Professional Authors

အကယ်၍သာ

ကဗျာတစ်ပုဒ်ရဲ့ ခြေရာတွေဟာ
ထင်ဟက်မှုအတွက် ခံစားချက်လား..
ဖွင့်ဟချက်လား မသိနိုင်ခဲ့
အကယ်၍သာ ဖြစ်နိုင်မယ်ဆိုရင်
အဓိပ္ပာယ် ဖော်လိုက်ချင်ရဲ့…။

ပေါက်ကွဲမှုတိုင်း ခံစားချက်ဖြစ်
လွဲချော်မှုတွေလည်း များလွန်းလို့
အတိက်တွေလည်း မေ့မျောရင်း
အခြေခံ ကဗျာတစ်ပုဒ်ပေါ်မှာ
ရင်တွင်းဖြစ်တွေ ရေးထုတ်ချင်တယ်..
အကယ်၍သာ လမ်းဖွင့်ပေးခဲ့ရင်ပေါ့…။

စိတ်ဓာတ်တွေ မြင့်တင်ဖို့
ဘဝခြေလှမ်းစ နယ်ပယ်မှာ
အတွေးအခေါ်တွေ နုနယ်လွန်းလို့
တွဲခေါ်မည့် လူငယ်တွေကို
ခြေလွန်မမိခင် ထိန်းသိမ်းရင်း
လွတ်လပ်ခြင်းရဲ့ တိုးတက်ခြင်း
တူညီအောင်ဖန်တီးလို့ ညွန့်မောင်းဖွဲ့စည်း
အကယ်၍သာ လာလမ်းဖြောင့်ခဲ့ရင်ပေါ့…။

ပွင့်လင်းရာသီ ရောက်ရှိတဲ့
ဒီကာလတွင်းမှာ လုပ်သင့်တာကို
ကိုယ်ဆီကိုယ်ဆီ လုပ်ကိုင်ရှာဖွေရင်း
မနက်ဖြန် တိုးတက်လာမည့်
အာရုဏ်ဦးမှာ အပြုံးပန်းတွေနဲ့
ကြိုဆို ဂုဏ်ပြုရင်း
သမိုင်းတွင်မဲ့ အပြုံးတွေကို
နှစ်ဆဲ့တစ် ကဗျာထဲမှာ
မော်ကွန်းတင် ဆိုင်းထိုးလိုက်ချင်တယ်
အကယ်၍သာ ရရှိလာရင်ပေါ့..။

အတိက်သမိုင်းတွေ ရပိုင်ခွင့်တွေ
ရေးပိုင်ခွင့်တွေ သမိုင်းဆရာတွေ
အခွင့်ရေးတစ်ခု ရရှိဖူးခဲ့
နောက်ဆုံးတော့ စာ ခြောက်ရုပ်က
သမိုင်းဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ
ပေးဆပ်လိုက်ရလို့ သူ့ရဲ့အောက်မှာ
ဒဏ်ရာတွေ ရရှိဖူးတယ်
အကယ်၍သာ နှစ်ဆဲ့တစ် ရာစု
ခရီးအစမှာ သမိုင်းတစ်ပုဒ်က
အရေးအသား မမှားခဲ့ရင်ပေါ့..။

အကယ်၍သာ အကယ်၍သာ
သူသာ လုပ်ပေးနိုင်ခဲ့ရင်…
သိပ်ကောင်းမှာပဲ

အကယ်၍သာ အကယ်၍သာ
သူသာ စွမ်းနိုင်ခဲ့ရင်….
သိပ်ကောင်းမှာပဲ

အကယ်၍သာ အကယ်၍သာ
သူသာ အမိဖြစ်ခဲ့ရင်..
သိပ်ကောင်းမှာပဲ

အကယ်၍သာ အကယ်၍သာ
သူသာ ပြောင်းလွဲပေးနိုင်ခဲ့ရင်…
သိပ်ကောင်းမှာပဲ

အကယ်၍သာ အကယ်၍သာ
သူသာ သမိုင်းတစ်ပုဒ် ဖြစ်ခဲ့ရင်..
သိပ်ကောင်းမှာပဲ..

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment