Professional Authors

တစ်ကွက် ကာတွန်းတစ်ပုဒ်လို ကြာရင် အိုဇုန်းလွှာ ကို သတိရကြလိမ့်မယ် . . . .

တောမီးတွေ လောင်ပြန်ပြီတဲ့ . . . .
အသိဥာဏ် မရှိတဲ့ တောနေသတ္တ၀ါ တွေ အတွက်
ကြယ်ငါးပွင့် ဟိုတယ်ရဲ့ လေးအေးပေးစက်က
စမ်းရေ လောက် ဘယ်အေးမြမလဲ . . . . ။

မြို့လေးတွေ မှာ မုန်တိုင်းတွေ တိုက်ပြန်ပြီတဲ့ . . . .
ဆင်းရဲသား လူတန်းစား နဲ့ အခြေခံ လူတန်းစား အတွက်
ဘယ်နေရာ မှာ အရိပ်ခိုစရာ ရှိမလဲ . . . .
ရောက်လာမယ့် မိုးရာသီ အတွက်
ဘယ်နေရာ မှာ မိုးခိုမလဲ . . . . ။

ဟေတီ နိုင်ငံလေးမှာ
ငလျင် လှုပ်ပြန်ပြီ တဲ့ . . . .
နိုင်ငံ တစ်နိုင်ငံ ရဲ့ ပြည်သူတွေ
ဘယ်လို အပြစ် မရှိစွာ သေဆုံးခဲ့သလဲ . . . . ။

နယ်မြို့တွေမှာ ရေတွေ ခန်းပြန်ပြီတဲ့ . . . .
အ၀ီစိတွင်း စိတ်ကူးမပေါ်ခဲ့ရအောင်
သဘာဝ ရဲ့ ရေတွေအကုန်
ဘယ် မာရ်နတ် က သောက်သုံးသွားခဲ့သလဲ . . . . ။

မြောက်ဝင်ရိုးစွန်းမှာ
ရာစုနှစ် ပေါင်းများစွာ က ရေခဲကျောက်ဆောင်တွေ
ဘယ် မကောင်းဆိုးဝါးက မြေတူးစက် နဲ့ ဖြိုချလို့
အစဉ်အလာ မရှိ ရေခဲတွေ ဘာလို့ အရည်ပျော်နေရတာလဲ . . . . ။

ငါတို့ရဲ့ လှပတဲ့ လက်ရှိဘ၀ ဟာ
ဖောက်လွဲ ဖောက်ပြန် ဖြစ်နေတဲ့ ရာသီဥတု ကြောင့် ဦးကျိုးနေရတယ် ။

ငါတို့ရဲ့ နိစ္စဓူဝ နေထိုင်မှုဟာ
ဖောက်လွဲဖောက်ပြန် ဖြစ်နေတဲ့ ရာသီဥတုကြောင့်
ချွေးနဲ့ ရေချိုးနေရတယ် ။

ငါတို့တွေဟာ ငါတို့နေထိုင်မှု အတွက်
ကောင်းသည် ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ
ငါတို့ နေထိုင်ရာ ကမ္ဘာကြီး အတွက်
ထီး ဆောင်းပေးကြရအောင် . . . . ။

အနည်းဆုံးပေါ့ . . . .
ငါတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ သင်ရိုးအတိုင်းလို
ရေခဲသေတ္တာတံခါး ကိုတောင်
အလွယ်တကူ မဖွင့်ထားရအောင် . . . . ။

In: ကဗျာ Posted By: Date: May 16, 2010  
Comment #1

ငါတို့တွေဟာ ငါတို့နေထိုင်မှု အတွက်
ကောင်းသည် ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ
ငါတို့ နေထိုင်ရာ ကမ္ဘာကြီး အတွက်
ထီး ဆောင်းပေးကြရအောင် . . . . ။

🙂 NICE!

commentinfo By: John Moe Eain at Jul 15, 2010
Comment #2

ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွက်ရေးထားတာအားလုံးတွက်သတိထားစရာပါ…….

commentinfo By: May Kha at Feb 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment