Professional Authors

လွမ်းသူ့အိမ်မက်

လွမ်းသူ့အိမ်မက်
———————-

မင်းမရှိတော့တဲ့နောက်ပိုင်း
ဘယ်သူမှ ငါ့အနား မရှိတော့သလို
ငါ့ကို ဖေးမမဲ့သူလဲမရှိတော့ဘူး..
ကူညီမဲ့သူလဲ မရှိတော့သလို
ငါ့ဘ၀ကြီး အရုပ်ကြိုး ပြတ်သလိုပဲ
ငြီးငွေ့စရာ ဒီနေ့စွဲတွေ
ငါ့ကို လှောင်ရယ်နေကြတယ်…
ထွက်ပေါက်ပိတ်နေတဲ့
လမ်းပျောက်ငှက်တစ်ကောင်လိုပဲ
ငါဘယ်ကို ပျံသန်းရမလဲ
အတွေးစတွေလဲ ပျက်သုဉ်းကုန်ပြီ
စိတ်ကူးယဉ်ဆန်တဲ့ အိမ်မက်တွေလဲ
ဘယ်တွေရောက်ကုန်ပြီလဲ
ငါ့ကို ငါပြန်စမ်းစစ်မိတယ်…
ငါဟာ ငါရော ဟုတ်ရဲ့လား
ဝေလေလေ အတွေးမှာ ငါနင့်ကို သတိရမိတယ်
သီချင်းသံတွေလဲ ငါ့နှလုံးသားကို နူးညံ့မှုမပေးနိုင်တော့သလို
ငါဟာ ငါမဟုတ်တော့ဘူး….

(ဒဏ်ရာ)

In: ကဗျာ Posted By: Date: Apr 26, 2012
Comment #1

ofcourse,,,
without love,stay alive is worthless.

commentinfo By: ei lay at Apr 26, 2012
Comment #2

ဝေလေလေ အတွေးမှာ ငါနင့်ကို သတိရမိတယ်
သီချင်းသံတွေလဲ ငါ့နှလုံးသားကို နူးညံ့မှုမပေးနိုင်တော့သလို
ငါဟာ ငါမဟုတ်တော့ဘူး….

commentinfo By: May Kha at Apr 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment