Professional Authors

ဒွိဟ

တစ်ခုခု ကို ရခဲ့သလား
တစ်ခုခု ဖြစ်ခဲ့သလား
တစ်ခုခု စွန့် လွတ်ခဲ့ရသလား
တစ်ခုခု ကို မှ မလုပ်ခဲ့ဘူးလား
လိုချင်တာတွေ
မလိုချင်တာတွေ
များစွာရှိနေ၏
ချစ်ခဲ့မိ၏
မုန်းခဲ့မိ၏
သံယောဇဉ် တွယ်မိ၏
ဥပေက္ခာ ပြု ခဲ့မိ၏
ဘာပဲဖြစ်ဖြစ်ပေါ့
နှစ်တစ်နှစ်တော့
ကုန်ခဲ့ပြန်ပြီ
နောက်တစ်နှစ်ကို
ကူးရတော့မယ်
နှစ်သစ်ကို ကြို ဆိုရမလား
နှစ်ဟောင်းကို ပဲ နှုတ်ဆက်ရမလား
သေချာတာက တော့
ဒီနှစ်ခုကြားမှာ မသိမသာတော့
နေလို့ မရဘူးဆိုတာပဲ
အကုသိုလ်တွေ အများကြီးလုပ်ခဲ့မိတယ်
ကုသိုလ်ဆိုတာတော့မရှိသလောက်ကိုနည်းတယ်
သိသည်ဖြစ်စေ
မသိသည်ဖြစ်စေ
ကျွန်တော် အသက်တစ်နှစ်ကြီးခဲ့ပြီ
သိသည်ဖြစ်စေ
မသိသည်ဖြစ်စေ
နှစ်တွေ ကတော့
တဖြည်းဖြည်းနဲ့ ကုန်နေမှာပဲ
ဒီနှစ်ပြီးတာနဲ့
နောက် နှစ်က ၂၀၁၂လေ
လူတွေ ပြောပြောနေတဲ့
ကမ္ဘာပျက်မဲ့နှစ်ဆိုတာ
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ကျွန်တော် က တော့ကြောက်သည်
ယုံချင်နေမယုံချင်နေပါ
သူများတွေ ကြောက်သလောက်တော့
ကျွန်တော် မကြောက်ပါ
လူဆိုတာသေမျိုးပဲလေ
အဆိုတော် နေမျိုးရဲ့ညီ
အဲ ဟုတ်ပါဘူး
ပညာရခဲ့သလား
ကြင်ရာရခဲ့သလား
ဥစ္စာရခဲ့သလား
မေတ္တာရခဲ့သလား
ဒီနှစ်အတွင်း
ကျွန်တော် မှာ ဘာမျှ မရှိ
နိတ္တိ ကင်း ရှင်းချေလေပြီ
နှစ်သစ်ကို ကြို ဆိုဆိုမ ဆိုဆို
ဒင်းက တော့ လာဖြစ်အောင်လာမှာပဲ
ဘာပဲဖြစ်ဖြစ် ကြိုး စားရအုံးမည်
ဒီတစ်နှစ် မဖြစ် ရင် နောက်တစ်နှစ်မှာဖြစ်အောင်
ပညာ၊ ကြင်ရာ၊ဥစ္စာ ၊မေတ္တာ တခုခုပေါ့
ဘာပဲဖြစ်ဖြစ်
ကျေနပ်နပ်
မနပ် နပ်
ဒီနှစ်က တော့ ဒီရလဒ်ပဲပေါ့…..။

In: ကဗျာ Posted By: Date: Dec 31, 2010
Comment #1

a le.
kaung tar pe,

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment