Professional Authors

သစ်ရွက်ကြွေ (စိုင်းဝင်းမြင့်)

အခုလောက်ဆိုရင်
မင်းဆံပင် ဘယ်လောက်ရှိပြီ။
အခုလောက်ဆိုရင်
မင်းအရပ် ဘယ်လောက်ရှိပြီ။
ငါ့မှာ
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့နေ့လေးတစ်နေ့နဲ့။
အလွမ်းအဆွေးဟာ
မင်းဘဝအတွက် မတိုးတော့တဲ့ ဆေးလား။
လမ်းကလေးဟာ
ငါ့ဘဝအတွက် မဆုံးတော့တဲ့ အတွေးလား။
သြော့်
မင်းထားခဲ့တဲ့ တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ်။ ။

စိုင်းဝင်းမြင့်

Leave Comments

Name*

Email*
Website
Email me whenever there is new comment