Professional Authors

အရုပ်တရုပ်လို…… ( နှောင်းလူ )

 

ချစ်တယ် ဆိုတဲ့ အနက်အဓိပ္ပါယ်

မဖွင့်ဆိုတက်ပေမဲ့ ချစ်တက်ခဲ့ပြီ

ပေးဆပ်လိုက်ရတာ တနင့်တပိုးပဲ

တမြည့်မြည့်နဲ့  ခံစားရအောင်များ

အငြိုးကြီးလေသလား…….

အရိုင်းသက်သက် နှလုံးသားမှာ

အပြစ်တစုံတရာများ တွေ့ ခဲ့လေသလား

ဘာကိုမှ မရေရာစွာနဲ့ 

မေ့လိုက်ပါတော့ စကားလေးနဲ့ 

ဘ၀ရဲ့ တစိတ်တပိုင်းတောင်

အမှောင်ကျခဲ့ပြီ……….

ကစားစရာ အရုပ်လေးတရုပ်လို

ကျင်လည်စွာ ဆော့ကစားပြီး

ပညာအမျိုးမျိုးနဲ့  ရှောင်ခွာထွက်ပြေး

အဝေးကနေ လှောင်ပြောင်နေပြီလား

ထားခဲ့ဖူးတဲ့ မေတ္တာတရားအတွက်

လှောင်ပြောင်လို့  ဒဏ်မခတ်လိုက်ပါနဲ့ 

ငါချစ်ဖူးတဲ့ မင်းတယောက် ၀ဋ်လည်မှာ ငါကြောက်လို့ ပါ

မကြည့်ပါနဲ့  ခံစားမှုအတုတွေတပ်ဆင်ထားတဲ့

မင်းမျက်ဝန်းမှာ မာယာ တွေ လတ်လတ်ဆတ်ဆတ်

ငါလို  ဘယ်သူတွေများ မင်းရှေ့ မှောက်ကျရူံးပြီးပြီလဲ

ဝေခွဲမရတဲ့ အတွေးနဲ့  ဆွေးမြည့်ညတွေမှာ

ကြားဖူးနေကြစကားမဟုတ်တဲ့ အတွေးနဲ့ 

မေ့လိုက်ပါတော့ ဆိုတဲ့  နင့်အပြောဟာ

အရမ်းလွယ်ကူလွန်းတော့လည်း

ငါဆိုတာ မင်းရှေ့ မှောက်ကျရူံးဖို့ 

နင် ဆော့နေကြ အရုပ်တခုလိုပဲပေါ့ဟာ…

 

 

In: ကဗျာ Posted By: Date: Dec 26, 2010
Comment #1

တိုက်ဆိုင်လို့ကြိုက်မိပါ၏။ ကျေးဇူးးး new generation.

commentinfo By: moezat at Dec 26, 2010
Comment #2

ဟုတ်ကဲ့ အခုလို အားပေးလို့  ကျေးဇူးတင်ပါတယ် ကိုမိုးဇတ်ရေ…….။

commentinfo By: နှောင်းလူ at Dec 26, 2010
Comment #3

ကျွန်တော်လည်းအားပေးတယ်ဗျ……နော်

commentinfo By: moehtetaung18 at Dec 27, 2010
Comment #4

ပညာအမျိုးမျိုးနဲ့  ရှောင်ခွာထွက်ပြေး

အဝေးကနေ လှောင်ပြောင်နေပြီလား

ထားခဲ့ဖူးတဲ့ မေတ္တာတရားအတွက်

လှောင်ပြောင်လို့  ဒဏ်မခတ်လိုက်ပါနဲ့ 

ငါချစ်ဖူးတဲ့ မင်းတယောက် ၀ဋ်လည်မှာ ငါကြောက်လို့ ပါ
ကိုနှောင်းလူအ၇မ်းကောင်းပါတယ် အားပေးသွားတယ် အကို

commentinfo By: genius.jinx28 at Dec 27, 2010
Comment #5

ထားခဲ့ဖူးတဲ့ မေတ္တာတရားအတွက်
လှောင်ပြောင်လို့  ဒဏ်မခတ်လိုက်ပါနဲ့ 
ငါချစ်ဖူးတဲ့ မင်းတယောက် ၀ဋ်လည်မှာ ငါကြောက်လို့ ပါ

commentinfo By: rabbit at Dec 27, 2010
Comment #6

moehtetaung18 ၊genius.jinx28 ၊rabbit တို့ ရေ အကိုတော်နဲ့ ညီတော်တို့  အားလုံးကို ကျေးဇူးတင်ပါတယ်နော်..။ အကိုတို့  ညီတို့  ကဗျာတွေ ဆောင်းပါးတွေ ကိုလည်း အမြဲဖတ်ရူအားပေးနေပါတယ် .။

commentinfo By: နှောင်းလူ at Dec 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment