Professional Authors

သေသည့်တိုင်အောင်ချစ်မယ်

အချိန်နဲ့ နာရီများ
ဒဏ်ရာတွေကို
တကယ်များကုစားသလား?
ငါ့ရင်ထဲက နာကျင်မူ
ယနေ့တိုင်ရှိဆဲလေ
မြစ်ထဲကျခဲ့ရင်တောင်
လှေငယ်ရှိကောင်းရှိမယ်
ရေတွင်းထဲကျခဲ့ရင်လည်း
ကြိုးရှိကောင်းရှိနေဦးမယ်
မင်းရဲ့ အချစ်ကျော့ကွင်းထဲ
ကျသွားခဲ့တဲ့ငါ
မျှော်လင့်ချက်တောင်
မရှိတော့ပါဘူးလေ။

ဒီလိုနဲဘဲငါ
ရှေ့ဆက်လာခဲ့တယ်
၁၀စုနှစ်ကျော်လို့
၂၀စုနှစ်ထဲ
ငါဟာ လွှမ်းနေဆဲပါ
သတိရမူ့တွေရှိနေဆဲပါ
ဂရုစိုက်မူ့တွေလည်း
ပေးချင်တုန်းပါ
အကယ်၍များ
ဒီကမ္ဘာလောကထဲ
၁၀ယောက်လောက်များ
မင်းကိုဂရုစိုက်နေရင်
ငါတစ်ယောက်အပါအဝင်ပေါ့
၎ယောက်လောက်များ
ဂရုစိုက်နေသေးရင်လည်း
ငါဟာပါဝင်မြဲပါဘဲချစ်သူ
တကယ်လို့
တစ်ယောက်မှမင်းကို ဂရုမစိုက်တော့ရင်
ဒီလောကကြီးထဲမှာ
ငါမရှိတော့လို့ပါချစ်သူ။

ဒါကိုတော့အပြစ်မယူလိုက်ပါနဲ့
သေပြီးနောက်ဘဝရယ်
ဘာတွေဖြစ်နိုင်မယ်မသိနိုင်လို့
သေသည့်တိုင်အောင်တော့
ချစ်နေဦးမှာပါ။

In: ကဗျာ Posted By: Date: Dec 18, 2010
Comment #1

ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး. အရမ်းကောင်းပါတယ်

Comment #2

ရှယ်ပဲ ကေအက်(စ်)အိုရေ … အားပေးနေတယ်..။

commentinfo By: နှောင်းလူ at Dec 18, 2010
Comment #3

ဒီကမ္ဘာလောကထဲ
၁၀ယောက်လောက်များ
မင်းကိုဂရုစိုက်နေရင်
ငါတစ်ယောက်အပါအဝင်ပေါ့
၎ယောက်လောက်များ
ဂရုစိုက်နေသေးရင်လည်း
ငါဟာပါဝင်မြဲပါဘဲချစ်သူ
တကယ်လို့
တစ်ယောက်မှမင်းကို ဂရုမစိုက်တော့ရင်
ဒီလောကကြီးထဲမှာ
ငါမရှိတော့လို့ပါချစ်သူ။

စာလုံးတွေ က လန်ထွက် နေတာပဲ ဗျို… သုံးထားတာ မိုက်တယ် ဗျာ…. ကောင်းတယ် အားပေးသွားတယ်

commentinfo By: genius.jinx28 at Dec 18, 2010
Comment #4

တစ်ယောက်မှမင်းကို ဂရုမစိုက်တော့ရင်
ဒီလောကကြီးထဲမှာ
ငါမရှိတော့လို့ပါချစ်သူ။

commentinfo By: နရီထက် at Dec 19, 2010
Comment #5

လာလည်သွားတယ် ကဗျာလေးကို
၃ မိနစ် အချိန်ယူ ဖတ်သွားတယ်ဗျ
တော်တော်ကောင်းတယ်ဗျာ ဟတ်ထိသွားတယ်

commentinfo By: မင်းခန့်သူ at Dec 21, 2010
Comment #6

oh,,,,,,,,,,,kwat ti pe kwar.
mike de…
a yan a g g ko heart hti twar p

commentinfo By: ei lay at Dec 30, 2011
Comment #7

3 time read again par

commentinfo By: ei lay at Jan 10, 2012
Comment #8

Lone wa kwat ti be.
Super like.

commentinfo By: ei lay at Dec 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment