Professional Authors

ငါနှင့်ငါ့ကိုယ်ပွားများ

‘ငါနှင့်ငါ့ကိုယ်ပွားများ’

ဒါရင်ခုန်သံလား
နှလုံးခုန်သံများလား
အာ! မဟုတ်သေးဘူး
ဒါ နှလုံးတုန်နေတာ….
ဘုရား!..ဘုရား!.. ဗုဒ္ဓျမတ္စြာဘုရား
ကယ်တော်မူပါ……..။    ။

ဒီရှို့မီးတွေ ငြှိမ်းရတယ်ခက်
ဟာ! ငါနှယ့် လောင်စာတွေထပ်ထပ်
ဟေ့!ဟေ့!…မလုပ်…မလုပ်သင့်__သင့်
ရပ်! ရပ်စမ်း!…ရပ်ဆိုမရပ်ဘူးလား
ရုတ်တရက် ငါဟာ ငါနဲ့၊  ငါနဲ့ငါကွဲ၊
ငါ့ကိုငါမုန်း၊ ငါဟာငါမဟုတ်တော့
ငါနဲ့ငါရန်ဖြစ်၊ င့ါကိုငါသတ်
ငါ တစ်ယောက်တော့ ခံနေရတယ်
ရပ်ကြည့်နေတဲ့ ငါနောက်တစ်ယောက်လည်း
ဘယ်သူကမှန်လို့ ဘယ်ဘက်က ပါရမှန်းမသိတော့ဘူး
ပွဲကလည်း တစ်ဖက်စောင်းနင်း
ငါ့မှာ လှိမ့်နေအောင်ခံရတာ မြင်လို့မှမကောင်းတော့
ငါတော့ ငါကိုငါ အရှူံးပေးရတော့မယ်
ရုန်းလည်းပြေးမလွတ် ငါဟာချည်တိုင်မှာ
ကြိုးတန်းလန်းကြီးနဲ့…..

င့ါကို ငါက တောင်းပန်
မသေမရှင်နဲ့တော့မထားခဲ့ဖို့
လောင်စာကုန်မှ ငြိမ်းမယ့်မီးမို့
လောင်ချင်သလောက်သာလောက်မြိုက်စေတော့။  ။  ။
နေ့သစ်
5.9.2010 ၁၁pm to 1;30pm

In: ကဗျာ Posted By: Date: Dec 24, 2010
Comment #1

ကောင်းတယ်ဗျာ……

ငါနှင့် ငါ့ ကိုယ်ပွားများ ………….

ကိုနေ့သစ်ရေ…… အားပေး နေတယ်ဗျာ…

commentinfo By: မိုးသစ်ညို at Dec 24, 2010
Comment #2

အားပေးသွားပါတယ်ရှင်.. 🙂

commentinfo By: ရွှေငါး at Dec 25, 2010
Comment #3

တစ်ကယ်တော့
လောဘ၊ဒေါသ၊မောဟ နှင့် အကြောင်းအမျိုးမျိုးကို အခြေခံပီး
ြ်ဖစ်ပေါ် လာတဲ့ သောကတွေဟာ
ဝိနည်း လွတ် ကိုယ့်ကိုကိုယ် သတ်သေနည်း တစ်မျိုးပါ…….
အထူးသဖြင့် နှလုံးမကောင်းတဲ့သူများ အထူးသတိထားသင့်ပါတယ်

commentinfo By: nate thit(နေ့သစ်) at Jan 5, 2011
Comment #4

ဝိုးးးးးးးးးးးးးး
စိတ်ကူးတော်တော်ကောင်းတာပဲ…..
အားပေးလျှက်ပါ။

commentinfo By: layykyoe at Jan 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment