Professional Authors

တိတ်ဆိတ်စွာနှုတ်ယူသွားသော ငါ့၏နွေဦးဝိဥာဉ်

ရွက်ကြွေတွေကိုငေးရင်း
တွေးနေမိတဲ့ အကြောင်းတစ်ခုရှိတယ်..
မတွေ့ရရင် နေပါစေဟာ..
ဝေးရမှာ ငါပိုကြောက်လို့ပါ…….။

ခုတလော ညတွေထက်
ငါ့အရိပ်တွေပိုပိုမှောင်လာသလိုပဲ..
ဒါပေမယ့် ဟာ….
(နင်တောင်ငါ့အနားမှာမရှိတော့)
အလင်းရောင်ဆိုတာ ငါ့အတွက်
မလိုအပ်ဆုံးတောင်းဆုတစ်ခုလိုပါပဲ…။

လူတစ်ယောက်ကိုချစ်မိရင်
တွေရမယ့်မနက်ထက်
ဝေးရမယ့်ရက်ကို
ပိုပိုတွက်တတ်လာတတ်တယ်…

နင်အတွက်နေမင်းမဟုတ်ခဲ့ရင်တောင်
နေ့ခင်းလောက်တော့
လင်းချင်ခဲ့တဲ့ကောင်ပါ……..။

ထားလိုက်ပါတော့…….
ကျောခိုင်းထွက်ခွာသူရှိမှတော့
နှုတ်ဆက်လက်ပြသူရှိရမှာပေါ့..
(တစ်ခန်းရပ် ဖြစ်ခဲ့ရင်တောင်)
ပြန်လာနိုင်မယ့်ရက်ကို
နေ၀င်ရာအရပ်ကနေပဲ
စောင့်နေဖြစ်မှာပါ……….။

တိုက်ဆိုင်မှုတွေကြောင့် တွေးမိလို့
မလွမ်းတတ်ခဲ့ရင်တောင်
(နင့်အတွက်ရယ်စရာ အကောင်းဆုံး)
ငါ့ရင်ခုံသံတွေကို
ခဏတဖြုတ်လောက်
နင်ထုတ်ထုတ် ကြည့်လိုက်ပါ………..။

                                                               terry (25.12.2010)10;15pm

In: ကဗျာ Posted By: Date: Dec 31, 2010
Comment #1

ကောင်းတယ် အားပေးသွားတယ်ဗျာ…………

Comment #2

ကျေးဇူးပါ ….ကိုတောင်ပံမဲ့လိပ်ပြာရေ……..

commentinfo By: terry at Jan 1, 2011
Comment #3

ဝိုး……………………
လန်းတယ်ကွာ….
လုံးဝကိုကြိုက်သွားပြီ……..

commentinfo By: layykyoe at Jan 1, 2011
Comment #4

ကျေးဇူးပါပဲ…..layykyoe ရေ……။

commentinfo By: terry at Jan 2, 2011
Comment #5

နဒီ ကဗျာတွေရေးရင်လည်း အားပေးနော်……………

commentinfo By: layykyoe at Jan 3, 2011
Comment #6

တိုက်ဆိုင်မှုတွေကြောင့် တွေးမိလို့
မလွမ်းတတ်ခဲ့ရင်တောင်
(နင့်အတွက်ရယ်စရာ အကောင်းဆုံး)
ငါ့ရင်ခုံသံတွေကို
ခဏတဖြုတ်လောက်
နင်ထုတ်ထုတ် ကြည့်လိုက်ပါ………..။

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #7

တိုက်ဆိုင်မှုတွေကြောင့် တွေးမိလို့
မလွမ်းတတ်ခဲ့ရင်တောင်
(နင့်အတွက်ရယ်စရာ အကောင်းဆုံး)
ငါ့ရင်ခုံသံတွေကို
ခဏတဖြုတ်လောက်
နင်ထုတ်ထုတ် ကြည့်လိုက်ပါ………..။

အကိုတယ်ရီ ကျွန်တော့်ဂျီတော့လ်အကောင့်အက်ထားတယ်.လက်ခံတော့ဘူးလားဗျ
[email protected] ပါနော်

commentinfo By: taryar at Jan 24, 2012
Comment #8

အရမ်းလေးစားမိပါတယ် ခင်ဗျား ရေးတဲ့ ကဗျာတွေအားလုံး တကယ် အားလုံးပါ။။ဆက်လက် ရေးနေနိုင်အောင် အဖက်ဖက်က အဆင်ပြေပါစေဗျာ။

commentinfo By: ptys at May 9, 2012
Comment #9

so touching to my HEART

commentinfo By: ei lay at May 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment