Professional Authors

ကံဆိုးမ (မနော်ဟရီ)

နေမြင့်ရာအရပ်ကကြည့်လိုက်ပြန်တော့
ရူးသွပ်မှုတွေက ရင့်ရော်နွမ်းခြောက်နေခဲ့။

အထားအသိုမှားခဲ့သော စိတ် များ
အနာအကြားလွဲခဲ့သော အနာဂါတ် များ
တံခါးခပ်စေ့စေ့ သဏ္ဍာန် ပန်းချီကားချပ်အဆန်းများ
အာရုံဟာ တစ်လမ်းတည်းသွားခဲ့လို့မရပြန်ဘူး

ချစ်ခြင်းမေတ္တာ၏ မရဏကျမ်းဆိုလား
အား..ကနဲထပျံသွားတဲ့ကျီးကန်းကြီးက
ခါးသက်သောအငွေ့အသက်များနဲ့
ခပ်အက်အက်ရယ်သွမ်းသွေးသွားသေး..

စိတ်တံခါးချပ်တွေကိုခပ်တင်းတင်းပိတ်ပစ်လိုက်တဲ့အခါ
ကမ္ဘာဟာမှောင်အတိကျ…
ဒါဏ်ရာအနာတရတွေက ပြာကျသွားခဲ့ကြတယ်
တကယ်ဆို ထင်သလောက်မလွယ်ခဲ့ကြပါဘူး
သစ်ပင်လေးတစ်ပင်အမြစ်တွယ်တာကအစ နာကျင်ခဲ့ကြရတာပဲ
ခွဲခွာသွားကြတဲ့အခါ..အရာရာဟာ ကျောက်ဖြစ်သွားမယ့်သက္ကရာဇ်တွေမှာလို့
ဘယ်သူက အာမခံထားခဲ့လို့တုန်း။

တစ်လမ်းတည်းသွားနှင့်ကြပါ
တစ်နေရာမှာတော့ဆုံကောင်းရဲ့
လူမှန်းမသိတော့တဲ့ကံကြမ္မာနဲ့
ငါတို့က ဘာကိုဆက်ဆွေးနွေးလို့ရမတဲ့လဲ

အဝါတွေနည်းနည်းလျှော့ပါ အဖြူရောင်များများပေးပါ
ဒါဏ်ရာတွေက ပတ်ကြားတွေအက်လို့
(မာနဆိုတဲ့ဓါတ်ချို့တဲ့လို့လေ..)
လိပ်စာမှားတံခါးခေါက်မိနေသော ကံတရားကလည်း
ငါ့ဆီပြန်လှည့်မလာတော့…

ရစ်တာစကေးခပ်များများနဲ့
နှလုံးသားရပ်ဝန်းတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုန်
အတောင်မစုံနိုင်သေးတဲ့ မြို့ရိုး
နှင်းစက်တွေကဝေဝင်းဝိုးဝါးလို့…။

ညို့တက်လာသောမျက်ရည်တိမ်ရိပ်များ
လေနှင်ရာလွင့်ပါးသွားနှင့်ကြပါ
မိုးကြီးရွာပြီဆိုမှဖြင့် အဲဒီနေရာမှာ
ငါရှိနေပါလိမ့်မယ်။ ။

မနော်ဟရီ

ဆရာမ အစ်မ မနော်ဟရီ ရဲ့ http://www.the-art-of-manorhary.com မှာဖတ်ဖူးတာပါ။

Comment #1

အဝါတွေနည်းနည်းလျှော့ပါ အဖြူရောင်များများပေးပါ
ဒါဏ်ရာတွေက ပတ်ကြားတွေအက်လို့
(မာနဆိုတဲ့ဓါတ်ချို့တဲ့လို့လေ..)
လိပ်စာမှားတံခါးခေါက်မိနေသော ကံတရားကလည်း
ငါ့ဆီပြန်လှည့်မလာတော့…
ဲဖြိုးရေ………ကျေးဇူးတင်ပါတယ်……ခုလိုကဗျာကောင်းလေးတွေဖတ်ရလို့……

commentinfo By: May Kha at Jul 6, 2011
Comment #2

ညို့တက်လာသောမျက်ရည်တိမ်ရိပ်များ
လေနှင်ရာလွင့်ပါးသွားနှင့်ကြပါ
မိုးကြီးရွာပြီဆိုမှဖြင့် အဲဒီနေရာမှာ
ငါရှိနေပါလိမ့်မယ်။ ။

commentinfo By: yaewintaung at Oct 30, 2011
Comment #3

ညို့တက်လာသောမျက်ရည်တိမ်ရိပ်များ
လေနှင်ရာလွင့်ပါးသွားနှင့်ကြပါ
မိုးကြီးရွာပြီဆိုမှဖြင့် အဲဒီနေရာမှာ
ငါရှိနေပါလိမ့်မယ်။ ။
တော်လိုက်တာ အမရယ်

commentinfo By: အသဲကွဲမိုး at Aug 13, 2012
Comment #4

ဆရာမရဲ့ကဗျာတွေက တာရာမင်းဝေရဲ့ကဗျာတွေလိုပဲ တခါတလေ နက်ရှိုင်းလွန်းတော့ ဖမ်းမရဘူး။ဒါပေမဲ့ ဆန်းသစ်မှုတော့ ရှိတာသတိထားမိတယ်။

commentinfo By: lighthunter at Dec 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment