Professional Authors

မြွေ (ပိုင်စိုးဝေ)

အဝေးက မြွေတွန်သံကို
ငါကြား တဖြည်းဖြည်း နီးကပ်လာ
ပိုပြီး လေးနက်ကြွယ်ဝတဲ့
ဘဝရဲ့အဓိပ္ပာယ်ကိုတွေ့ဖို့
ကျွန်တော်လာခဲ့တယ်တဲ့။
သူ့ခမျာ
(အမျိုးကောင်းသား အဲဒီမြွေခမျာ)
ရွှေဘုံသာလမ်းမှာ ကျွန်တော်ကြုံရသလိုမျိုး
ကြုံရရှာပေါ့။

လေးစားဂုဏ်ပြုထိုက်ပေရဲ့
ဦးခေါင်းတစ်ခုလုံးကြေမွနေတာတောင်
အမြီးကိုလှုပ်ပြနိုင်သေးတာ
ဂုဏ်ပြုလောက်စရာပါပဲ။

ဒါပေမယ့် စိတ်တော့မကောင်းဘူးကွာ
မယဉ်ကျေးလှတဲ့တို့ရဲ့ ရာဇဝင်ကို
တို့ သည်လိုပဲ ရေးကြရတော့တယ်။

ပိုင်စိုးဝေ
သောင်းပြောင်းထွေလာ မဂ္ဂဇင်း
၂၀၀၄

Comment #1

ရာဇ၀င်ရေးတဲ့လက်တွေ သွေးစွန်းခဲ့ကြပေါ့ရှင်…

commentinfo By: မှုံရွှေရည် at Jul 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment