အာပတ်ဖြေ
မမေးသော်လည်း ပြောပြခွင်.ပြုပါ
တစ်စုံတစ်ရာ ဆုလာဘ်မျိုးကို မျှော်ကိုးပြီး
ရိုးသားမှုကို ခပ်ပါးပါးလိမ်းခြယ်ခဲ.ဖူးပါသည်
အလင်းရောင်ကို မျက်ကွယ်ပြုပြီး
အမှောင်၏ အပြုအစုတွင် သာယာခဲ.ဖူးပါသည်
ခွင်.မလွှတ်နိုင်လည်း သည်းခံကြပါ
ဆန္ဒတို.စေရာ အထိန်းကွပ်မဲ. လိုက်ပါပြီး
အိမ်နှင်.ဝေးရာတွင် အခါခါကြည်မွေ.ခဲ.ဖူးပါသည်
တစ်စုံတစ်ရာကို စိုးထိတ်ထောက်ရှုပြီး 
အမှန်တရားဘက်မှ သက်သေပြုရန် ပျက်ကွက်ခဲ.ဖူးပါသည်
မရည်ရွယ်ဘဲ ပြုမိသော အပြစ်များ
ရည်ရွယ်လုပ်ဆောင်မိသော အပြစ်များ
ထိုထိုသော အပြစ်များတို.ကို ဆေးကြောခြင်းငှာ
ပေါက်ပြဲသော လက်ဖ၀ါး
စွန်းထင်းညစ်ထေးသော အ၀တ်အစားတို.နှင်.
(ကျွန်ုပ်)ခေါင်းငုံ့ညွတ်တွားလျက် ရှိပါ၏
အမှားတို.အတွက် ပေးဆပ်ပြီး 
ဘ၀ကို ပြန်လည်တပ်ဆင်ပါရစေသား
Comment #4
lane mar lar p.
                        By: ei lay at Aug 19, 2011
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
ွှအမှားသိလို့ အမှန်ပြင်နေပြီပဲဟာ ကောင်းခြင်းတွေ ရောက်လာမှာပါ… အမှားတွေကို မငြီးမငြူပေးဆပ်တဲ့ ယောက်ျားကောင်းဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ……..