Professional Authors

ပြာသိုလပြည့်နေ့အမှတ်တရ

လောကဓံ လှိုင်းကြမ်းထဲ
ဘ၀ကလည်း…..
ပေါ်ချည်တခါ မြှုပ်ချည်တလှည့်
ဒဏ်ရာတွေကလည်း….
အထပ်ထပ်နဲ့ပေါ့  အမေ ။
တခါတခါ….
ကံကြမ္မာက ကျီစယ်လိုက်တာများ…
ရေပေါ် အရုပ်ရေးမိသလိုမျိုး….
တောက နက်လာလေလေ
တောပိုချောက်လာတယ် အမေ  ။
ရောင်စုံကွင်းပြင်ထဲ
“အရှုံး နဲ့ အနိုင်”
တိုက်ပွဲကလည်း…
ကြည့်လို့မကောင်းဘူး……
“အမှန် နဲ့ အမှား”
စီးချင်းထိုးပွဲကလည်း…
ဘက်မညီဘူး  အမေ ။
တခါတခါ….
ကိုယ့်ကိုယ်ကိုယ်
ပြန်ပြန်တိုက်နေရတဲ့…
ပွဲတွေနဲ့ပဲ…….
အလူးအလဲ ပြန်ပြန်ထနေရတယ် ။
ဘ၀ဆိုတာ….
တာဝေးကွင်းလိုပဲ
သက်လုံကောင်းမှ
ပန်းတိုင်ရောက်မယ်……
ဇွဲနဲ့ရင်းမှ…
အောင်ပွဲရမယ်…..
လုံ့လစိုက်မှ
အကျိုးအမြတ်ရှိမယ်…
အမေပြောနေကျစကားလေး…
ခုထိ ကြားယောင်ဆဲ….။
အမေပေးတဲ့ အသိပညာ၊
အမေမွေးမြူပေးတဲ့ စိတ်ဓာတ်၊
အမေ့မေတ္တာတွေ
ပေါင်းစပ်ပြီး…..
ဘ၀ကွင်းပြင်ထဲက
တိုက်ပွဲတိုင်း (ပြိုင်ပွဲတိုင်း) ကို
“အနိုင်မခံ ၊ အရှုံးမပေး” စိတ်ဓာတ် နဲ့
ဆက်လက် တိုက်ပွဲဝင်နေဆဲပါ  အမေ ။         ။

In: ကဗျာ Posted By: Date: Sep 4, 2010
Comment #1

ဘ၀ဆိုတာ….
တာဝေးကွင်းလိုပဲ
သက်လုံကောင်းမှ
ပန်းတိုင်ရောက်မယ်……။

း)
:yes!

commentinfo By: John Moe Eain at Sep 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment