တတိယလက်ဆောင်
အဖြူရောင် စာရွက်လွတ်လေးတစ်ရွက်
နင့်ဖြည့်ချင်ရာဖြည့်…နင့်အတွက်ဆို ဖြည့်ဆည်းပေးမယ့်သူ
ယူချင်မှယူပါ….လူချင်းတူရင်တောင် ငါကအရာမ၀င်တာသိပါတယ်
အခါခါဆုတောင်းတဲ့အထဲ နင်ထားသွားဖို့မပါတာလည်း အ ….. သေချာ…
အခုမှ….ငါဆိုတာ မရေရာတဲ့ကောင်တဲ့လားကဗျာရာ….
မနက်ဖြန်တွေမှာ နင်မပါတော့မှ ပျော်ပါစေတဲ့လား…
အခါခါ ထားသွားတာတောင်မှ ငါ့နားမှာ ချစ်တယ်ဆိုတဲ့ စကားတခါခါ ကြားချင်နေသေးတာပါဟာ…
ကိုးလိုးကန့်လန့် နင့်အကျင့်တွေနဲ့ သိုးသိုးသန့်သန့်သတင်းတွေ ကြားရင်တောင်
ငါ…..ကဗျာရယ်….အခါခါလဲကျ ……………………
…………………………….. အလဲကွဲပါပဲ……ဟာ…………
နင်တချက်လှည့်မကြည့်ရင်တောင် ငါယောင်လို့အပြစ်တင်ဖူးသလားဟာ…
နင် မရှိတဲ့ မနက်မှ ငါ ကော်ဖီတစ်ခွက် ပြန်သောက်တတ်လာတယ်
တခါတခါ လက်ကြားက ၅၀တန်တစ်ရွက်နဲ့လည်း ပြုံးလို့…
ငါ…မလွမ်းပါဘူး…ငါ….မလွမ်းပါဘူးဟာ…
ဒါပေမယ့် နင်သိလားကဗျာ……….တမ်းတယုံနဲ့ကြွေကွဲတာ …………..
အတိတ်ဆိုတာ ဓါတ်ပုံတခုတဲ့……
အဲ့ဒါဆို နင်က ငါဆက်ရေးချင်နေသေးတဲ့..မင်ကုန် သမိုင်းတ၀က်တပျက်ပေါ့ဟာ…..ကဗျာ
ထူးပြီးလည်း မပြောတတ်ပါဘူး….အလူးအလဲလဲ….လွမ်းနေပေမယ့်လည်း…..
တကယ်တော့ ငါက ရူးယုံလေးပါဟာ…
တခုပေါ့ဟာ….ငါပေးမယ့် တတိယလက်ဆောင်
နင်သိလားကဗျာ……..အဲ့ဒါ နင်ဖြည့်ချင်ရာဖြည့်ခွင့်ရခဲ့တဲ့……
နင်လိုရာ ဖြည့်ဆည်းပေးခဲ့တဲ့….
ငါကိုယ်တိုင်…..
နင်မေးမှ ဖြေတတ်တဲ့
နင်ဝေးဝေးပြေးသွားလည်း…..ထိုင်ရီပြနေတတ်တဲ့
နင်ပျော်အောင်ဆော့ နင်ငိုရင်ချော့ဖူးခဲ့တဲ့
ငါဆိုတဲ့…………….
အလွမ်းကဗျာ
Comment #3
ကောင်းတယ်…….
အဲဒါထက်ကိုပိုပြောချင်သေးတယ်ညီရေ……
အကို့ ကို စကားလုံးရှာပေးဦး
🙂
                        By: moehtetaung18 at Dec 25, 2010
                    Comment #4
အရမ်းကောင်းပါတယ်
အားပေးတယ်…..
                        By: ကဗျာချစ်သူ at Dec 25, 2010
                    Comment #6
ကိုရွှေသားသားတို့ကတော့ကွာ..ကောင်းမှကောင်း .. 😀
                        By: ရွှေငါး at Dec 25, 2010
                    Comment #7
ဟေ့..ကိုရွှေမိုးထက်..ကိုယ့်စကားလုံးကိုယ်ရှာလေကွာ.. 😛
                        By: ရွှေငါး at Dec 25, 2010
                    Comment #9
သားသားရေးတဲ့ ကဗျာတွေထဲမှာ ဖတ်ဘူးသမျှပေါ့ ဒီတပုဒ်ကိုအကြိုက်ဆုံးပဲ…LIKE
ဘိုင်းနော် …အလွမ်းကဗျာ
                        By: ခင်လေး at Dec 25, 2010
                    Comment #13
အမ ရွှေငါးေးပဲရှာပေးတော့အဲဒါဆို……..
🙂
                        By: moehtetaung18 at Dec 25, 2010
                    Comment #14
ဲရှာတော့မပေးဘူး..ကိုယ့်ဟာကိုယ်ပဲေဲရးတော့မယ်။။။ 😛
                        By: ရွှေငါး at Dec 27, 2010
                    Comment #15
ဟာ…..ရဘူးဂျာ….
ရှာပေးပါဆို………………..
                        By: moehtetaung18 at Dec 27, 2010
                    Comment #16
စိတ်မကောင်းပါဘူး ငါ့မောင်လေးရယ် နောက်အခါတွေများကျရင်
 နင်ဝေးဝေးပြေးသွားလည်း…..ထိုင်ရီပြနေတတ်တဲ့လလူမျိုနဲ့တွေ့ပါစေနော်
                        By: နွေးနွေး at Dec 28, 2010
                    Comment #17
စိတ်မကောင်းပါဘူး ငါ့မောင်လေးရယ် နောက်အခါတွေများကျရင်
 နင်ဝေးဝေးပြေးသွားလည်း…..ထိုင်ရီပြ နေတတ်တဲ့လူမျိုနဲ့တွေ့ပါစေနော်
                        By: နွေးနွေး at Dec 28, 2010
                    Comment #19
koe loe kant lant nin a kyint tway ne toe toe tant tant ta tin tway kyar yin,,,,
ta khar yaw gar toe p
ta nae lone ko ngo ya de.
                        By: ei lay at Nov 8, 2011
                    



 
Comment #1
အရမ်းကောင်းတယ် သားသားရေ အားပေးတယ် …။ တကယ်ကောင်းတယ်