…..ရင်းတွင်းကဗျာ4
လှောင်ရယ်သံတွေ
ငါပြန်ကြားရင်
မိုးလင်ခဲ့တဲ့ ညမှာ
အနားမညီတဲ့ စာရွက်ပေါ်မှာ
မှင်ရာ တစ်ကြောင်းမပြည့်တဲ့အခါ
ငါ့ကိုယ် ငါ ပြုံးမိတယ်
ငါ့ကိုယ် ငါ မုန်းမိတယ်…..
အဆုံးမရှိတဲ့ လမ်းကို
နူတ်ပိတ်ရင်းနဲ့လျှောက်
ပျောက်ပျောက်သွားတဲ့
မင်း အတွက်
မပေးဖြစ်ခဲ့တဲ့ ၀ါဖန့်ဖန့် ကဗျာစာရွက်တွေ
အထပ်ထပ်
ကွက်လပ် တစ်ခုအတွက်
ပေးဆပ်ရင်း
ဆွေးတသက်သက်။။ ။။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
ohhhhhhhhh,,poor u.
if carry on.,,u’d feel hurt so much,