Professional Authors

အလိုလိုနေရင်ပွင်သောပြတင်းချပ်များအကြောင်း

ကပ်ရောဂါတစ်ခုလို
ရုပ်ဝတ္ထုပြောင်းလဲမှု့ မှာ
ယဉ်ကျေးမှု့ ဖောင်းပွလာခြင်းအကြောင်း
ကဗျာထဲဖျော်စပ်တယ်
မိသားစုကိစ္စတွေမှာတောင်
ကိုရီးယားဆန်တဲ့ 
ပြသနာမျိုးကြုံဖူးရဲ့ လား
(ကြုံဖူးရဲ့ )
ပါတ်သက်မှု့ တွေမှာဆကိနွယ်လာတက်တဲ့ 
ဖြစ်ရိုးဖြစ်စဉ်ကြား
ခေါင်းငိုက်ငိုက်လာတက်တဲ့
မိရိုးဖလာအမြင်တွေကို
ကွန်ဆာဗေးဒစ်ဆန်နေတယ်လို့ 
အတင်းစွဲချက်တင်ပြီး
ကိုယ့် ကိုယ်ခေတ်မှီမှီ
ပွင့် ဖူးလိုက်တော့ 
အစဉ်အလာတွေကျကွဲတဲ့ 
မနက်ဖြန်မှာ
ကျနောကကဗျာနဲ့ ယူကြုံးမရဖြစ်တယ်။
ကဗျာက
ဂလိုဘယ်လ်လိုက်ဇေးရှင်းဖြစိစဉ်အကြောင်း
သင်ကြားတယ်မေမေရေ

                                     မင်းလူန

In: ကဗျာ Posted By: Date: Jan 11, 2011
Comment #1

comment ရေးတဲ့နေရာမှာ စာလုံးပေါင်းမှားတာ ပြသနာမရှိဘူး ကိုမင်းလူနရ … ဒါပေမယ့် အစ်ကိုရဲ့ ကဗျာလှလှလေးတွေပေါ်မှာ စာလုံးပေါင်းမှာတာ မကောင်းဘူးဗျ… သတိထားပါဗျာ……..
😛

Comment #2

ပြောရင်း ဆိုရင်း လိပ်ပြာဝဋ်လိုက်ပြီ…….. စာလုံးပေါင်းမှားတာ မကောင်းဘူးလို့ပြောတာ……….

Comment #3

သြော်…၀ဋ်……
ကိုမင်းလူန ကဗျာလေးကောင်းတယ်

commentinfo By: အသဲကွဲမိုး at Jan 11, 2011
Comment #4

အလိုလိုနေရင်းပွင့်နေသောတံခါးချပ်များ
အလင်းတန်းတွေ
ငါ့အအခန်းထဲ လဲ့ဖြာကျဆင်း…….

ကောင်းတယ်အကို
အားပေးတယ်

commentinfo By: moehtetaung18 at Jan 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment