Professional Authors

“ တောင်တမန်သက်သေ မောင့်မျက်ရည် ”

လေပြေရူးတို့ တိုက်ကာမြူး
လက်ပံကြွေတဲ့ ဒီနွေဦး…
သစ်ရွက်ခြောက်တွေ မြေမှာပြေး
တမ်းတမိတယ် မျက်နှာလေး…
အတူသွားခဲ့ ကျောက်တော်ကြီး
ထိုင်ကာငိုင်ကာ မျှော်နေမိ…
အတူလျှောက်သည့် မြေနီလမ်း
မှန်းကာတမ်းဆ လျှောက်ခါလွမ်း…
အတူထိုင်တဲ့ သစ်ပင်အောက်
ပြန်ရောက်မိတော့ အလွမ်းတွေပေါက်…
ချစ်သူ ဘယ်ဆီရောက်နေနေ
မောင့်ရင်ထဲက အချစ်ဟာလေ
တောင်တမန်သက်သေ မောင့်မျက်ရည်…

လင်းယံခ (မြန်မာစာ)

In: ကဗျာ Posted By: Date: Dec 2, 2012
Comment #1

လွမ်းလာပြီ ကဗျာဖတ်ပြီးတော့

commentinfo By: မေပျို at Dec 2, 2012
Comment #2

အတူသွားခဲ့ ကျောက်တော်ကြီး….

commentinfo By: mayviolet at Dec 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment