ဘာကိုပဲ ယုံယုံ ဆူးပုံကိုတော့ မနင်းလိုက်ပါနဲ့ညီမလေး
မိုက်ရူးရဲအရွယ်မှာ စိတ်ဟာ မှောင်တတ်တယ်
လေယိမ်းရာတိမ်းမယ့်အချိန်မှာ ဘ၀ဟာ မှားတတ်တယ်
လွင့်ဝဲနေတဲ့သစ်ရွက်ကြွေကိုကြည့်ရင်း ညီမလေး မျက်ရည်ဝဲရင် ၀ဲမယ်
အစာကောက်နေတဲ့ငှက်ကလေးတွေကိုကြည့်ရင်း ညီမလေး ပြုံးရင် ပြုံးမယ်
ညီမလေးဟာ ကလေးစိတ်မပျောက်သေးတဲ့လူကြီးတစ်ယောက်မဟုတ်လား
ညီမလေးဟာ လူကြီးစိတ်ဝင်လာတဲ့ကလေးတစ်ယောက်မဟုတ်လား
အများသူငါပြောသလို ပြောရရင် ညီမလေးဟာ မိန်းကလေးမို့
ပန်းလေးတစ်ပွင့်နဲ့ တင်စားလိုက်တော့မယ်
ညီမလေးရဲ့ခန္ဓာကိုယ်မှာ မာနကို ဆူးအဖြစ် ၀တ်ဆင်ထားရမယ်
ညီမလေးရဲ့အသားအရည်မှာ အတ္တဟာ ခပ်ထက်ထက် စိမ်းရင့်နေရမယ်
မျက်မှောင်လေးတစ်ချက်ကြုံ့လိုက်ရုံနဲ့
လောကတစ်ခွင်လုံး မှိုင်းညို့သွားစေဖို့ မဟုတ်ဘူး
နှုတ်ခမ်းလေးတစ်ချက်တွန့်ကွေးလိုက်ရုံနဲ့
လောကကြီးတစ်ခုလုံး သိမ်ငယ်ကျုံ့ဝင်သွားစေဖို့ မဟုတ်ဘူး
ညီမလေးဟာ ရဲရင့်ပေါ့ပါးစွာ မိန်းမပီသတတ်ဖို့ပါပဲကွယ်
လောကမာယာတွေက လှပလွန်းတော့ အရိပ်ကို ရန်သူထင်တတ်တယ်
ညီမလေးရဲ့ရင်ခုန်သံတွေ အမှောင်စွန်းမှာစိုးလို့ ဆူတဲ့ငေါက်တဲ့အခါ
အမေ့ကို ညီမလေး မျက်စောင်းထိုးမှာလား
ညီမလေးရဲ့သတင်းတွေ သေးနုပ်သိမ်ဖျင်းနေမှာစိုးလို့ လက်သီးလက်မောင်းတန်းမိတဲ့အခါ
အစ်ကိုတွေကို ညီမလေး နှုတ်လှန်ထိုးမှာလား
ညီမလေးရဲ့အိနြေ္ဒသိက္ခာ ပြောစရာမရှိအောင် တည်ငြိမ်နေရင်တောင်
မျက်လုံးဒေါက်ထောက်ကြည့်နေမယ့်ပါးစပ်ပေါက်တွေကနေ
ဘယ်လိုမှ ပြေးလို့ လွတ်မှာမဟုတ်ဘူး
ညီမလေးသာ ခြေတစ်လှမ်းမှားခဲ့ရင်
တစ်မိသားစုလုံးရဲ့ရာဇ၀င်တစ်ခုလုံး ချွတ်ချော်တိမ်းမှောက်ရလိမ့်မယ်
ညီမလေးရဲ့အလှတရားဟာ လည်ဟိုက်အင်္ကျီတွေထဲမှာ ရှိတယ်လို့
ဘယ်တော့မှ မတွေးလိုက်လေနဲ့
ညီမလေးရဲ့ဆွဲဆောင်မှုဟာ ဘောင်းဘီဖင်ကျပ်နဲ့စကတ်အကွဲတွေထဲမှာ ရှိတယ်လို့
ဘယ်တော့မှ မထင်လိုက်လေနဲ့
ပျော်ရွှင်မှုကို မူးယစ်သေစာနဲ့ ၀ယ်ယူနေတဲ့မြန်မာမိန်းကလေးတွေစာရင်းမှာ
ညီမလေးနာမည်ကို ကိုကြီး မဖတ်ချင်ဘူး
ရီဝေယိမ်းထိုးနေတဲ့ကိုယ့်ခန္ဓာကို ရမ္မက်ခိုးဝေမျက်လုံးတွေနဲ့ ထိုးစိုက်ကြမှာ
ညီမလေး မကြောက်ဘူးလား
ဒီအသက်ဒီအရွယ်မှာ ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်ဟာ ဘာဆိုတာ
ယောက်ျားတစ်ယောက်ရဲ့အယုအယဟာ ဘယ်လိုဆိုတာ
ညီမလေး တွေးကောင်း တွေးနေပါလိမ့်မယ်
ညီမလေးရေ . . .
ရင်ခုန်ပါ ချစ်ပါ ကိုယ့်ကိုယ်ကိုတော့ ဆွဲမနှစ်ဘူးမဟုတ်လား
နှမသားချင်းမစာနာတတ်သူတွေရဲ့အပြုံးဟာ မယုံကြည်နိုင်လောက်အာင် ချိုတတ်တယ်
သွေးသားကိုစုပ်ယူဝါးမြိုချင်သူတွေရဲ့အသံဟာ အံ့သြစရာကောင်းလောက်အောင် သာတတ်တယ်
ညီမလေး ဒူးထောက်ပြိုလဲတဲ့အခါ သူတို့ ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောကြလိမ့်မယ်
အယုံလွယ်သူ အရူးအမိုက်အရွယ်မို့ မြူဆွယ်ပွတ်သပ်ချင်သူတွေ
သစ်ခက်လို အစိမ်းချိုးရလွယ်တယ်ထင်ကြမယ်
တိမ်းမူးဖွယ်အနမ်းတွေကို သာယာမိန်းမောပြီး
အမှောင်စွပ်ကြောင်းရာနောက် တကောက်ကောက် ဘ၀သေခံမလား
ကမ္ဘာကြီးတစ်ခုလုံးပေးမယ်ဆိုရင်တောင် အပျိုစင်တန်ဖိုးနဲ့ မလဲလှယ်လိုက်ပါနဲ့ညီမလေးရယ်
ညီမလး သိရမယ်
ပြုံးနေတဲ့မျက်လုံးတွေရဲ့နောက်ကွယ်မှာ မြေခွေးစိတ်တွေ ရှိတယ်
ညီမလေး သိရမယ်
မျက်နှာဖုံးတွေဟာ အစစ်မဟုတ်ဘူး
ညီမလေး သိရမယ်
ညီမလေးကို ဆွတ်ခြွေလို့မရရင် ချဉ်တဲ့စပျစ်သီးလို့ ကင်ပွန်းတပ်ကြမယ်
ညီမလေး သိရမယ်
ရိုးသားတဲ့လူဟာ နောက်ကျောကို ဓားနဲ့ထိုးဖို့ လွယ်တယ်
ဒီနိုင်ငံ၊ဒီယဉ်ကျေးမှု အဆင့်ဆင့် တိုးတက်မြင့်မားဖို့
ညီမလေးမှာလည်း တာဝန်ရှိတယ်
ဒီမြေမှာ နေ၊ဒီရေကို သောက်ပြီး ဒီလူမျိုးကို လက်ညှိုးပြန်ထိုးချင်သူတွေကို
ညီမလေး တရားပြနားချပေးနိုင်မလား
သူများတကာတွေ ယောက်ျားတွေနဲ့ ဒူးတင်ပေါင်တင် ဖဲကစားနေချိန်မှာ
ညီမလေး ဘယ်လိုနေထိုင်မလဲ
သူများတကာတွေ ဒူးဖော်ပေါင်ဖော် နန့်ကြောဆွဲနေချိန်မှာ
ညီမလေး ဘာလုပ်မလဲ
ခေတ်ကာလကြီးက မကောင်းတော့
ညီမလေးကို သိုင်းသင်တန်းကျောင်း ပို့ချင်တယ်
ကိုယ့်ကိုယ်ကို ပန်းကောင်းတစ်ပွင့်အဖြစ် ယုံကြည်ရင်
အညွန်ချိုးလိုသူရမ္မက်ဘီလူးတွေအတွက် မီးလို တောက်လောင်နေရမယ်
ကိုယ့်ကိုယ်ကို မိန်းမကောင်းမိန်းမမြတ်တစ်ယောက်အဖြစ် တန်ဖိုးထားရင်
လက်ညှိုးထိုးချင်သူတွေ လက်ခုပ်တီးလာအောင် သိမ်မွေ့တတ်ရမယ်
ညီမလေး . . .
ဒါတွေဟာ အစ်ကိုတစ်ယောက် ပြောသင့်တဲ့စကား မဟုတ်ဘူး
ဒါတွေဟာ ညီမလေး မသိလို့မဖြစ်တဲ့အမှန်တရားတွေ ဖြစ်တယ်
ကိုသျှား
Comment #2
really perfect.
really admire ur good-will for the women,
really nice if u understand the women needs.
By: ei lay at May 2, 2012
Comment #3
ညီမလေးးးး ဘာကိုပဲ ယုံယုံ ဆူးပုံကိုတော့ မနင်းလိုက်ပါနဲ့ . . (ညီမလေးးတင်မဟုတ်ဘဲမမကြီးးပါဖတ်သွားတယ် . . 🙂 )
By: နတ်သမီး at May 3, 2012
Comment #4
အရမ်းကောင်းပါတယ်….
ညီမလး သိရမယ်
ပြုံးနေတဲ့မျက်လုံးတွေရဲ့နောက်ကွယ်မှာ မြေခွေးစိတ်တွေ ရှိတယ်
ညီမလေး သိရမယ်
မျက်နှာဖုံးတွေဟာ အစစ်မဟုတ်ဘူး
ညီမလေး သိရမယ်
ညီမလေးကို ဆွတ်ခြွေလို့မရရင် ချဉ်တဲ့စပျစ်သီးလို့ ကင်ပွန်းတပ်ကြမယ်
ညီမလေး သိရမယ်
ရိုးသားတဲ့လူဟာ နောက်ကျောကို ဓားနဲ့ထိုးဖို့ လွယ်တယ်
By: ဖူးမေ at May 4, 2012
Comment #5
အခုတစ်လော ညီမလေးကဗျာကောင်းတွေပဲ ဖတ်နေရတယ်။ ကောင်းလွန်း
By: Thet Twe at May 4, 2012
Comment #6
ကျနော်ညီမလေးကိုပေးဖို့ print ထုတ်သွားပြီ…. သိပ်ကောင်းတဲ့ကဗျာလေးတွေေ၇းနိုင်ပါစေ
By: ကိုငြိမ်း at May 5, 2012
Comment #7
ကိုသျှား….ကောင်းလွန်းနေတယ်နော်…
အကို…ကောင်းတယ်ဗျ..
By: poem.poem28 at May 5, 2012
Comment #8
ဘလော့ခ် မှာကွန်းမန့် ပေးရတာ နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်၊
ပြောချင်တာရှိလို့ အလုပ်ရှုပ်ခံပြီး ရေးပြောပါရစေ။
ကျေးဇူးတင်ပါတယ်
ဒါလေးပါ။
By: Zin Phyo Htet at May 6, 2012
Comment #10
ဒီအသက်ဒီအရွယ်မှာ ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်ဟာ ဘာဆိုတာ
ယောက်ျားတစ်ယောက်ရဲ့အယုအယဟာ ဘယ်လိုဆိုတာ
ညီမလေး တွေးကောင်း တွေးနေပါလိမ့်မယ်
ညီမလေးရေ . . .
ရင်ခုန်ပါ ချစ်ပါ ကိုယ့်ကိုယ်ကိုတော့ ဆွဲမနှစ်ဘူးမဟုတ်လား
By: May Kha at May 6, 2012
Comment #12
အင်းမင်းရေးထားတဲ့အတိုင်းလိုက်နာစေချင်တယ်
ဒါပေမယ့်အချစ်ကိုတန်ဖိုးမထား
ဆော့ကစားနေတဲ့ကောင်မလေးတွေကို
မင်းသတိပြုစေချင်တယ်လေ
ကောင်မလေးတွေရဲ့အချစ်က
စည်းစိမ်ဥစ္စာလား
ဂုဏ်လား
ဘာတွေလဲဒါပေမယ့်ကိုယ့်ကိုယ်ကိုတန်ဖိုးမထားကြတဲ့ကောင်မလေးတွေကဘာတွေလဲ
ကိုမင်းပြည့်ဖြိုးရေ . . .
ကျေးဇူးပြုပြီး ဒီကဗျာလေးကို တစ်ခေါက်လောက် သေသေချာချာ ပြန်ဖတ်ကြည့်ပြီး
အကို့ရဲ့မေးခွန်းတွေကို ကိုယ်တိုင်ပြန်ဖြေကြည့်လိုက်ပါလား
အဲဒါဆိုရင် အကို့ရင်ထဲမှာ တင်းနေတာတွေ ပြေသွားမယ်ထင်တယ်
ညီမလေးရှိတဲ့အကိုတွေရဲ့ခံစားချက်ကို အကို နားလည်တတ်လိမ့်မယ်လို့
ကျွန်တော် ယုံကြည်ပါတယ်
လေးစားစွာဖြင့် . . .
ကိုသျှား
By: ကိုသျှား at May 7, 2012
Comment #13
အကိုအမျိုသားရေးတပုဒ်လောက်လုပ်ကြည့်ပါလား
တပုဒ်ထဲနဲ့ကြွေသွားပြီကလောင်ထက်တယ်
ကဗျာတဖက်စီးပွားရေးတဖက်လုပ်ပါလား
စောဝေလိုပေါ့
By: nayzaw at Aug 10, 2013




Comment #1
အံ့မခန်းပါပဲလား မှော်ဆရာရယ်………….