Professional Authors

“နေကြတ်တဲ့ နေ့”

“နေကြတ်တဲ့ နေ့”

အလွမ်းတွေကို မြိုထားရတာ
မချိုတော့ဘူး မေမေ

ချာတိတ်ရေ
ဖရိုဖရဲ အိပ်မက်အဆုံး
မင်းပုံရိပ်လေးပဲ
ခေါင်းအုံး အိပ်ချင်တော့တယ်

အရောင်မဲ့မဲ့ ကြယ်အိပ်မက်တွေ
ငါ့ ကောင်းကင်မှာ အုပ်စိုး
မိုးမရွာတော့မဲ့ နက္ခတ်နဲ့
နေ့သစ်တွေ သိမ်ငယ်ရှာတော့မယ်

ချစ်တယ် ချာတိတ်ရယ်
တဖတ်သတ်သာ လင်းခွင့်ရှိပေမဲ့
မင်း ငြိမ်းချမ်းအိပ်စက်စေဖို့
ငါ့ရင်ထဲက နေကို ကြတ်ပေးထားတယ်

အလွမ်းတွေကို မြိုထားရတာ
မချိုတော့ဘူး မေမေ

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Sep 11, 2010
Comment #1

I Like this poem

commentinfo By: thidangenge at Sep 21, 2010
Comment #2

အရောင်မဲ့မဲ့ ကြယ်အိပ်မက်တွေ
ငါ့ ကောင်းကင်မှာ အုပ်စိုး
မိုးမရွာတော့မဲ့ နက္ခတ်နဲ့
နေ့သစ်တွေ သိမ်ငယ်ရှာတော့မယ်
အလွမ်းတွေကို မြိုထားရတာ
မချိုတော့ဘူး မေမေ
……….
………………..တူနေတယ်………ကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Jan 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment