Professional Authors

စောင့်စားသူ

အဆင်မပြေခြင်းနံရံနောက်

ငါ့ခြေလှမ်းတွေရွှေ့မလို့ကြိုးစားတုန်း

နံရံက ပြိုကျလာတယ်။

မွန်းကျပ်ခက်ခဲခြင်း

တိတ်ဆိတ်ဆွံ့အရင်း

စိတ်ဓာတ်တွေအငွေ့ပျံကုန်ပြီ။

လည်ပတ်ဆဲ နာရီလက်တံထက် ဖက်တွယ်လိုက်ပါရင်း

အချိန်ဟာ ဘ၀ကို ဒရွတ်တိုက်ဆွဲခေါ်သွားတယ် ။

သီအိုရီတွေနဲ့ အသိတွေကို ဘောင်ခတ်တုန်း

ဘ၀ပေးအသိတွေနဲ့ ဆန္ဒတွေကို ဘောင်ခတ်တုန်း

မဖြစ်နိုင်ခြင်း ကမ်းတစ်ဖက်က

မျှော်လင့်ခြင်းလှေငယ်ကို စောင့်စားတုန်းလေ ။

In: ကဗျာ Posted By: Date: Jan 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment