Professional Authors

ဆုတောင်းစား

မြို.ပြတစ်ခုရဲ. လူစီးကြောင်းထဲမှာ
ငါကူးခတ်နေသခိုက်
လူစီးကြောင်းဘောင်နံဘေး
ခပ်ရေးရေးတွေ.ခဲ.ရ
ဆံရယ်ဖြူ သွားရယ်ကျဲ
မျက်စေ.ကခပ်မွဲမွဲနဲ.
ခွက်စုတ်ကိုရှေ.မှာချ
ကျုံကျုံထိုင်ခေါင်းလေးငုံလို.
ဝမ်းရေးရဲ.တိုက်ပွဲမှာ
ချိနဲ.နဲ.မာန်ကိုတင်း
အိုဘယ်. … လူအိုမင်း…။
လူအိုနဲ.ခွက်စုတ်ကတော.
ပေးကမ်းသူကိုလည်းမကြည်.
မစွန်.ကြဲသူကိုလည်းမသိ
အားလုံးကိုရောတင်ယှက်ကာ
ဆုတောင်းမေတ္တာခါခါပို.သလို.
(ကျန်းမာကြပါစေ…ချမ်းသာကြပါစေ….)
ဒါက တောင်းစားနေတာတဲ.
ဟုတ်အံတော.မထင်
(သင်) မပေးသော်ရှိပေးသော်ရှိ
တောင်းခံရယူမှု အတွက်တော.
ဆုတွေတောင်းပေးနေလေရဲ.
မစဉ်းစားပဲ သတ်မှတ်တယ်
သူတောင်းစားလူအိုကြီး
တွေးကြည်.တော.မှပဲသိတာက
ဆုတောင်းပြီးမှ စားရတဲ.
အော်…ဆုတောင်းစား
ဘ၀ရဲ.နေ၀င်ချိန် အကျည်းတန်တဲ.လူအို …
လောကအတွက်သူပေးနေတဲ. ဆုတောင်းသံတွေကတော.
သူ.အသက်ခန္ဓာမြဲနေသမျှ လွင်.ပျံနေလိမ်.အုံးမည်လော……..။             ။

                                                                               ငှက်ကလေး(gtc)

In: ကဗျာ Posted By: Date: Dec 24, 2010
Comment #1

ငှက်ကလေး
ကောင်းတယ်……အမြင်အရမ်းသန့် တယ်
အားပေးနေတယ်နော်….
များများရေးပါကဗျာတွေ…..
🙂

commentinfo By: moehtetaung18 at Dec 25, 2010
Comment #2

ငှက်ကလေးရေ ကောင်းတယ်ဗျို့  အားပေးနေတယ်..။

commentinfo By: နှောင်းလူ at Dec 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment