Professional Authors

ချစ်ခြင်းတစ်ခု၏ မျက်ရေစက်များအကြောင်း……..

“ညီမလေး” ရယ်
မိမိကိုယ့်ကိုသာ ချစ်ခင်တက်ကြတဲ့
ဒီလောကကြီးရဲ့  အလယ်မှာ
ကိုယ့်ကိုကိုယ် မခင်တွယ်
ခိုင်မြဲတဲ့ သံယောဇဉ်တွေနဲ့
မင်းကို ချစ်နေခဲ့တာ  ကိုယ်ပါ……….
မင်းပြောသမျှ သဘောကျရင်ခုန်
မင်းမျက်နှာလေး မြင်ရုံနဲ့
မျက်လုံးစုံမှိတ်ရင်ထဲကြိတ်လွမ်း
စိတ်ကူးလေးနဲ့  နမ်းခဲ့ရတာ  ကိုယ်ပါ………
ရင်မှီနွဲ့ဆိုး  ခိုကိုးဖတ်တွယ်
လက်သွယ်နွယ်ယှက်  ကေသာလှိုင်းရဲ့
အလွမ်းမှိုင်းမိ  နွမ်းယိခွေယိုင်
မမြင်ရ မနေနိုင်တာ  ကိုယ်ပါ……..
မင်းတစ်ခါပြုံးရင်
အရမ်းလှတဲ့ ပန်းလေးတစ်ပွင့်..ပွင့်တယ်
အဲ့ဒီ…ပန်းပွင့်လေးတွေကြားမှာ
တွယ်ကပ်ကျန်ရစ်ခဲ့တဲ့  စကားသံလှလှလေးတွေ…
ပြန်ကြားချင်တယ်…….
အတူဆုံတွေ့ချိန်မှာ  နားထောင်တွယ်မက်ဖူးတဲ့
“ညီမလေး” ရဲ့ ရင်ခုန်သံတွေ…
ပြန်ကြားချင်တယ်…….
တစ်နေ၀င်သွားတာနဲ့ 
ညရဲ့နံရံ  အိမ်မက်ထဲမှာပြန်တွေ့
မေ့လို့မရ  တသသနဲ့
ညတွေကို ကုန်လွန်ခဲ့ရတာ  ကိုယ်ပါ……..
မနက်လင်းတာနဲ့ သက်ပြင်းကိုတစ်ခါချ
“ညီမလေး” ကိုသတိရတာ
ဒါ ထာဝရ ပါပဲ…
တွယ်တာခဲ့သမျှ အခု ဘဝ
ခဏဆိုတဲ့ ကာလမှာ
ချစ်သူနဲ့ အတူနေဖို့အရေး
တွေးတောမြင်သိ  ပီတိစိတ်ကူး
သိပ်ရူးခဲ့တာ ကိုယ်ပါ……
မာယာအပြုံး ဟန်ဆောင် အပြုံးအပင့်တချက်မှာ
ကိုယ့် မနက်ဖြန်တွေ လွင့်ပျောက်သွားခဲ့ရတာ……….
ရက်စက်လိုက်တာ “ညီမလေး” ရယ်
အိမ်မက်တွေ ဆိုး   ကောင်းကင်မိုးပြိုပျက်
အငိုခက် အရှိုက်ခက်
ရက်စက်မှုတွင်း နက်နက်ထဲမှာ
ကိုယ့်ကို မြုပ်နှံခဲ့တာ ဘယ်အငြိုးကြောင့်လဲကွယ်……..
လူတွေကို မယှဉ်ပြိုင်ရဲ
အပူတွေကို ရင်မဆိုင်ရဲ
အတူနေမယ့် စိတ်ကူးယဉ်အိမ်ငယ်လေး
အတွေးထဲမှာတင်ပျက်စီးသွားခဲ့ပြီ……
ကျေးဇူးပြုပြီး…..
မုန်းတယ်လို့  မပြောလိုက်ပါနဲ့
မေ့လိုက်ပါလို့လည်းမပြောလိုက်ပါနဲ့ဟာ……
မမေ့မမုန်း  ကုန်ဆုံးသွားတဲ့ ရက်..လ..နှစ်..
ချစ်ခြင်းတွေ သန္ဓေရင့်တော့မှ
မင်းဖွင့်မပြောခဲ့တဲ့  မာယာတခု
ကြေကွဲမှုအဖြစ် ရေတိမ်မှာ ငါနစ်ခဲ့ပြီ…….
ငါ့ရဲ့ ကောင်းကင်အောက်က
မင်းပျောက်ကွယ်သွားတဲ့ကာလမှာ
အလွမ်းတစ်ထောင်နဲ့ ကျမ်းတစ်စောင် မဖွဲ့ချင်ပေမယ့်
နာကျင်တဲ့ ကိုယ့်နှလုံးသားထဲက
အရေးယူမယ့် စကားတစ်ခွန်းကိုတောင်
ပစ်ပယ်ရှောင်ပုန်း
မင်း ….ကိုယ့်ကို ပြုံးပြပါဦး “ညီမလေး” ရယ်
ပြန်တောင်းလို့ရရင်  ပြန်တောင်းချင်တယ်………
ပျောက်ဆုံးသွားတဲ့ ငါ့မနက်ဖြန်တွေ ပြန်ပေး
ပျက်စီးသွားတဲ့   ငါ့ယုံကြည်မှုတွေ ပြန်ပေး
မင်းနဲ့ငါဝေးသွားပြီပဲ………
ကောင်းကင်ကြီးလည်း စိမ်းသွားပြီ
ကြွေကျသွားတဲ့ မျက်ရည်တစက်တောင်
အစိမ်းရောင်အသွင် ပြောင်းလဲလို့ သွားခဲ့ပြီ…
နှုတ်မဆက်တော့ဘူး
“ညီမလေး” ရယ်………….
ကိုယ့်…နှလုံးသား  က
သေဆုံးလို့ သွားခဲ့ပြီ……….
ဝဋ်ကြွေးတွေ ကုန်ဆုံးမယ့် တစ်နေ့မှာ
ကျိန်စာတွေ ပြယ်လွင့်မယ့် တစ်နေ့မှာ
ငါ့ .. ခြောက်သွေ့ခြင်းတွေကို
ပြန်ပြီး…စိမ်းလန်းခွင့်ပြုပါ “ညီမလေး”  ရယ်………။    ။

ပုသိမ်မြို့။ကိုးဆူရွာမှ  အသည်းကွဲသမားလေး….W.P.M.   ဝေဖြိုးမောက်..။  ။

In: ကဗျာ Posted By: Date: May 17, 2013
Comment #1

ချစ်တူး မင်းမငိုလိုက်နဲ့နော် ဒါဏ်ရာတွေပေးခဲ့တဲ့မင်ချစ်သူအတွက်

commentinfo By: shinelalin at May 17, 2013
Comment #2

feel so sorry.
!-!

commentinfo By: ei lay at May 18, 2013
Comment #3

ပေါက်..ပေါက်…
မှတ်ချက်…မျက်ရည်ကျသံ

commentinfo By: kyawnainglin174 at May 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment