Professional Authors

မနက်ခင်းများ နိုးထသော်

ယခု ယခင် သင်နိုးထလျှင်
လန်းဆန်းနက်ခင်း စိတ်ရွှင်ခြင်းငှာ.   
ကြည်ဖြုစိတ်ထား ရှိကြလော့။.  ။

မျက်စိအလင်း နိုးဖွင့်သောခိုက်
ဦးစွာသတိ ရမိတရား
အော် ငါသည်ကား
မီးကိုတိုးတိုး ဖလံပိုးမျိုး
မဖြစ်လို၏ ဆင်ခြင်အသိ 
ရင်ဝယ်ရှိစေ.    
မနက်ခင်းများ ဖွင့်လျှသော်။.  ။ 

လူကိုလူထင် စာနာကာလျှင်
ထိုထိုအပြုံး တန်သောအကျိုး
သင့်အား   ပေး၏.  ။ ။ 
ဖေးကူမပါ သူ့လိုအင်မှာ
သင်လည်းမုချ တူရွှင်ပျမည်
လက်တွေ့မက နိဗာန်လှမည်
နိုင်ထက်စီးနင်း ကင်းကာရှင်းစေ 
မနက်ခင်းများ. ဖူးပွင့်သော်။. ။

စိတ်၏အလင်း ကြည်လင်ခြင်းငှာ 
ရင်တွင်း၌ရှိရာ စိတ်သာသိသည်။
မိမိကောင်းကျိုး မိမိပိုးသည်
လောကအလှ သဘာဝကား
ငါးပါးတရား သီလအကျင့်
သိမြင်နားလည် တတ်ပေသော်ငြား
လိုက်နာသုံးချ ကျင့်ကြံတတ်ရန်
တိမ်မယောင်နက် လွယ်ယောင်ခက်မို့
သင်နှင့်သင့်စိတ် 
သင်သာပိုင်၏.။.  ။  

ရှေးရှုအကောင်း မွန်မြတ်စေကြောင်း
ဖြူကာစိတ်ထား ငဲ့ညာတပါး
လေးစားရိုင်းပင်း ပေါင်းသင်းထွေလှာ
ချစ်ခင်ရာ၏. 
လက်ရှိ လောက သင့်ဖို့ရာတည်း
ကြီးကျယ်ပြည့်ဝ နိဗာန်လှမည်
ဂုဏ်ယူမဆုံး အပြုံးမျက်နှာ
တန်ဆာဆင်ကာ
နိုးထကြစေ. နိုးကြစေ
မနက်ခင်းများ နိုးထသော်(ဝ်).   ။.      ။.         ။.           ။.                     ။ 
       
                                    (မိုးသောက်)

In: ကဗျာ Posted By: Date: Feb 19, 2013
Comment #1

so nice

commentinfo By: ei lay at Feb 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment