Professional Authors

ညီမလေး သို့ …………..

ညီမလေးရေ….   

တမိုးအောက်မှာ စကားလုံးတွေနဲ့    

နားလည်မှုဖလှယ်ကြ ရယ်ရွှင်စရာအပြုံးတွေနဲ့ 

နာရီ နေ့ ၊ရက် တွေမှာ  ညီမလေးရဲ့ အရယ်အပြုံးနဲ့ 

သောကတချို့ ပျောက်ပျယ်ခဲ့ရဖူးတယ်..။

ညီမလေးရဲ့  အလိုက်သိမှုတွေကို ဥုပက္ခာပြုလို့ 

နေရက်တွေမှာ သံယောဇဉ်ဆိုတဲ့ ကြိုးကို

အခါခါ ခဏခဏ ခလုတ်တိုက်မှ သတိရသလို့ နဲ့ 

စိတ်အားငယ်တဲ့ အခါ တမ်းတဖူးတယ်…။

ညီမလေးရေ……..

မာယာများတဲ့ လောကကြီးမှာ ၀တ်ရုံကို

ခန္ဆာထက်မှာ လွမ်းခြုံလို့  မုသားတွေနဲ့ 

ကျင်လည်ဖူးခဲ့တယ် ရိုးသားဖြူစင်တဲ့

ညီမလေးရဲ့ မျက်ဝန်းတွေနဲ့  ယိုင်နဲ့ နဲ့ 

စိတ်ဓါတ်တွေ ခွန်အားသစ်ဖြစ်ခဲ့ဘူးတယ်.

ညီမလေးရေ……….

တခါတလေ ဖွင့်မပြောပဲ သိကြတဲ့ စကားလုံးနဲ့ 

ရှင်းမရတဲ့ ပုစ္ဆာတပုဒ်လို့  နားလည်မှုတွေရင့်သန်ခဲ့

ရှိနေစဉ်ခဏ မတည့်အတူဘ၀နဲ့  မှီတင်းနေထိုင်ခဲ့ကြ

ရိုးသားမှုကို အလဲအလှယ် လုပ်ရင်း ရင်ဖွင့်တိုင်ပင်ခဲ့ရ

ဝေးကွာမှုကို မလိုလားစွာ အနစ်နာခံစွာနဲ့  ဆက်ဆံခဲ့ကြ

ငါတို့ ရဲ့ဘ၀ ငါတို့ ရဲ့သောက အရာအားလုံးကို မေ့လျော့စွာ

ငါတို့ ချစ်တဲ့ ငါတို့ ညီမလေးနဲ့ ပြုံးပျော်ရွှင်မြူးခဲ့ကြ

ဒါတွေဟာ ဘယ်တော့မှ မေ့ပျောက်လို့ မရတဲ့

ရိုးသားဖြူစင်စွာနဲ့  တို့  မောင်နှမတွေရဲ့ ဆက်ဆံမှုပေါ့

ညီမလေးရေ………

အစမှာပျော်ရွှင်ဝမ်းနည်းမှုတွေနဲ့ ဆုံတွေပြီး

အဆုံးမှာ အမှတ်တရအတိတ်ကို လွမ်းဆွတ်ရင်း

ငါတို့  တချိန်မှာ ခွဲခွာသွားကြရမှာပဲ

မငိုပါနဲ့  ညီမလေးရေ……….

သွေးသားတော်စပ် သူတွေ့ တောင် ခွဲခွာရသေးတာပဲ

ညီမလေးတို့  အကိုတို့ ရင်ထဲမှာ ဘယ်တော့မှ

မပျောက်ပျက်နိုင်တဲ့ ရိုးသားဖြူစင်တဲ့ မောင်နှမအချစ်တွေ

ပြည့်နှက်နေတယ်…။

 

( ညီမလေးသို့ …….)

 

 

In: ကဗျာ Posted By: Date: Dec 18, 2010
Comment #1

မငိုပါနဲ့  ညီမလေးရေ……….

ငါတို့  တချိန်မှာ ခွဲခွာသွားကြရမှာပဲ

(ဟုတ်တယ်ညီမလေး… လူတိုင်းဒီလိုပဲလေ… တစ်လမ်းတည်းသွားနေကြတာ … ငိုနဲ့နော် )
ညီမလေးတော့ပြောတယ် ကိုကိုနှောင်းလည်းငိုရဘူးနော်။။။။ 😛

commentinfo By: moezat at Dec 18, 2010
Comment #2

ကျေးဇူးတင်ပါတယ် ကို မိုးဇတ်ရေ……… 🙂

commentinfo By: နှောင်းလူ at Dec 18, 2010
Comment #3

အင်း ဆရာနှောင်းတို့ကတော့ ညီမလေးကို မငိုနဲ့သာ ပြောတာ သူကိုယ်တိုင်က မျက်ရည်ကိုဝဲလို့… 🙂
အမြဲတမ်းအားပေးနေတယ်ဗျို့

Comment #4

အဟား ဟုတ်ကဲ့ ကျေးဇူးပါ လိပ်ပြာရေ………. 🙂

commentinfo By: နှောင်းလူ at Dec 18, 2010
Comment #5

ငိုပါနဲ့  ညီမလေးရေ……….

သွေးသားတော်စပ် သူတွေ့ တောင် ခွဲခွာရသေးတာပဲ

ညီမလေးတို့  အကိုတို့ ရင်ထဲမှာ ဘယ်တော့မှ

မပျောက်ပျက်နိုင်တဲ့ ရိုးသားဖြူစင်တဲ့ မောင်နှမအချစ်တွေ

ပြည့်နှက်နေတယ်…။

commentinfo By: နရီထက် at Dec 18, 2010
Comment #6

ဟုတ်တယ် နာရီထက်ရေ ..။ ကျေးဇူး ၀င်ရောက်အားပေးသွားလို့ .. 🙂

commentinfo By: နှောင်းလူ at Dec 18, 2010
Comment #7

ကောင်းတယ် ကိုနှောင်းလူ အားပေးသွားတယ်

commentinfo By: genius.jinx28 at Dec 18, 2010
Comment #8

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကို ရဲမင်းခန့် ရေ …။ ဟုတ်ပါတယ်နော် နာမည်က မှားနေသလားမသိဘူး ..။

commentinfo By: နှောင်းလူ at Dec 18, 2010
Comment #9

အားပေးနေပါတယ်ဗျာ……

commentinfo By: moehtetaung18 at Dec 18, 2010
Comment #10

ကျေးဇူးတင်ပါတယ် ကို မိုးထက်ေ၇…. 🙂

commentinfo By: နှောင်းလူ at Dec 18, 2010
Comment #11

ကောင်းတယ် ကိုနှောင်းလူရေ……..
ကျွန်တော့်မှာ သိပ်ချစ်ရတဲ့ ညီမလေးတစ်ယောက်တော့ရှိတယ်ဗျာ
သူ့ဆီကိုကဗျာတွေ ပို့ချင်တယ်…….
ဒါပေမယ့် ဘယ်လိုရေးရမှန်းမသိဘူး
အခု ကျွန်တော့်ခံစားချက်နဲ့တိုက်ဆိုင်တဲ့ ကဗျာကို ရေးတဲ့အတွက် အများကြီးကျေးဇူးတင်တယ်ကိုနှောင်းလူေ၇
လူတစ်ယောက်ဆီကိုပို့ပေးပါ၇စေဗျာ အစ်ကို့ကဗျာတွေကို
………..
ခွင့်တောင်းတာပါ……….
ပျော်၇ွှင်ပါစေဗျာ
…………အမြဲတမ်းအားပေးနေမယ်

commentinfo By: မွန်စိုက် at Dec 18, 2010
Comment #12

အစမှာပျော်ရွှင်ဝမ်းနည်းမှုတွေနဲ့ ဆုံတွေပြီး

အဆုံးမှာ အမှတ်တရအတိတ်ကို လွမ်းဆွတ်ရင်း

ငါတို့  တချိန်မှာ ခွဲခွာသွားကြရမှာပဲ

မငိုပါနဲ့  ညီမလေးရေ……….

သွေးသားတော်စပ် သူတွေ့ တောင် ခွဲခွာရသေးတာပဲ

ညီမလေးတို့  အကိုတို့ ရင်ထဲမှာ ဘယ်တော့မှ

မပျောက်ပျက်နိုင်တဲ့ ရိုးသားဖြူစင်တဲ့ မောင်နှမအချစ်တွေ

ပြည့်နှက်နေတယ်…။

( ညီမလေးသို့ …….)

ခံစားချက်ခြင်းတိုက်ဆိုင်လွန်းတယ်အစ်ကို
အရမ်းကောင်းတယ်…..ညီလေးကို share ခွင့်ပြုပါနော်…
ကျေးဇူး..ဟီး (ဘာမှပြန်မပြောခင် share သွားပါပြီ ဟိ)
🙂

commentinfo By: သားသား at Dec 18, 2010
Comment #13

ဟုတ်ကဲ့ ကို မွန်စိုက်ရေ ကြိုက်တယ်ဆိုရင် ပို့ ပေးလိုက်ပါ ..။ ကို မွန်စိုက်ညီမလေးကို……… 🙂
သားသားက share ပြီးပြီဆိုတော့ ရပါတယ်ဗျာ…. 🙂 သားသားကိုလည်း ကျေးဇူးတင်တယ်နော်……။

commentinfo By: နှောင်းလူ at Dec 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment