Professional Authors

အချစ်ဆိုသောထိုအရာ

ဲဖြစ်ပါစေတော့ရယ်လို့ 

လုပ်ယူဖန်တီးခြင်းငှာ

မစွမ်းသာ…

မနှစ်သက်ဘူးရယ်လို့ 

ပြန်လည်ဖျက်ဆီးခြင်းငှာ

မတတ်နိုင်ရှာသော

ထို အရာကို

အချစ်ဟု ခေါ်ဆိုပါသည်..။

 

ထိုအချစ်သည်

တူညီသော အချစ်

ကြင်နာတွယ်တာမှုများနှင့်

ပေါင်းစပ်သောအခါ

သာယာသော

အချစ်ဗိမာန် သို့ မဟုတ်

ပျော်ရွှင်ဖွယ်ရာကမ္ဘာလေး

ဖြစ်လာပါသည်…။

 

တခါတရံတွင်

ထိုအချစ်သည်

လျစ်လျူရှုခံရကာ

ဥပေက္ခာတရား

နာကြင်မှုများနှင့်

စွန့် ပစ်ခံရဖန်များလာသောအခါ

နာကြည်းမှု

အာဃာတ,တရားတွေနဲ့ 

အမုန်းဆိုတာ

ဖြစ်ပေါ်လာတတ်တယ်…။

In: ကဗျာ Posted By: Date: Jun 5, 2011
Comment #1

နောက်ဆုံး အပိုဒ် ထိ မခံစားချင်တာတော့ အမှန်ပါ
ကောင်း၏

commentinfo By: maharmyo at Jun 6, 2011
Comment #2

i agree with maharmyo.

commentinfo By: ei lay at Aug 7, 2011
Comment #3

အင်း …ကျွန်မလဲတူတူပဲ …။

commentinfo By: သက်ထား at Aug 7, 2011
Comment #4

မိုက်တယ်ဗျာ…နောက်တစ်ခါလဲလန်းလန်းလေးတွေတင်ပေးပါအုံး

commentinfo By: E-than at Sep 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment