Professional Authors

ငါရတဲ့ဘဝ

ခြောက်ကပ်ကပ် နေ့စွဲတစ်ရက် 

စိုထိုင်းထိုင်း နာရီတွေနဲ့ 

ငါ့ရင်ထဲက မုန်တိုင်းတွေ။  

ညစ်စုတ်စုတ် လမ်းမထက်မှာ 

ခပ်မိုက်မိုက် ခြေလမ်းတွေနဲ့ 

နှလုံးသားထဲက ခံစားချက်တွေ။  

လေညင်းတွေ မျှော်နေလည်း 

ခပ်ထန်တဲ့ ကောင်းကင်အောက်မှာ 

ငါ့မျက်ရည်တွေ ကျရှုံးဆဲ။  

မလှပနိုင်တော့တဲ့ ငါ့ခံစားချက်တွေ 

မင်းမသိနိုင်တော့တဲ့ ငါ့ခံစားချက်တွေမှာ 

မင်းမရှိနိုင်တော့ပေမဲ့ မင်းပါနေဆဲပဲ။ 

မင်းရတဲ့ ဘဝမှာပဲ ပျော်နေပါစေ။ 

ငါရတဲ့ ဘဝမှာတော့ မပျော်နိုင်တော့ဘူးလေ။

In: ကဗျာ Posted By: Date: Sep 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment