16

နင်သိသိမသိသိ…..
ငါ့…ရင်ထဲထိ……
.နံပါတ်1လည်းနင်..
နံပါတ် 2 လည်းနင်….
3,4,5,….ငါ့ရင်ခွင်ဆန့်သလောက်
နံပါတ်တွေတိုင်းရဲ့…သခင်ဟာလည်း….နင်။

နောက်နံပါတ်တွေတိုင်းမှာလည်း သူပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်….။

commentinfo By: gadounlay at Feb 2, 2011
Comment #17

.ငါ့ရင်ခွင်ဆန့်သလောက်
နံပါတ်တွေတိုင်းရဲ့…သခင်ဟာလည်း….နင်။
ပါဆို…..ကျေးဇူး… gadounlay

commentinfo By: အသဲကွဲမိုး at Feb 2, 2011
Comment #18

ဒီတစ်ပတ်ရော ဘယ်နံပါတ်ကောင်းလဲဟင်? ဘိုးတော်ဘွားတော်တွေမစပါဗျို့…

commentinfo By: forever at Feb 8, 2011
Comment #19

“နင်” အစစ်နဲ့…ရှေ့ဆက်ခွင့်ပြုပါ
“နင်”အစစ်နဲ့…..ငါ့အိပ်မက်တွေ…က ရုန်းထွက်ပါရစေ
“နင်”အစစ်နဲ့…ငါ..အသစ်ဖြစ်ပါရစေ….

Comment #20

ငါ..ချစ်တဲ့နင့်ကို
ငါကြားလိုက်တဲ့သတင်းတွေ…
မကောင်းတိုင်း……ငါပဲဟန်လုပ်
ငါပဲ ..ဖုန်းဖိထေးဖာလို့……….
ငါကိုယ်တိုင်ပဲ..ဗီလိန်ဇာတ်ဝင်က ခဲ့တဲ့သူပါ။
……………………
………………………..
ငါအကြိမ်ကြိမ်…တောင်းပန်ခဲ့ပေမယ်
နင်အခါခါ…အမုန်းတွေကာချထားတော့
ငါ့မှန်ကန်ခြင်းတွေလည်း…….
……လျော့ရဲစွာနဲ့…အမှားအသွင်…
ကူးပြောင်းလုပြီ…..
ဒါတောင်………
နင့်..ဂုဏ်တက်စေဖို့…
ငါ့အသရေ…..ညိုးနွမ်းခံခဲ့တဲ့.သူပါ..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #21

ကဗျာရေးချက် ကောင်းလွန်းတယ်ဗျာ အဖတ်နောက်ကျလို့ ဝမ်းနည်းမိတယ် ။ အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 6, 2011
Comment #22

ကျေးဇူးအများကြီးတင်ပါတယ်နော်….တကယ်ကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Sep 7, 2011
Comment #23

နင်ရှိရှိမရှိရှိ…..
ငါ့မနက်တွေတိုင်းနဲ့
ညတွေတိုင်းရဲ့….နေ၀င်လထွက်စေတဲ့…
အရှင်…နင်…
ငါ့နှလုံးသားထဲ…ထာဝရအဖြစ်….တည်ထားခဲ့သူ။

commentinfo By: sharon myorr myor at Apr 8, 2012
Comment #24

a yan mike de kwar..
special good,
ma moe yae tar a kone kyike de

commentinfo By: ei lay at Apr 8, 2012
Comment #25

ကျေးဇူးတင်ပါတယ်
ကျွန်တော့်ကျွန်တော်ရဲ့ မမမျော နဲ့ မမ အိလေးခင်ဗျား
ပျော်ရွှင်ကြပါစေ

commentinfo By: အသဲကွဲ မိုး at Apr 8, 2012
Comment #26

ပြောစရာမလိုအောင် ကောင်လှပါတယ်ဗျာ …အားပေးသွားတယ်

commentinfo By: မာန်ခက်ဝင့် at Nov 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment