Professional Authors

သစ်ရွက်သို့ အဖြေ

နင့်ရဲ့ မျက်နှာပုံဖော်
အမြဲလိုလို လွမ်းနေတတ်သူတစ်ယောက်ကို
မှတ်မိပါ့မလားလို့ နင်မေးရင်
ငါ ခံစားရတယ်… ဘာလို့လဲ
နင်ဖြေပေးနိုင်မလား…….

နှင်းမှုံတွေကြားထဲ
အဖော်အသစ်နဲ့ ပျော်ပါတယ်လို့
နင် စွပ်စွဲရင် ….
ရာသီစက်ဝိုင်းပြောင်းတိုင်း
ငါ့နှလုံးသားအသစ်မပြောင်းနိုင်လို့
ငါ ဘယ်လိုစိတ်မျိုးနဲ့
ပျော်နိုင်ပါ့မလဲ…….
နင်ပြန်ဖြေပေးပါ…………

လူဆိုတာ မျှော်လင့်ချက်နဲ့
ရှင်သန်တတ်တယ်ဆိုတဲ့အတိုင်း…..

နင့်နှလုံးသားခြောက်ခြောက်ကို
ငါ့နှလုံးသွေးနဲ့ ထပ်လောင်းဖြည့်စွတ်နိုင်ဖို့
မျှော်လင့်ချက် တစ်ခုထဲနဲ့
နှလုံးသွေးကို သန့်စင်အောင် ထားထားတဲ့
လူတစ်ယောက်ကို
အပင်တစ်ပင်ရဲ့ မူအကြောင်းမေးစရာလိုမယ်လို့
နင်ထင်လား…………..
နင်ဖြေပါ………

Comment #1

ကြိုက်လို့ ကူးသွားတယ်။
ခွင့်ပြုပါ။

commentinfo By: ချမ်းမြနန္ဒာ at Jan 5, 2011
Comment #2

ယူပဲ ယူပြီးနေပြီပဲဟာ……… ခွင့်ပြုပါတယ် အမိရယ်………..
😛

Comment #3

ကောင်းတယ်….အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 6, 2011
Comment #4

အကိုမေးတဲ.လူက
သီတာမဟုတ်ပေမယ်.
ဘေးကလူတစ်ယောက်ခံစားချက်နဲ.
နင်ဖြေပါလို.မေးရင်တောင်
ပေးဖို.အဖြေတွေမရှိဘူး…..အကိုရယ်။

commentinfo By: homerungirl1 at Jan 6, 2011
Comment #5

ae’ lout taung chit tat tha lar – ma htin par bu
heart ma shi buu lo bal htin tal

commentinfo By: moesatlay at Jan 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment