Professional Authors

ဝေးဝေးနေခွင့်

တစ်ကယ်တမ်းတော့ နင် ဟာ

လှည့်စားတတ်သူ တစ်ယောက်ပါ

ပျော်ဝင်စီးမျောလွယ်တဲ့

မိန်းမလှလေးတွေ အတွက်တော့

” ကျကြွေ ” လွယ်တဲ့

နှလုံးသား သင်္ချိုင်း တစ်ခုပေါ့ ……

ငါ့ ရဲ့ ငြင်းဆိုမှု အတွက်

ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ

နင့် မှာ မရှိဘူးလို့ ငါ ထင်ပါတယ် ……….

ဒါပေမယ့် ……… ဒီတစ်ခုတော့ ငါ ……….

အထပ်ထပ်တောင်းပန်ပါရစေ ………..

နင့် ရဲ့ ပစ်မှတ်များစွာထဲက

သားကောင်တစ်ကောင်အဖြစ်

ငါ့ ကို ဆွဲမထည့်ပါနဲ့တော့……….

လွတ်လပ်အေးချမ်းပြီး

ပျော်ရွှင်စရာကောင်းတဲ့ ……….

နင့် ရဲ့ အဝေး တစ်နေရာမှာ

ငါ့ ဘ၀ ကို

တည်ငြိမ်ခွင့်ပြုပါ



In: ကဗျာ Posted By: Date: Dec 23, 2010
Comment #1

စာသားအရမ်းသေးသွားလို့ ဖတ်တဲ့သူငယ်ချင်းများ တောင်းပန်ပါတယ်…

commentinfo By: မိုးစက် at Dec 23, 2010
Comment #2

တစ်ကယ်တမ်းတော့ နင် ဟာ

လှည့်စားတတ်သူ တစ်ယောက်ပါ

ကောင်းပါတယ်မိုးစက်ရေ…..အဲလိုထင်လိုက်တာ
အရမ်းကောင်းပါတယ်ဗျာ……ပေါ့သွားတာပေါ့…..:)

commentinfo By: moehtetaung18 at Dec 23, 2010
Comment #3

နင့် ရဲ့ အဝေး တစ်နေရာမှာ

ငါ့ ဘ၀ ကို

တည်ငြိမ်ခွင့်ပြုပါ။ အားပေးသွားတဲ့ကိုမိုးစက် ကြိုက်တယ် ကောင်းလည်းကောင်းတယ် အကို

commentinfo By: genius.jinx28 at Dec 23, 2010
Comment #4

နင့် ရဲ့ ပစ်မှတ်များစွာထဲက

သားကောင်တစ်ကောင်အဖြစ်

ငါ့ ကို ဆွဲမထည့်ပါနဲ့တော့……….

လွတ်လပ်အေးချမ်းပြီး

ပျော်ရွှင်စရာကောင်းတဲ့ ……….

နင့် ရဲ့ အဝေး တစ်နေရာမှာ

ငါ့ ဘ၀ ကို

တည်ငြိမ်ခွင့်ပြုပါ

commentinfo By: နရီထက် at Dec 23, 2010
Comment #5

ကောင်းတယ် မိုးစက်ရေ .. . အားပေးနေတယ် . …. တည်ငြိမ်ပါစေဗျာလို့လဲ ဆုတောင်းပေးသွားပါတယ်ဗျာ..

Comment #6

အင်း…..အားပေးမှုကို ကျေးဇူးတင်ပါတယ်……….ရှဲရှဲ

commentinfo By: မိုးစက် at Dec 25, 2010
Comment #7

hi ma moe zat … poem ka kg tal
tite saing mu tot ma shi par woo ..
but ma moe zat ye a yayy a ther ko arr pay, lay sar tae a nay nae par .. 🙂

commentinfo By: Myat Noe at Dec 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment