Professional Authors

မခမ်းနားတဲ့ အလွမ်း

အကယ်၍
ဖွာထုတ်လိုက်တဲ့
စီးကရက်အငွေ့တွေလို
လွတ်လွတ်လပ်လပ်လေး
ပျံသန်းခွင့်ရှိမယ်ဆိုရင်…

အကယ်၍
လွင့်မျှောနေတဲ့
တိမ်တိုက်တွေလို
လွတ်လွတ်လပ်လပ်လေး
ပျံသန်းခွင့်ရှိမယ်ဆိုရင်…

အကယ်၍
မိုင်ပေါင်းများစွား ခရီးနှင်
ကုန်ပေါင်းများစွာ သယ်ဆောင်နိုင်ပြီး
ရောက်ရာအရပ်မှာ ကျောက်ချနိုင်တဲ့
သင်္ဘောမျိုးဖြစ်ခွင့်ရမယ်ဆိုရင်

သေချာပါတယ် ချစ်သူ
ကိုက အချစ် အလွမ်းတွေ
တထုပ်တပိုးနဲ့
မင်းရှိတဲ့အရပ်ကိုပျံသန်း
မင်းရှိနေတဲ့ ခရီးစခန်းမှာ ကျောက်ချပြီး
ငါ့ရဲ့အတောင်ပံတွေကိုရိုက်ချိုးပစ်မိလိမ့်မယ်…

ဒါက ကို့ရဲ့
မခမ်းနားတဲ့ အလွမ်းတွေထဲက
လူမသိသူမသိအလွမ်းလေးတခုအကြောင်း

In: ကဗျာ Posted By: Date: Oct 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment