ဘ၀နာသူများအကြောင်း ၂
စနေနေ့
၃း ၅၅ မိနစ်
ညနေတခင်း
ကမ္ဘာ တစ်ထောင့်မှာ
မွေး ခြင်း ဖွားခြင်း စတင်ပီး
ငါဆိုတဲ့ သူရူးတစ်ကောင်
စတင် လာတယ်
ငိုသံ ဆို့ဆို့ တစ်ချက်နဲ့။။။။။။။။။။။။။။။။။။။။။
ဒီလိုပါပဲ
ဆက်တိုက် ..ဆက်တိုက် …
ပုံမှန်…….စုံကန်ပီး
ကြီးထွားလာရ
နာရ…ကျင်ရ …
ပျော်ရ…ရွှင်ရနဲ့။။။။။။။။။။
ဘ၀တွေ တခါ တခါ
သေအောင် ..ခါးရတယ် ..
ဒါလဲ ..
ဆေးတခွက်လို့ ဆို
မြိုမြို ချရတယ်
နက်ဖြန်တွေ
အသက်ဆက်ရဦးမယ်လေ။။။။။။။။။။။။။။။။။။။။
လူဆိုတဲ့ လူပီသမှုတွေ
သင်…ယူ ရင်း
လူဆန်ခြင်းကို ရွံ့ရှာတတ်လာတယ်။။။။။။။။
လူ့ အသိုင်းအ၀ိုင်း ထဲက ဖောက်ထွက်
ငါပဲ …လူမဆန်စွာ….လူမဆန်တာလို့
သမုတ်ခံရတယ် .
…ဒါလဲ …
ကျေ…….နပ်….တယ်။။။။။။။။။။
တခါ တရံ ထက် ပိုနည်းတဲ့
ဒုက္ခ ထက် ပိုသက်သာတဲ့
ရွှေ့လျား….လှုပ်ခတ် ခြင်းနဲ့ လားလားမှ မဆိုင်တဲ့
အသုံးအနှုန်းတွေငါလိုအပ်တယ်
တရံ တခါတွေ
တခါတလေ တွေ
များများလာရင်း
ရှည်ကြာမှုဆိုတဲ့
တည်မြဲ မှုဆိုတဲ့
သူခဆိုတဲ့
စကားတွေတောင်
ငါ့ရဲ့ ခပ်လှမ်းလှမ်းမှာမှိန်နေလေရဲ့။။။။။။
ရပါတယ်
ငါ
ငိုချင်လာရင်
ငိုနေရင်
မွန်းကြပ်လာရင်
လာတော့လာပါ
နှစ်သိမ့်မှု မပါလာပါစေနဲ့
ခေါင်းအုံးတလုံးနဲ့
ရေတခွက်သာလာချထားလိုက်
ပတ်ဝန်းကျင်မညစ်ညမ်းစေပဲ
မည်သူကိုမှ မထိမခိုက်မနာမကျင်
စေပဲ
…ရင်ဖွင့်ချမယ်…
ချစ်ခြင်းနဲ့ ငါ
မြူတမှုန်ရဲ့ ၂ ပုံ ၁ ပုံတောင်
မအပ်စပ်တာ
ငါ
သိ..သိလာတယ်
ဒီအတိုင်းပဲ
ရင်တွေထိုင်ကွဲပီး
တမ်းချင်းတွေ ညည်းလိုက်တယ်
ဆန္ဒတွေ
သန္ဓေတည်ပီးမှ
ခဏခဏ ဖျက်ဖျက်ချရတယ်
ဒီရင်ဘတ်လဲ အမြဲဟောင်းလောင်း
အသည်းတွေ တဆတ်ဆတ်တောင်
ခါတယ် ..နာလွန်းလို့
ချောင်ပိတ်ပီး
တိတ်တိတ်ဆိတ်နေဖို့ မညွှန်ကြားမိပါစေနဲ့
တင်းမာ နာကျည်းမှုတွေ ပေါက်ကွဲ မထွက်ခင်
ပြတင်းတပေါက်
အလင်းတမှုန်စာလောက်
ခပ်ဟဟဖွင့်ထားလိုက်ပါ
ဘ၀တွေ နာရတာရဲ့
တန်ကြေးတဖြစ်လဲ။။။။
သံယောဇဉ်
i’m xo sick of being me
Comment #2
ဘ၀တွေ တခါ တခါ
သေအောင် ..ခါးရတယ် ..
ဒါလဲ ..
ဆေးတခွက်လို့ ဆို
မြိုမြို ချရတယ်
နက်ဖြန်တွေ
အသက်ဆက်ရဦးမယ်လေ။။။။။။။။။။။။။။။။။။။။
By: Wa Lone Lay at May 2, 2014




Comment #1
ပြတင်းတပေါက်
အလင်းတမှုန်စာလောက်
ခပ်ဟဟဖွင့်ထားလိုက်ပါ
ဘ၀တွေ နာရတာရဲ့
တန်ကြေးတဖြစ်လဲ။။။။
လုလင် အားပေးသွားပါသည်