Professional Authors

သစ်ပင်သေဂီတ (မင်းခိုက်စိုးစန်)

ဓားသွေးတဲ့အသံကို
ဂီတမဆန်ဘူးလို့ ဘယ်သူပြောမလဲ

သူလိုငါလို အသက်ရှုရဖို့တောင်မှ
ခွင့်စာရေးပြီးတင်ခဲ့ရတယ် ဟောဒီ၎ ‘သား’ကို
အမေက
ဝဋ်နာကံနာ တစ်ခုလိုချစ်ခဲ့တယ် …

မေမေရေ …
သားဟာမေ့မေ့အတွက်
လက်လွန်သွားခဲ့တဲ့ ဒဏ်ရာတစ်ခုပေါ့

အပွင့်တွေခူးဖို့
တစ်ပင်လုံးခုတ်လှဲခံထားရတဲ့ ပိတောက်ပင်လို
မေမေ့ကိုမြင်မိတယ်

(အစကတည်းက ဒီလိုမှန်းသိရင်
သား … မဖူးပွင့်ချင်ခဲ့ပါဘူး မေမေရယ်)

“နာကျင်နေတဲ့ နှလုံးသားကို
ရှာဖွေရတာ အလွယ်ကူဆုံးပဲ” … တဲ့
သစ်ခုတ်ဓားဟာ
အမေ့နှလုံးသားကိုပဲ
“အလွယ်တကူ” ရှာဖွေထိုးစိုက်ခဲ့တော့တယ် ….

မင်းခိုက်စိုးစန်

Comment #1

သူလိုငါလို အသက်ရှုရဖို့တောင်မှ
ခွင့်စာရေးပြီးတင်ခဲ့ရတယ် ဟောဒီ ‘သား’ကို
အမေက
ဝဋ်နာကံနာ တစ်ခုလိုချစ်ခဲ့တယ် …

commentinfo By: အသဲကွဲမိုး at Nov 24, 2010
Comment #2

ဆ၇ာ မင်းခိုက်စိုးစံ ကဗျာ တွေကို ဖတ်ရတဲ့ အတွက်….ကျေးဇူးတင်ပါတယ်..လုံးချင်းဝတ္ထုများလည်း အမြန်ဆုံးတင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်….

commentinfo By: thelkothel at Dec 17, 2010
Comment #3

ဆရာမင်းခိုက်စိုးစန်ရဲ့ ကဗျာတွေထဲမှာ ဒီကဗျာကို အလေးစားမိဆုံးပါဘဲ..။ တော်တတ်ကြတယ်

commentinfo By: TK at Oct 28, 2012
Comment #4

အကောင်းဆုံးဘဲဗျာ… ဘယ်နှစ်ခါအထိ ကွန်မန့်ပေးနေမိမလဲမသိတော့ဘူး

commentinfo By: တက်ခေတ် at Nov 16, 2012
Comment #5

ကောင်းလိုက်တာနော်

commentinfo By: မေပျို at Nov 16, 2012
Comment #6

နောက်တစ်ခါ လာပေးပြန်ပြီ ဆရာရေ့ တတိယ အကြိမ်မြောက်ပါ… အရမ်းလေးစားတယ်

နိုးဆက်နေ့

commentinfo By: 13th at Dec 4, 2012
Comment #7

စတုထ္ထကြိမ်မြောက်အဖြစ် အကြိုက်ဆုံးကဗျာကို လာဖတ်မိပြန်တယ်…

တစ်ခေါဖတ်ရင်း တစ်ခါလေးစားရင်း ပါဘဲဆရာ..

သက်ရှိထင်ရှားရှိနေသေးတဲ့ ဆရာ့ကဗျာတွေစာတွေကိုဘဲ မျှော်နေမိတယ်…

ထာဝရလေးစားလျက်
နိုးဆက် နေ့

commentinfo By: နိုးဆက် နေ့ at Dec 29, 2012
Comment #8

နာကျင်နေတဲ့ နှလုံးသားကို
ရှာဖွေရတာ အလွယ်ကူဆုံးပဲ” … တဲ့
သစ်ခုတ်ဓားဟာ
အမေ့နှလုံးသားကိုပဲ
“အလွယ်တကူ” ရှာဖွေထိုးစိုက်ခဲ့တော့တယ် ….

တ ကယ် ကို မ နာ လို စ ရာ အား ကျ စ ရာ ကောင်း တဲ့ အရေးအသားပါဗျာ…. ထပ်ခါခပ်ခါ ရွတ်သွားပါတယ်….

commentinfo By: နိုးဆက် နေ့ at Dec 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment