Professional Authors

ဝေးကွာသွားမယ့်နေ့ ! ! !

ကွေကွင်းခြင်း…..ဝေးကွာခြင်းနဲ့
ကြုံဆုံလာတိုင်း
လွယ်လွယ်နဲ့ မေ့ခိုင်းကြတာ ဘာကြောင့်လဲ?
လွယ်လွယ်နဲ့ မေ့ဖို့ကြိုးစားကြတာကော ဘယ်အလိုအကြောင်းတွေကြောင့်လဲ?

တကယ်ဆို
နီးခြင်း…ဝေးခြင်း…ချစ်ခြင်း…မုန်းခြင်းဆိုတာ
ပညတ်ချက် ၁ ခုပဲ မဟုတ်လားကွယ်။

ဝေးသွားတိုင်း မေ့နိုင်မှာတဲ့လား?
မုန်းသွားတိုင်းလဲ မချစ်သေးတော့တာလား?

ငါ………………..
နင်ဆိုတာ ငါ့ခန္ဓာဥာဏ်အသွေးအသားမှာ
မစိုးမိုးနိုင်တော့တဲ့နေ့ကိုသာ
ချစ်ခြင်း ပြယ်တဲ့(ငါတို့ ဝေးတဲ့)နေ့အဖြစ် သတ်မှတ်လိုက်မယ် ချစ်သူ။

အဲ့ဒီ ၁ နေ့ကစပြီး
နင် နဲ့ ငါ……………… တကယ်ကို ဝေးကွာခဲ့ကြပြီပေါ့။

(၂၂-၁၂-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Dec 22, 2010
Comment #1

ဝေးသွားတိုင်း မေ့နိုင်မှာတဲ့လား?
မုန်းသွားတိုင်းလဲ မချစ်သေးတော့တာလား?

ငါ………………..
နင်ဆိုတာ ငါ့ခန္ဓာဥာဏ်အသွေးအသေားမှာ
မစိုးမိုးနိုင်တော့တဲ့နေ့ကိုသာ
ချစ်ခြင်း ပြယ်တဲ့(ငါတို့ ဝေးတဲ့)နေ့အဖြစ် သတ်မှတ်လိုက်မယ် ချစ်သူ။

ခံစားမှုပြင်းတံကဗျာလေးပါပန်းအိရေ……
တစ်ပုဒ်ထက်တစ်ပုဒ်ပိုကောင်းလာပါတယ်ဗျာ
အားပေးနေပါတယ်……

commentinfo By: moehtetaung18 at Dec 22, 2010
Comment #2

ဟုတ်တယ် ထောက်ခံတယ် . . . . ပန်းအိရေ အားပေးသွားတယ်ဝေ

Comment #3

တကယ်ဆို
နီးခြင်း…ဝေးခြင်း…ချစ်ခြင်း…မုန်းခြင်းဆိုတာ
ပညတ်ချက် ၁ ခုပဲ မဟုတ်လားကွယ်။

ဝေးသွားတိုင်း မေ့နိုင်မှာတဲ့လား?
မုန်းသွားတိုင်းလဲ မချစ်သေးတော့တာလား?

တကယ်ဖြစ်နိုင်ပါတယ်….

commentinfo By: နရီထက် at Dec 22, 2010
Comment #4

ဝေးသွားတိုင်း မေ့နိုင်မှာတဲ့လား?
မုန်းသွားတိုင်းလဲ မချစ်သေးတော့တာလား?
အရမ်းကောင်းတဲ့ မေးခွန်းလေးပဲ……….ပန်းအိ ကဗျာလေးက အရမ်းကောင်းပါတယ်……။

commentinfo By: ကေသရီ at Dec 22, 2010
Comment #5

ငါ………………..
နင်ဆိုတာ ငါ့ခန္ဓာဥာဏ်အသွေးအသေားမှာ
မစိုးမိုးနိုင်တော့တဲ့နေ့ကိုသာ
ချစ်ခြင်း ပြယ်တဲ့(ငါတို့ ဝေးတဲ့)နေ့အဖြစ် သတ်မှတ်လိုက်မယ် ချစ်သူ။
အ၇မ်းကောင်းတယ် အားပေးသွားတယ် မပန်းအိ

commentinfo By: genius.jinx28 at Dec 22, 2010
Comment #6

@moehtetaung18 ဟုတ်ကဲ့…ပန်းအိ ကျေးဇူးတင်ပါတယ်။
@butterfly(တောင်ပံမဲ့လိပ်ပြာ) ကျေးဇူးပါ၇ှင်။
@ဟုတ်ကဲ့ န၇ီထက်။ တကယ်ကိုဖြစ်နိုင်တာပါ။
@ကေသ၇ီ ကျေးဇူးပါ။

commentinfo By: pannei at Dec 22, 2010
Comment #7

@genius.jinx28 ကျေးဇူးပါ။

commentinfo By: pannei at Dec 22, 2010
Comment #8

excellent dream.

commentinfo By: ei lay at Mar 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment