Professional Authors

မငိုပါရစေနဲ့တော့

မငိုပါရစေနဲ့တော့
မျက်ရည်တွေလည်းမကျန်တော့ပါဘူး
ပင်ပန်းလှပါပြီ…

ဘ၀နဲ့ရင်းပြီးချစ်ခဲ့ရတဲ့အချစ်တွေအတွက်
ပြန်ရတာက ခါးသီးတဲ့ခံစားမှုတဲ့လား

ချစ်သူရေ
နင့်ရဲ့ ပျော်ရွှင်မှုတစ်ခုအတွက်
ငါ့ရဲ ချစ်ခြင်းတွေကို စတေးရက်တယ်နော်
စိတ်မကောင်းဖြစ်မှာမို့ ညာခဲ့တာ. .. တဲ့လားကွယ်
စိတ်မကောင်းဖြစ်မယ်ဆိုတာ ..သိရက်နဲ့ လုပ်ရက်ခဲ့တယ်

ငါ့ရဲ မေတ္တာ၊ သံယောဇဉ်၊ ဂရုစိုက်မှု၊ ပေးဆပ်မှု အားလုံး.. နင်မေ့သွားခဲ့တယ်
ငါလေ အသက်ရှုတာတောင် ရပ်တန့်သွားမတတ် .. ထိတ်လန့်အံ့သြသွားခဲ့တယ်

ငါသိပ်ချစ်ပြီး ကိုးကွယ်ခဲ့တဲ့ ချစ်သူဟာ
ယောကျာ်းတွေထဲမှာ ချွင်းချက်တစ်ယောက်အဖြစ်နဲ့ ကို ငါယုံကြည်ခဲ့တာကွယ်
ငါရူးသွပ်ခဲ့တယ်

ငါ့ဘ၀ရဲ့ အရာတိုင်းဟာ ချစ်သူပါလို့ ခံယူထားခဲ့တဲ့ ငါ့ရဲ့ မျှော်လင့်ချက်ချစ်ခြင်းတွေကို
နာကျင်စေရက်တယ်နော်
ဒီလောကကြီးကနေ.. ခဏလောက်ဖြစ်ဖြစ် ပျောက်ကွယ်သွားလိုက်ချင်တယ်

နင်ငါ့ကို ချစ်တာထက် ငါနင့်ကို ပိုချစ်တာ .. လို့ တဖွဖွပြောခဲ့တဲ့ ချစ်သူက
ဒီလိုအဖြစ်မျိုးဖန်တီးလိမ့်မယ် ကြိုတင်မမျှော်လင့်ခဲ့မိတာ ငါမှားလားကွယ်

ငါတို့နှစ်ယောက်ရဲ့ အနာဂတ်အိပ်မက်တွေ မှုန်ဝါးလာပြီထင်ပါရဲ့လေ…
ရေမြေခြားမှာ ဖိစီးမှုတွေကို တစ်ယောက်တည်း ကြိတ်မှိတ်ခံစားရင်း
ချစ်ခဲ့တဲ့ အချစ်တွေ.. အလွမ်းတွေကို သိမ်းဆည်းပြီး သစ္စာရှိရှိနဲ့
ငါတို့ရဲ့ အိပ်မက်တွေဆီ ချီတက်ဖို့မျှော်လင့်နေခဲ့တယ်..

ဝဍ်ရှိရင်လည်း ဒီဘ၀ဒီမျှနဲ့ကြေပါစေတော့လို့ ဆုတောင်းပါရစေ
ချစ်သူထာဝရပျော်ရွှင်ပါစေကွယ်..

In: ကဗျာ Posted By: Date: Dec 29, 2010
Comment #1

………….
စိတ်မကောင်းတောင်ဖြစ်မိတယ်…..
ဒါပေမယ့်
အထင်လွဲတာမျိုးလည်းဖြစ်နိုင်ပါတယ် horizon ရေ…….

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #2

မယိုင်မလဲ
ကျောက်တောင်မြင့်လည်း….ချစ်တာမှန်က
ပြိုကျစေသား… ကြိမ်ဆိုငြားလည်း…
ယောင်္ကျား thit sar မုသားမကင်း တဲ့..

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #3

မှန်ပါ့.. အသဲကွဲမိုးရေ..

အသဲကွဲမိုးလည်း အသဲမြန်မြန်ပြန်ကောင်းပါစေလို့..
(ကဗျာတွေက ခံစားချက်တွေပြင်းထန်နေတယ်)

commentinfo By: HORIZON at Dec 29, 2010
Comment #4

့horizon ရေ အားပေးသွားတယ်နော် …… ခံစားချက်တွေနဲ့ ရေးလို့လားမသိဘူး အရမ်းကောင်းပါတယ်ဗျာ

Comment #5

ဟုတ်..ပေးတဲ့ဆုနဲ့ပြည့်ပါစေ…..

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #6

့horizonေ၇ အားပေးသွားတယ်

commentinfo By: genius.jinx28 at Dec 29, 2010
Comment #7

ငါသိပ်ချစ်ပြီး ကိုးကွယ်ခဲ့တဲ့ ချစ်သူဟာ
ယောကျာ်းတွေထဲမှာ ချွင်းချက်တစ်ယောက်အဖြစ်နဲ့ ကို ငါယုံကြည်ခဲ့တာကွယ်
ငါရူးသွပ်ခဲ့တယ်
အရမ်းကောင်းတဲ့စာသားပဲနော်
ကေ အရမ်းကြိုက်ပါတယ်…….
horizon ကေ့ရဲ့နင့်ကြောင့် ဆိုတဲ့ ကဗျာမှာ ကေ့ အီးမေးလ်တောင်းထားတယ်နော်
[email protected]ပါရှင် horizon ရဲ့အကောင့်လည်း ပြောပေးနော်

commentinfo By: ကေသရီ at Dec 29, 2010
Comment #8

လာဖတ်တဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်..

commentinfo By: HORIZON at Dec 29, 2010
Comment #9

i don’t want to cry anymoreeeeeeeeeeeee

commentinfo By: ei lay at Jan 10, 2012
Comment #10

Really feel sad.
🙁

commentinfo By: ei lay at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment